အသက် ၄၀ ကျော်နောက်ပိုင်း အမျိုးသမီးတွေ အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ သားအိမ်တို့၊ သားအိမ်ခေါင်းတို့ကနေ အသားလုံးလေးတွေ တွဲကျနေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့ အခါတိုင်း သွားသွားပွတ်မိနေတတ်လို့ သွေးကြောလေးတွေ ပေါက်ပြီး သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို သားအိမ်မှာတည်တဲ့ အသားလုံး ( endometrial polyp ) တွေက ကင်ဆာမဟုတ်ပါဘူး။
( ၄ ) မိန်းမကိုယ် ခြောက်သွေ့ခြင်း။
ပုံမှန်ဆို စိုစွတ်နေရမယ့် မိန်းမကိုယ်က ခြောက်သွေ့တဲ့အခါ အတူနေတဲ့အချိန်တိုင်း နာကျင်တာ၊ အတူနေပြီးတော့လည်း အောင့်ပြီးကျန်ခဲ့တာ ရံဖန်ရံခါ သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာစေချင်ရင်တော့ မိန်းမကိုယ် အစိုဓာတ်ထိန်းခရမ်တွေ၊ ချောဆီတွေ သုံးပေးလို့ရပါတယ်။ တစ်ခုရှိတာက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကိုယ်နဲ့သင့်တော်တဲ့ ခရင်မ်တွေ ရွေးချယ်သုံးစွဲဖို့ဖြစ်ပါတယ်။ ဓာတ်မတည့်တာတွေ သုံးမိရင် ဖြစ်နေတဲ့ ဝေဒနာ ပိုဆိုးသွားတတ်လို့ပါ ။ ။
( ၅ ) မိန်းမကိုယ် မှိုစွဲတဲ့ ဝေဒနာခံစားနေရခြင်း။
မိန်းမကိုယ် မှိုစွဲတာ၊ မိန်းမကိုယ် ပိုးဝင်တာမျိုးတွေ ဖြစ်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းနေလို့ အမျိုးသားနဲ့ အတူနေတဲ့အချိန် နာကျင်တာနဲ့ အတူနေပြီးတိုင်း သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်မွေးလမ်းကြောင်းမှာပဲ ပိုးဝင်နေရင်တော့ သွေးဆင်းတာမျိုးသိပ်မဖြစ်ဘဲ ယားယံ နာကျင်တာမျိုးသာရှိတတ်ပေမယ့် သားအိမ်ခေါင်းအထိကိုပါ ပိုးဝင်သွားရင်တော့ သွေးဆင်းတာမျိုးတွေ ရှိတတ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကလည်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သူ့မှာထူးခြားတာက ဆင်းလာတဲ့ ညိုညစ်ညစ် အရည်တွေဟာ အနံ့ဆိုးတတ်ပြီး အခြား နာကျင်တဲ့ ဝေဒနာတွေတော့မပြတတ်ပါဘူး။ ဒါ့ကြောင့် မိန်းမကိုယ်ကနေ အနံ့နံတဲ့ အရည်တွေ ဆင်းလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆေးခန်းသွားပြဖို့ လိုအပ်ပါတယ်။ ဒီတိုင်း ဆင်းတာမျိုးလည်း ရှိသလို အတူနေပြီးမှ ဆင်းတာမျိုးလည်း ရှိပါတယ်။
ဒါတွေကတော့ အမျိုးသားနဲ့အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဆောင်းပါးထဲမှာ ပြောထားတဲ့အတိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက များတာကြောင့် ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်တာလဲဆိုတာ သေချာသိဖို့ စစ်ဆေးမှုတွေ ခံယူသင့်တယ်နော်။
ရေးသားသူ- Dr Thin [email protected]
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။