အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ

အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက သိပ်ကိုအရေးကြီးတယ်နော်။ ဒီလိုမျိုး မိန်းမကိုယ်သန့်ရှင်းပြီး အနံ့အသက်ကင်းကင်းနဲ့ ကျန်းမာနေဖို့ဆိုရင် အတွင်းခံကို မှန်ကန်စွာ ဝတ်ဆင်တတ်ဖို့နဲ့ မိန်းမကိုယ်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ မိန်းမကိုယ် ကျန်းမာစေဖို့ အတွင်းခံတွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်ကြမလဲ ဆိုတော့ ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်က အမြဲလိုလို စိုစွတ်နေတတ်ပြီး ထိခိုက်ယားယံဖို့ လွယ်ကူလွန်းတာကြောင့် အတွင်းခံတွေကိုရွေးတဲ့အခါ ပါးလွှာပြီး ချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံတွေကိုရွေးချယ်သင့်ပါတယ်။ တစ်နေကုန် အပြင်သွားလာရလို့ အဲ့နေရာမှာ ချွေးတွေအရမ်းထွက်လာရင်လည်း ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုး ဖြစ်တတ်ပါတယ်။ နိုင်လွန်၊ စပန့်သားနဲ့ လုပ်ထားတဲ့ အတွင်းခံတွေကတော့ လေဝင်လေထွက်ရခက်သလို အပူကို အထဲမှာအောင်းထားသလို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား

အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား ။ ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း

ဒီတစ်ခေါက်မှာတော့ မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း က ဘာကြောင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အများဆုံး သုံးကြတာက ဆပ်ပြာနော်။ အစားမစားခင်၊ အစာအစာတွေ မပြင်ခင်၊ အိမ်သာအဆင်း၊ ညစ်ပေတာတွေ ကိုင်ပြီးရင် သန့်စင်အောင် ဆိုပြီး ဆပ်ပြာသုံးပြီး ဆေးလိုက်တယ်နော်။ ဒီလို ဆေးလိုက်တာက ဘက်တီးရီးယားတွေကို သေစေနိုင်သလို အနံ့ဆိုးတွေကိုလည်း ကင်းသွားစေတယ်နော်။ လန်းဆန်းမွှေးပျံ့မှုနဲ့အတူ ယုံကြည်မှုပါ တိုးသွားစေတယ်ဟုတ်။ ဒီလိုဆိုတာနဲ့ ဆပ်ပြာကို ခန္ဓာကိုယ် အစိတ်အပိုင်း အကုန်လုံးအတွက် သုံးလို့ရပြီလို့ မထင်စေချင်ပါဘူးနော်။ မြင်သာအောင် ပြောပြရရင် ဆံပင်တွေ သန့်စေဖို့ ခေါင်းလျှော်ရည်၊ သွားနဲ့ခံတွင်း အတွက်က သွားတိုက်ဆေးတို့ သုံးရတယ်နော်။ ဒါဆိုရင်လေဒီလေးတို့ ကျန်းမာပျော်ရွှင်ဖို့ အရေးပါတဲ့ မိန်းမကိုယ်လေးအတွက်ကရော ဘာနဲ့ ဆေးကြောရမလဲ။ ဒါလေးများ ရှည်ရှည်ဝေးဝေး တွေးနေတယ်။ သူလည်း […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

မိန်းကလေးတွေမှာ မလှရင်တောင် သပ်သပ်ရပ်ရပ်လေးနေတတ်တာကလည်း သူတို့လေးတွေကို ကျက်သရေတိုးစေတဲ့အချက်ပါ။ ဒီအချက်တွေအပြင် မမွှေးရင်တောင် အနံ့အသက်ဆိုးတွေကင်းနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်က နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။ ဒီတော့ လေဒီလေးအခုတွေးနေတာက ကိုယ့်ကိုကိုယ် အနံ့အသက်ဆိုး ကင်းစေဖို့လား။ ဟုတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု  ကို ပြောပြထားပေးတာကြောင့် ဆက်ကြည့်ရအောင်လား။ မိန်းမကိုယ်ကို အနံ့အသက်ဆိုး ထွက်နိုင်တဲ့နေရာတွေ လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့ ခေါင်းချွေးနံ့ ခံတွင်းအနံ့ဆိုး ချိုင်းချွေးနံ့ ခန္ဓာကိုယ်ချွေးနံ့ မိန်းမကိုယ် အနံ့အသက်ဆိုး ခြေဖဝါးကထွက်တဲ့ အနံ့အသက်ဆိုးတွေပဲ ဖြစ်ပါတယ်။ အနံ့အသက်ဆိုးတွေကို နှိမ်နှင်းဖို့ မဖြစ်မနေလုပ်ရမှာက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်နေအောင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဂရုစိုက်ပေးရမှာကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ ဒီလိုဂရုစိုက်ရာမှာ မှားယွင်းလုပ်မိတာတွေရှိနိုင်ပါတယ်။ အစဉ်အလာအရ ယုံကြည်လက်ခံလာတဲ့ မှားယွင်းတဲ့အချက်အလက်တွေရှိတယ်။ အခြားအရာတွေထက် မိန်းမကိုယ်သန့်ရှင်းရေးက အမှားခံလို့မဖြစ်ပါဘူး။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။

ကိုယ်ပေါ်က အရာတွေ အားလုံးမှာ ကိုယ်ပိုင်အနံ့တွေရှိတတ်ကြပါတယ်။ ခံတွင်းနံ့၊ ကိုယ်သင်းနံ့၊ ဆံပင်နံ့ စတာတွေလိုပဲ မိန်းမကိုယ်မှာလည်း အနံ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊သွေးဆုံးချိန်၊ ကျန်းမာရေး အခြေအနေနဲ့ စားသောက်မှုပုံစံ တို့နဲ့လိုက်ပြီး အနံ့တွေက ပြောင်းလဲနေတာပါ။ ဒီလို အနံ့တွေ ပြောင်းလဲနေတဲ့ မိန်းမကိုယ်မှာ အနံ့ ၇ မျိုးတောင်ရှိတယ်ဆိုရင် အံ့သြသွားမလား ။  ဒီတစ်ခေါက်တော့ မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို ဖြေရှင်းကြမလဲ ။ ။ ကဲ .... မိန်းမကိုယ်က ထွက်တဲ့ အနံ့ ၇ မျိုးနဲ့ သူတို့ကို ဘယ်လို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ။

တစ်ခါမှ လိင်ဆက်ဆံဖူးခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးဆုံး လိင်ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ပုံမှန်လို့ ဆိုရပေမယ့် အိမ်ထောင်ကျတာလည်း ကြာပြီ။ အရင်တုန်းကတော့ဘာမှမဖြစ်ဘဲ ခုရက်ပိုင်းမှ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဆိုရင်တော့ စိုးရိမ်တတ်ကြတာ သဘာဝပါ။ ဘာများဖြစ်လို့လဲ။ ကိုယ်ဝန်ပျက်ကျတာလား၊ ရာသီလာနေတာလား၊ ကင်ဆာလားဆိုပြီး တွေးရခက်တဲ့ မေးခွန်းပေါင်းများစွာ ဝင်လာပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ကိုပြောပြပေးမှာပါ။ ဒါတွေကို သိထားတော့ ကိုယ်ဖြစ်နေတာနဲ့ ဘာနဲ့ ကိုက်ညီလဲဆိုတာသိရပြီး စောစော ကုသမှုခံယူလို့ရတာပေါ့။ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ။ အမျိုးသားနဲ့ အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ( ၁ ) ဟော်မုန်းပါတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

မိန်းကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်ကျန်းမာရေးဆိုတာ လုံးဝကို ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ မိန်းမကိုယ်ပိုးဝင်တာ၊ ယားယံပြီး အနံ့ဆိုးထွက်တာတွေကနေ ကာကွယ်ဖို့အတွက် သန့်စင်ပေးရုံတင်နဲ့တင် မပြီးသေးပါဘူး။ မိန်းမကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွင်းခံ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ ဒီတော့ မိန်းမကိုယ် ကျန်းမာရေးအတွက် ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်များ မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေကတော့ ( ၁ ) ချည်သား အတွင်းခံ ကို ဝတ်ဆင်ပါ ။ ။ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကလည်း အောက်ဆီဂျင်ရရှိဖို့ လိုအပ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။

အမျိုးသမီး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို ဂရုစိုက် ရတဲ့ အရာတစ်ခုပါ။ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ မိန်းမကိုယ်အပြင်ပိုင်းကို သန့်စင်ဆေးကြောရတယ်။ မိန်းမကိုယ် ပိုးဝင်တာ မဖြစ်ဖို့ အတွင်းခံကို မှန်မှန်လဲပေးရတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲကတောင် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်လေးတွေ ထွက်လာခဲ့ရင် ခေါင်းကြီးသွားတတ်ကြတာ မိန်းကလေးတိုင်းပါ။ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ ပေါ်လာတဲ့ ကိစ္စက စိုးရိမ်ရလား။ သားဖွားမီးယပ်ဆရာဝန်တွေ ပြောပြချက်အရတော့ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်လေးတွေ စမ်းမိတိုင်း ကင်ဆာကို စိတ်ပူစရာ မလိုပါဘူး။ မိန်းမကိုယ်က အလုံးအကျိတ်တွေဟာ များသောအားဖြင့် ယာယီလောက်သာဖြစ်တတ်ပြီး သူ့ဘာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်တွေပေါက်လဲဆိုတာ သိထားရင် ပိုကောင်းတာပေ့ါ။ မိန်းမကိုယ်နှုတ်ခမ်းသားမှာ အဖုအကျိတ်အလုံး လေးတွေ စမ်းမိတာ ဘာကြောင့်လဲ။ ( […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။

မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့ မိတ်ကပ် တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်က အနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့် မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲပေါ့ဆမိလိုက်တဲ့အခါ မိန်းမကိုယ်ယားယံပြီး လူကြားထဲ ကုတ်ရဖဲ့ရခက်တဲ့အပြင် ညညဆိုလည်း အိပ်ပျော်နေရင်း မသိစိတ်က ကုတ်မိတော့ မနက်ကျ စပ်နေတာ အဖြူဆင်းလွန်းပြီး စိုစိစိုစိနဲ့ သက်တောင့်သက်သာ မရှိတာ အနံ့ဆိုးတွေထွက်နေတာ နဲ့ ပိုးဝင်ပြီး ရောင်နေလို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ ဒီလို မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

ဟိုးခေတ်တုန်းကလိုရေချိုးရင် ဆပ်ပြာနဲ့ တစ်ကိုယ်လုံးတိုက်ပစ်တာ(ခန္ဓာကိုယ်အောက်ပိုင်းအပါအဝင်)၊ သန့်စင်ခန်းထဲမှာ ဆပ်ပြာတုံးထားထားတာမျိုး လုပ်နေတုန်းလား။ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာတွေနဲ့ သန့်စင်တဲ့အခါနေရတာ တစ်မျိုးမဖြစ်မိဘူးလား။ သန့်ရှင်းသွားတာပဲလို့ ပထမတော့ထင်မိမှာပေါ့။ ဒါပေမယ့် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါဆို ခြောက်တောက်တောက်နဲ့နေရခက်သလို၊ ယားသလိုလို တစ်မျိုးတော့ဖြစ်လာမှာပါပဲ။ ဆပ်ပြာတွေမှာက ဘက်တီးရီးယားသေစေဖို့၊ အနံ့မွှေးဖို့၊ အညစ်အကြေးတွေသန့်စင်နိုင်ဖို့၊ အရောင်လှဖို့၊ တာရှည်ခံဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်အသားအရေအတွက် ထုတ်လုပ်တာမို့ အဆင်ပြေနိုင်ပေမယ့် အဲဒီနေရာတွေထက် ပိုနုနယ်တဲ့ မိန်းမကိုယ်အတွက်တော့ အသုံးပြုဖို့မသင့်တော်ပါဘူး။ ဒီနေရာမှာ ကယ်တင်ရှင်ဝင်လာတာက ခုနောက်ပိုင်းဈေးကွက်မှာ သုံးလာကြတဲ့အမျိုးသမီးသန့်စင်ဆေးရည်ပဲဖြစ်ပါတယ်။ သတိထားဖို့က ဆပ်ပြာတော့မသုံးဘူး သန့်စင်ဆေးရည်ဝယ်သုံးမယ်ဆိုလည်း အရွေးမှားခဲ့ရင် ဆပ်ပြာထက်တောင် ပိုဆိုးသွားနိုင်တယ်နော်။ အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ (၁) အရောင်တု၊ ဓာတုပစ္စည်း၊ ဆပ်ပြာ မပါတာပဲကောင်းပါတယ် သေချာကြည့်ပါ။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း