backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

မိန်းကလေးတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်ကျန်းမာရေးဆိုတာ လုံးဝကို ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ မိန်းမကိုယ်ပိုးဝင်တာ၊ ယားယံပြီး အနံ့ဆိုးထွက်တာတွေကနေ ကာကွယ်ဖို့အတွက် သန့်စင်ပေးရုံတင်နဲ့တင် မပြီးသေးပါဘူး။ မိန်းမကိုယ်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အတွင်းခံ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။ ဒီတော့ မိန်းမကိုယ် ကျန်းမာရေးအတွက် ဘယ်လို အတွင်းခံမျိုးက အသင့်တော်ဆုံးလဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်များ

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်တွေကတော့

( ၁ ) ချည်သား အတွင်းခံ ကို ဝတ်ဆင်ပါ ။ ။

အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကလည်း အောက်ဆီဂျင်ရရှိဖို့ လိုအပ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကို ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နူးညံ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ် အရေပြားကို ကာကွယ်ပေးနိုင်ရုံမက ပူအိုက်လို့ ထွက်တဲ့ချွေးတွေကို ချည်သားအတွင်းခံက စုပ်ယူပေးဦးမှာပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

( ၂ ) အတွင်းခံကို တစ်နေ့တစ်ခါ လဲဝတ်ပါ။ ။

ကျန်းမာတဲ့ မိန်းမကိုယ်ဆို စိုစွတ်ပြီး အနံ့မနံတဲ့ အချွဲလေးတွေ ဆင်းတတ်တာကြောင့် တစ်နေ့တာဝတ်ဆင်တဲ့အတွင်းခံမှာ ပေနေတတ်ပါတယ်။ ဒါကို တစ်နေ့တစ်ထည် မလဲဘဲ ပြန်ဝတ်တဲ့အခါမှာ မိန်းမကိုယ် ပိုးဝင်ဖို့ အခွင့်အလမ်း ပိုများသွားနိုင်ပါတယ်။

( ၃ ) အိပ်ရာဝင်ချိန် အတွင်းခံ ဝတ်မအိပ်တာ အကောင်းဆုံးပါ။ ။

မိန်းမကိုယ်နဲ့ ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့သူဆိုရင်တော့ အတွင်းခံဝတ်အိပ်တာ ပြဿာနာမရှိပေမယ့် မိန်းမကိုယ် မှိုစွဲပြီး ယားတတ်တဲ့သူတွေအတွက်တော့ အတွင်းခံချွတ်ပြီး ဝတ်အိပ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါမှ မိန်းမကိုယ်လည်း အောက်ဆီဂျင်ရပြီး ဖြစ်နေတဲ့ ယားယံခြင်းနဲ့ မှိုပြဿနာတွေလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။

( ၄ ) လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း ကိုယ်နဲ့တစ်သားတည်းကျတဲ့ အတွင်းခံဝတ်ထားသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဆိုတာ သာမန်ထသွားထလာ အချိန်နဲ့ မတူပါဘူး။ ထွက်လာတဲ့ချွေးတွေကို စုပ်ယူဖို့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဘောင်းဘီကြား သက်သောင့်သက်သာရှိစေဖို့အတွက် အတွင်းခံဝတ်ပေးဖို့လိုပါတယ်။ အတွင်းခံဆိုတဲ့နေရာမှာလည်း ကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့အရွယ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့က အရေးအကြီးဆုံးပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် အဓိကကျတဲ့ အတွင်းခံ အကြောင်းသိသင့်တဲ့ အချက်(၈)ချက်

( ၅ ) အတွင်းခံ ကို သေချာလျှော်ပါ။

အဝတ်လျှော်စက်ထဲကို အတွင်းခံတွေ ပစ်ထည့်လိုက်ပြီး လျှော်မယ့်အစား ကိုယ်တိုင်လက်နဲ့ သန့်စင်အောင် လျှော်ဖွပ်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့နေရာမှာလည်း အပြင်းစားဆပ်ပြာတွေအစား ဓာတ်မတည့်ခြင်းဖြစ်တာတွေ နည်းတဲ့ ဆပ်ပြာမှုန့်ကို သုံးပြီး လျှော်ဖွပ်ဖို့လည်း မမေ့သင့်ပါဘူး။

( ၆ ) လျှော်ပြီးသား အတွင်းခံကို သေချာနေလှန်း မီးပူတိုက်ပါ။

လျှော်ပြီးသား အတွင်းခံတွေကို သူများတွေ မြင်မှာစိုးလို့ အထဲမှာပဲ သိမ်းပြီး လှန်းထားမယ့်အစား နေနဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပိုးသေအောင် လုပ်သင့်ပါတယ်။ နေလှန်းပြီး ခြောက်သွားလို့ မီးပူ တိုက်တဲ့အခါမှာလည်း အတွင်းသားကို လှန်ပြီး မီးပူ တိုက်ပေးဖို့ မမေ့ပါနဲ့။ ။

( ၇ ) တစ်နှစ် တစ်ခါ အတွင်းခံ အသစ်တွေ ဝယ်ဝတ်ပါ။ ။

ဘယ်လောက်ပဲ ကပ်စီးနှဲတဲ့သူ ဖြစ်ပါစေ တစ်နှစ် တစ်ခါလောက် အတွင်းခံတွေ အသစ်တွေ ဝယ်ပြီး အဟောင်းတွေကို စွန့်ပစ်လိုက်ဖို့တော့လိုပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement