အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာ ဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။ အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ။ အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား......... ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်မှာ ဝက်ခြံဘာကြောင့်ဖြစ်............ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ဓာတ်မတည့်တာ ရေချိုးဆပ်ပြာရည်တွေနဲ့ ထိတွေ့မိတာ အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ ထိတွေ့မိတာ မိန်းမကိုယ်ကို ရေမွှေးဆွတ်တာ feminine wipes သုံးတာ အမွှေးခဲနဲ့ ပွတ်တိုက်တာ လိုးရှင်းလိမ်းတာ ပေါင်ဒါသုံးတာ လစဉ်သုံးတွေ သုံးတာ tampons သုံးတာ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာ သုက်ပိုးသတ်ဆေးတွေ သုံးတာ ချောဆီသုံးတာ ဆေးဝါးတွေ သောက်သုံးရတာ အတွင်းခံကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ အလွန်အကျွံသုံးတာ မီးပူတိုက်တဲ့အခါ သုံးတဲ့ အမွှေးဆီတွေကြောင့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။ အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။ အဖြူရောင် အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။ ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုကျ ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။ မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။ မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက်

အမျိုးသားတွေ လိင်စိတ်ခံစားမှု ရှိသလို အမျိုးသမီးတွေဟာလည်း သွေးသားဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကသာ ငယ်ကတည်းက (မှားသည်/မှန်သည် အသာထား) လိင်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ နီးစပ်ကြပြီး အမျိုးသမီးဟာ လိင်စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားဖို့နဲ့ လိင်ဆက်ဆံခြင်းဟာ ကြောက်စရာ၊ ရှက်စရာ၊ ရွံစရာကောင်းတယ်ဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ဒါကြောင့်လည်း အမျိုးသမီးနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်း ဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။ ဒါပေမဲ့ မိန်းကလေးတွေဟာလည်း တစ်ကိုယ်ရေ အာသာဖြေခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့် လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကတော့… အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း ကောင်းကျိုး ၅ချက် ၁။ ခန္ဓာကိုယ်ကို ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။ အာသာဖြေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး Endorphins လို့ခေါ်တဲ့ နေထိုင်ကောင်းခြင်းကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ်

ဘရာ စီယာဆိုတာက အမျိုးသမီးတွေအတွက် မရှိမကောင်း ရှိမကောင်းအရာပါ။ မဝတ်ထားပြန်ရင်လဲ စိတ်ထဲမလုံမခြုံဖြစ်စေသလို အချိန်အကြာကြီး ဝတ်ဆင်ထားမိရင်လဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ် တချို့မိန်းကလေးတွေကျတော့လည်း လှချင်တာမို့ မိန်းကလေး အတွင်းခံ ဘရာစီယာကို ခပ်ကျပ်ကျပ်ဝတ်ကြတယ်။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်း ဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားလို့ရတာပေါ့။ ဒါပေမယ့် ဘရာစီယာကို အချိန်တိုင်း ဝတ်နေပြန်ရင်လဲ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အပေါ်မှာ ဆိုခဲ့တယ် မဟုတ်လား။ ဟုတ်ပါတယ်။ ဘရာ စီယာကို အမြဲဝတ်နေရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ် လို့ ပြောရတာက ဘရာ အမြဲ ဝတ်ထားတာက ဒီလို ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့်ပါ။ ရင်သားကင်ဆာ ဘရာစီယာကို တင်းတင်းကျပ်ကျပ် ဝတ်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ထက်မြက် ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်စိတ်က အမြဲရှိနေတာပါ။ တော်ရုံ လှရုံတင်မဟုတ်ပါဘူး။ ကျန်းမာချင်စိတ်လည်း ရှိနေတာပါ။ ကျန်းမာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုအမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်လိုက်နာရမယ့် နည်းလမ်းတွေရှိပါတယ်။ ဟော်မုန်းညီမျှအောင်၊ အသားအရေလှအောင်၊ ရေဓာတ်ပြည့်ဝအောင်၊ ကိုယ်ခံအားကောင်းအောင်၊ စိတ်ဖိစီးမှုနည်းအောင် လိုက်နာရမယ့်နည်းလမ်းတွေပေါ့။ ဒီလိုအကျိုးတရားတွေကို ရနိုင်ဖို့ အမျိုးသမီးတွေ နေ့စဉ်လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၉ ခုကို ဖော်ပြပေးချင်ပါတယ်။ ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက် သဘာဝအစားအစာတွေကို အဓိက စားပါ နေ့စဉ်ကျန်းမာဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားသောက်ဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ကျန်းမာစေမှာဖြစ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း လုံလုံလောက်လောက်ရရှိမှာမို့ အလှအပအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ မနက်ခင်းတိုင်းမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

Waist Trainer တွေ ဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ဟိုးအရင်ခေတ်က သုံးခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကြောင့် ရပ်လိုက်ကြတဲ့ Corset Fashion Trend ကိုပဲ ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်ထားတာမျိုးပါ။ ဆိုရှယ်လ်မီဒီယာတွေပေါ်မှာလည်း နာမည်ကျော်တွေကအစ သုံးနေကြတော့ ခေတ်စားလာတာလည်း မဆန်းဘူးလို့ ဆိုရမှာပေါ့။ နာမည်ကြီးတယ်ဆိုပေမဲ့ တကယ် သုံးရင် အန္တရာယ်ကင်းရဲ့လား ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဒီတော့ Waist Trainer တွေ က ဘာတွေ ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ အာမခံကြတာလဲ။ ပြောခဲ့သလို သဲနာရီ ခန္ဓာကိုယ်လေး ဖြစ်ဖို့ ခါးသေးအောင် လုပ်ပေးနိုင်တယ်။ တစ်ရက်ကို ၈နာရီလောက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာကြောင့်များ ရင်သားထိပ်ခေါင်းတွေ ယားယံနေတာလဲ

အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။ ဒီလို အရေးကြီးတဲ့ ရင်သားရဲ့ထိပ်ခေါင်း (နို့သီးခေါင်း) လေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိဘဲ ယားယံနေတတ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် မကြာခဏဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုလား၊ ယားနာပဲလား၊ ရင်သားကင်ဆာလားဆိုပြီး စိုးရိမ်စရာဖြစ်လာကြပါလေရော။ ရင်သားထိပ်ခေါင်းယားယံတာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ လူရှေ့သူရှေ့များ ယားယံစိတ်ပေါ်လာရင် ကုတ်မရပြုမရ၊ နေရထိုင်ရခက်နဲ့ဆိုတော့လေ။ နေရထိုင်ရခက်ပြီး စိတ်ကသိကအောက်ဖြစ်စရာပါ။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ ယားယံရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ များသောအားဖြင်တော့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဖြစ်လေ့ဖြစ်ထရှိစေတဲ့တွေကတော့ Atopic Dermatitis - Atopic dermatitis ဆိုတာက ယားနာဝေဒနာတစ်မျိုးပါ။ Eczema နှင်းခူလို့လည်း သိကြပါတယ်။ ဒီယားနာဝေဒနာက ရင်သားထိပ်ခေါင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ အကျိုးပြု ဘက်တီးရီးယားလေးတွေကို ခေါ်တာပါ။ ခန္ဓာကိုယ်နဲ့ အစာအိမ်ကို အကျိုးပြုပြီးတော့ ကျန်းမာသန်စွမ်းစေတဲ့ ဘက်တီးရီးယားလေးတွေပေါ့။ လေ့လာချက်တွေအရ သူတို့က ကိုယ်အလေးချိန် ကျစေဖို့၊ အစာခြေစနစ် ကောင်းမွန်စေဖို့၊ ဝမ်းမှန်စေဖို့၊ စိတ်ကျန်းမာစေဖို့ အကျိုးပြုတယ်လို့ ဆိုပါတယ်။ ဒါဆို Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား ဆိုတာ လေ့လာလိုက်ရအောင်နော်။ Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား ခုနောက်ပိုင်း သိပ္ပံနည်းကျလေ့လာချက်တွေအရ Probiotics က အမျိုးသမီးတွေရဲ့ မိန်းမကိုယ် မှိုစွဲတာကိုလည်း တိုက်ထုတ်ပေးနိုင်တယ်လို့ သိထားရပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း (Vaginal Infection) ဆိုတာဟာ အရွယ်ရောက်ပြီးအမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ ဒီရောဂါ ရှိနေပြီ ဆိုရင်အောက်ပါ လက္ခဏာတွေ ပြသတတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း မိန်းမကိုယ် ယားယံခြင်း ဆီးသွားစဉ်နဲ့ လိင်ဆက်ဆံစဉ်ပူခြင်း လိင်ဆက်ဆံစဉ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)