backup og meta

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။

    မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့ မိတ်ကပ် တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်က အနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့် မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။ ။

    မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲပေါ့ဆမိလိုက်တဲ့အခါ

    • မိန်းမကိုယ်ယားယံပြီး လူကြားထဲ ကုတ်ရဖဲ့ရခက်တဲ့အပြင်
    • ညညဆိုလည်း အိပ်ပျော်နေရင်း မသိစိတ်က ကုတ်မိတော့ မနက်ကျ စပ်နေတာ
    • အဖြူဆင်းလွန်းပြီး စိုစိစိုစိနဲ့ သက်တောင့်သက်သာ မရှိတာ
    • အနံ့ဆိုးတွေထွက်နေတာ နဲ့
    • ပိုးဝင်ပြီး ရောင်နေလို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ်။

    ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။

    မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ

    ဒီလို မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။

    • ပထမတစ်ခုက မိန်းမကိုယ်လည်း အရေပြားပဲ။ ရေချိုးတိုင်း တိုက်နေကျ ကိုယ်တိုက်ဆပ်ပြာနဲ့တိုက်လိုက်ရင် သန့်ရှင်းပြီးသားဖြစ်မှာပဲဆိုတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်တာနဲ့
    • နူးညံ့တဲ့မိန်းမကိုယ်အတွက် ထိခိုက်မှု သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash နဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

    ရွေးချယ်စရာ နှစ်မျိုးရှိတဲ့ အတွက် နှိုင်းယှဉ်စရာလေးတွေ ပေါ်လာပါပြီ။ နှစ်ခုလုံးတော့ အညစ်အကြေးတွေကို သန့်စင်ပေးမှာ ကျိန်းသေတာပေမယ့် မိန်းမကိုယ်ကို သန့်စင်ပေးတဲ့နေရာမှာ ကိုယ်တိုက်ဆပ်ပြာနဲ့ အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ဘယ်လိုကွာခြားလဲ ။ ဘယ်တစ်ခုကို ပိုသုံးသင့်လဲ။ ။

    ဆပ်ပြာ ။ ။

    • ဆပ်ပြာဆိုတာ တစ်နေကုန်မွှေးပျံ့လန်းဆန်းစေဖို့ အမွှေးနံ့ပြင်းပြင်းတွေနဲ့ ဓာတုပစ္စည်းတွေကို အဓိကထား ထုတ်လုပ်ထားတဲ့ အရာပါ။
    • ဒါအပြင် အပြင်းစား အက်ဆစ်တွေပါဝင်တာကြောင့် မိန်းမကိုယ် pH ပမာဏကို ကမောက်ကမဖြစ်စေပါတယ်။ ဒီလို ရှိသင့်တဲ့ pH အဆင့်မဟုတ်ဘဲ ထိန်းညှိမှုစနစ် ကမောက်ကမဖြစ်ခဲ့ရင် မိန်းမကိုယ်မှိုစွဲတာ၊ ပိုးဝင်တာလိုမျိုး ပြဿနာတွေ ဆက်ဖြစ်လာတတ်ပါတယ်။
    • ဒီထက်ဆိုးတာက ပါဝင်တဲ့ ဓာတုပစ္စည်းနဲ့ pHမမျှတတဲ့ အက်ဆစ်တို့ကြောင့် မိန်းမကိုယ်တွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေပါ သေကုန်လို့ မိန်းမကိုယ်ရဲ့ သဘာဝအတိုင်း ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ စနစ်ကြီးပျက်စီးသွားနိုင်ပါတယ်။
    • ကိုယ်တိုက်ဆပ်ပြာနဲ့ မိန်းမကိုယ်ကို သန့်စင်ပြီးတဲ့အခါ ရှိသမျှ အဆီတွေ အကုန်ခြောက်ခမ်းသွားတတ်လို့ ခြောက်သွေ့ယားယံတာတွေ ဖြစ်ကျန်တတ်ပါတယ်။

    အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ။ ။

    • အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash ဆိုတာ နူးညံ့တဲ့ မိန်းမကိုယ်ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည်ဖြစ်ပါတယ်။
    • မိန်းမကိုယ် pH နဲ့ ကိုက်ညီအောင် အထူးထုတ်လုပ်ထားတဲ့အတွက်ကြောင့် pH ပမာဏ မမျှတ တာမျိုးတွေလည်း မဖြစ်တော့တဲ့အပြင် အကျိုးပြု ဘက်တီရီးယားတွေလည်း ထိခိုက်မှု မဖြစ်စေပါဘူး။
    • ဒါ့အပြင် မိန်းမကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ အတွက် အာဟာရဖြစ်တဲ့ Prebiotic တွေလည်း ပါဝင်တာကြောင့် သဘာဝအတိုင်း ပိုးမွှားကာကွယ်တဲ့စနစ်ကြီးကို အားပေးရာလည်းရောက်ပါတယ်။
    • အမျိုးသမီး သန့်စင်ဆေးရည် Feminine Wash တွေမှာ ပါဝင်တဲ့ Povidone Iodine 10% က ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အတွက် မိန်းမကိုယ် ယားယံခြင်းနဲ့ မှိုစွဲခြင်းတွေကို ကာကွယ်ပေးဦးမှာပါ။
    • မိန်းကလေးတို့အတွက် အရေးကြီးဆုံးအချိန်ဖြစ်တဲ့ ဓမ္မတာလာချိန် မှာ Feminine Wash ကို အသုံးပြုရင် လစဉ်သုံးပစ္စည်းတွေကနေ ဝင်နိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း သူက သန့်စင်ပေးဦးမှာပါ။

    ဒီတော့ အနူးညံ့ဆုံး အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်ကို အက်ဆစ်အပြင်းစားတွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာနဲ့ သန့်စင်ပေးမယ့်အစား အမျိုးသမ်းသန့်စင်ဆေးရည်ကိုသာ အသုံးပြုသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement