( ၃ ) အဆီဂလင်းများရောင်ခြင်း။
မိုးလင်းကနေ မိုးချုပ်ထိ အလုပ်စားပွဲမှာ အလုပ်ထိုင်လုပ်တဲ့ နာရီများရင် မိန်းမကိုယ်အတွင်းပိုင်းမှာ ချွေးအိုက်ပြီး အတွင်းခံတွေမှာ ချွေးစိုနေတတ်ပါတယ်။ တစ်ချိန်လုံးလည်း ထိုင်နေရတော့ မိန်းမကိုယ်ကို ရသင့်သလောက် အောက်ဆီဂျင်တွေ မရတော့တာကတစ်ကြောင်း၊ ချွေးစိုနေတဲ့ အတွင်းခံနဲ့ ပွတ်ပွတ်မိနေတာကတစ်ကြောင်း မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဆီဖုလေးတွေ ပေါက်တတ်ပါတယ်။ ဒါကလည်း စိုးရိမ်စရာမရှိလဲ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။
( ၄ ) လိင်အင်္ဂါကြွက်နို့။
မိန်းမကိုယ်အရေပြားတစ်ဝိုက်မှာ အဖုအကျိတ်တွေပေါ်ရင် လိင်အင်္ဂါကြွက်နို့ကို ချန်ထားခဲ့လို့ မရပါဘူး။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်တဲ့ HPV ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ရတာပါ။ အဖုလေးတွေရဲ့ မျက်နှာပြင်က ချောချောလေးဖြစ်နေပြီး အသားအရောင်တိုင်း ( ဒါမှမဟုတ်) အသားအရောင်ထက် ရင့်နေတဲ့ အဖုလေးတွေ အဖြစ်မြင်ရမှာ ဖြစ်ပါတယ်။ ကြွက်နို့ကိုယ်တိုင်ကတော့ အခြားပြဿနာကြီးကြီးမားမားမဖြစ်စေပေမယ့် HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် သားအိမ်ခေါင်းကင်ဆာ တွေပါ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့သေချာသွားစစ်ဆေးဖို့တော့လိုပါတယ်။

( ၅ ) Bartholin’s cyst
မိန်းမကိုယ် အပေါက်ဝနားတစ်ဝိုက်က အရေပြားပေါ်မှာ အဖုလေးတွေ စမ်းမိရင် မိန်းမကိုယ်တွင်း ရောဂါပိုးဝင်ရာကကြောင့် Bartholin ဂလင်းရောင်တာဖြစ်နိုင်ပါတယ်။ ဒီ ဂလင်းတွေသီးသန့်ဆို ဘာပြဿနာမှ မရှိတတ်ပေမယ့် ပိုးဝင်ပြီး နာနေတာ၊ ပြည်တည်နေတာမျိုးဖြစ်ရင်တော့ ပြည်တွေဖောက်ထုတ်ခွဲစိတ်ဖို့လိုလာပါပြီ။ သေးရင်တော့ သူ့ဘာသာ ပြန်ပျောက်သွားမယ့် အချိန်ကို စောင့်ရမှာဖြစ်ပြီး ကြီးပြီး နာနေရင်တော့ ဆရာဝန်ဆီ သေချာသွားပြသင့်ပါတယ် ။
( ၆ ) အခြားဖြစ်တတ်တဲ့ ပြဿာနာတွေကတော့
- လိင်အင်္ဂါ ရေယုန်ပေါက်တာ
- ကာလသားရောဂါကြောင့် နာတဲ့ အဖုတွေပေါက်နေတာ
- မိန်းမကိုယ်မှာရှိတဲ့ ချွေးဂလင်းလေးတွေ ပိုးဝင်ပြီးရောင်နေတာ တွေကလည်း မိန်းမကိုယ်အပြင်ဘက် အရေပြားမှာ အဖုအကျိတ်လေးတွေ ပေါက်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ် ။ ။
မိန်းမကိုယ် အရေပြားမှာ ပေါက်တတ်တဲ့ အဖုအကျိတ်လေးတွေက အများအားဖြင့် ယာယီသာပေါက်ပြီး သူ့ဘာသာပြန်ပျောက်သွားတယ်ဆိုပေမယ့် အခြား HPV ဗိုင်းရပ်စ်လို ကြီးကြီးမားမား ပြဿနာတွေလည်း ရှိနိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီ သေချာသွားပြတာ အကောင်းဆုံးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။