အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား
အမျိုးသမီးတွေလည်း ဆံပင်ထိပ်ပြောင်နိုင်တယ်ဆိုတာ သိရဲ့လား လို့ ပြောရတာက ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။
အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ဦးခေါင်းရဲ့ နေရာအနှံ့မှာ ဆံပင်ပါးလာပြီး အထူးသဖြင့် ဘေးပတ်ပတ်လည်တွေမှာ ပိုပါးလာတတ်ပါတယ်။ အမျိုးသားတွေလိုတော့ တစ်ခေါင်းလုံး ဆံပင်ပြန်မပေါက်တော့တဲ့အထိ ထိပ်ပြောင်ခြင်းတော့ မရှိပါဘူး။
အမျိုးသမီးများ ထိပ်ပြောင်ခြင်း အဆင့် (၃) ဆင့်
အဆင့် (၁) – ဘေးပတ်ပတ်လည်မှာ ဆံပင်တွေ ပါးလာခြင်း
အဆင့် (၂) – ထိပ်ပြောင်တဲ့နေရာ ကျယ်လာပြီး ဆံပင်တွေ ကွက်ကျားပေါက်နေခြင်း
အဆင့် (၃) – ထိပ်ပြောင်ရန် လမ်းကြောင်းတစ်ခုအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရခြင်း ဆိုပြီး အဆင့် ၃ဆင့် ခွဲခြားလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။