backup og meta

ဘရာ Size မှားနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘရာ Size မှားနေပြီလား

    အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အတွင်းခံအဝတ်အထည်တွေရဲ့ အရေးပါမှုက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ တကယ်တော့ အတွင်းခံအဝတ်အထည်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်။

    ဘာလို့ ဘရာ Size မှားနေပြီလား လို့ တွေးလာရလဲဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာ မဖြစ်တော့ဘဲ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်မျိုး တနေ့တခြား ပိုပိုရလာတာကြောင့်ပါ။ ဥပမာ အသက်ရှူမဝတာတွေရင်ဘတ်အောင့်တာတွေပါဖြစ်လာတဲ့ အခါမျိုးပေါ့။

    လျော့တိလျော့ရဲ ဘရာစီယာတွေကို ဝတ်ဆင်တာက သယ်ပိုးထိန်းသိမ်းပေးနိုင်စွမ်းနည်းပါးတာမို့ ပြဿနာရှိတယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ ဘရာစီယာမျိုးကို ဝတ်ဆင်ထားမိမယ်ဆိုရင်တော့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေပါ ကြုံရနိုင်တာမို့ ပိုဆိုးရွားတယ်လို့ ဆိုရမှာပါ။

    ဘရာ Size မှားနေပြီလား

    အရမ်းကျပ်ထုပ်နေပြီလား၊ ဘရာ Size မှားနေပြီလား

    အများစုသော အမျိုးသမီးတွေဟာ အတွင်းခံအဝတ်အထည်တွေကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဝတ်ဆင်ကြတာမျိုးနည်းပါးပါတယ်။ တကယ်တမ်းအားဖြင့် ဘရာစီယာလို အဝတ်အထည်တွေက ကျန်းမာရေးအတွက် အထူးအရေးပါလှတာပါ။

    ဒါကြောင့် ဘရာစီယာဝတ်ဆင်ရာမှာ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တာမျိုးကို ရွေးချယ်နိုင်ဖို့လိုအပ်တာပါ။ ကိုယ်ဝတ်ဆင်နေတဲ့ ဘရာ Size က ကိုယ်နဲ့ အရမ်းကျပ်နေတဲ့ ဘရာမျိုးဖြစ်နေသလားဆိုတာကို အောက်ပါ အချက်တွေအရ သိနိုင်ပါတယ်။

    • အရေပြားပြဿနာတွေ ဖြစ်လာတာ 

    ကျပ်လွန်းတဲ့ ဘရာတွေကြောင့် ပွတ်တိုက်မှုတွေဖြစ်ပြိး အရေပြားပြဿနာတွေဖြစ်လာတာပါ။ ယားယံတာတွေ၊ ယားနာပေါက်တာတွေ၊ ပွန်းပဲ့တာတွေ၊ အစင်းကြောင်းထင်တာတွေ ဖြစ်လာပါလိမ့်မယ်။

  • မကြာခဏ ဘရာကို ပြင်ဆင်နေရတယ် 
  • ကျပ်နေတော့ ချောင်အောင် ဟိုဆွဲချ ဒီဆွဲချလုပ်နေရတာမျိုး၊ ချိတ်တွေ ခနခနပြန်ပြန်တပ်နေတာမျိုးတွေ ကြုံနေရပါလိမ့်မယ်။ ချောင်နေတယ်ဆိုရင်လည်း ခဏခခဏ ဆွဲတင်ပြီး ပြန်ပြန်ဝင်နေရပါမယ်။

    ဘရာစီယာက ရင်ဘတ်နဲ့ ဝမ်းဗိုက်အထက်ပိုင်းကို တင်းကျပ်အောင် စည်းနှောင်ထားတော့ အစာခြေရည်ပြန်ဆန်တက်တာနဲ့ လေချဉ်တက်တာမျိုးတွေ မကြခဏကြုံရပါလိမ့်မယ်။ ရေရှည်မှာ အစာအိမ်ဆိုင်ရာ ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

    • ရင်သားက  ဘရာအပြင်ကို တွန်းကန်ထွက်နေတယ်

    အရမ်းတင်းကျပ်လွန်းတော့ ရင်သားက Cup ရဲ့ အပြင်ဘက်ကို လျှံထွက်လာတာမျိုးကိုလည်း ကြုံရနိုင်ပါတယ်။ ပုံမှန်ဝတ်ဆင်တဲ့ ဘရာကျပ်ထုပ်လို့ ရင်သားလျှံထွက်လာတာက Push-up Bra တွေလို ပင့်တင်ဖို့ ဖန်တီးပေးထားတာမဟုတ်တာကြောင့် ရင်သားကိုတင်းကျပ်စွာ စည်းနှောင်ထားသလိုမျိုးဖြစ်ပြီး ရင်သားတွေကို ထိခိုက်နာကျင်စေနိုင်ပါတယ်။

  • ခန္ဓာကိုယ်အပေါ်ပိုင်း နာကျင်နေတယ်
  • ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းက နောက်ကျောနဲ့ ပခုံး အစိတ်အပိုင်းတချို့ နာကျင်တဲ့ ဝေဒနာကို ရေရှည်ခံစားရတာကလည်း ဘရာ Size မမှန်တာကြောင့်ပါပဲ။ ဘရာကျပ်ထုပ်လွန်းတာက ပခုံးနဲ့ နောက်ကျောဘက်တွေမှာ သက်သောင့်သက်သာမရှိတာ၊ နာကျင်တာနဲ့ အောင့်နေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဘရာ Size မှားနေပြီလား

    ဘရာ အရမ်းကျပ်နေပြီဆိုရင်

    အလွန်အမင်း ကျပ်နေထုပ်နေတဲ့ ဘရာမျိုးကို ဝတ်ဆင်ထားမိတယ်ဆိုရင် တခြား တစ်ခုခုနဲ့ လဲလှယ်ဝတ်ဆင်လိုက်တာက ပိုအဆင်ပြေပါတယ်။ ဒီလိုမှမဟုတ်ဘူး ရုတ်တရက် လဲလှယ်အသုံးပြုဖို့ မလွယ်ကူဘူးဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို သုံးပြီး ယာယီအားဖြင့် ဖြေရှင်းနိုင်ပါတယ်။

    • ချိတ်တချို့ကို ဖြုတ်ထားပါ 

    ဒုတိယ ဒါမှမဟုတ် တတိယချိတ်ကို မသိမသာ ဖြုတ်ထားပေးခြင်းအားဖြင့် လေဝင်လေထွက်ကောင်းမွန်စေမှာဖြစ်ပြီး အတန်ငယ်သက်သာရာရစေနိုင်ပါတယ်။

    • သိုင်းကြိုးကို ချိန်ညှိပါ

    ဘရာက ကျပ်နေတယ်ဆိုရင် သိုင်းကြိုးကို လျှော့လို့ရရင် လျှော့ပါ။ ဘရာတစ်ခုမှာ အဓိက အကျဆုံးက ပတ်ကြိုးရဲ့ ချုပ်အားဖြစ်ပါတယ်။ Cup နဲ့ သိုင်းကြိုးက အဓိက မဟုတ်ပါဘူး။ အရမ်းကျပ်နေတယ်ထင်ရင် သိုင်းကြိုးကို ဖြုတ်ထားနိုင်ပါတယ်။ ပိုပြီး သက်သောင့်သက်သာရှိစေပါလိမ့်မယ်။

    • မတူညီတဲ့ Size တွေကို ဝတ်ဆင်ပါ

    အမျိုးသမီး အများစုက ဘရာစီယာ အရွယ်အစားကို တစ်မျိုးတည်း သတ်မှတ် အသုံးပြုကြပါတယ်။ တကယ်တမ်းက ဘရာတွေကို ဝတ်ဆင်မယ့် အဝတ်အစားအလိုက် ဆိုဒ်မတူတာတွေ ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်မှာလည်း ရင်သားက ပုံမှန်ထက် ကြီးလာတာကြောင့် အရင်တုန်းက Bra sizeတွေ က တော်မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်ဆို Bra ဆိုဒ်ပြန်တိုင်းပြီး အသစ်ပြန်ဝယ်ဖို့ လိုပါတယ်။

    • ရင်သား အရွယ်အစားကို သတိပြုပါ

    အမျိုးသမီးတွေရဲ့ ရင်သားနှစ်ဖက်ဟာ အရွယ်အစား အတိအကျ မတူညီကြပါဘူး။ ဒါကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ တခါတလေကျ တစ်ဖက်ကကျပ်ပြီး တစ်ဖက်က သိပ်မကျပ်တာမျိုးဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့်လည်း ဘရာတွေရဲ့ သိုင်းကြိုးတွေမှာ အတိုးအလျှော့လုပ်လို့ရတာတွေ ပါနေတာပါ၊ တစ်ဖက်ချင်းစီကို သေချာချိန်ညှိပါ။

    ဒါ့အပြင် ဘရာဝယ်ယူရာမှာလည်း ပတ်ကြိုးရဲ့ အရှည်၊ Cup ရဲ့ သက်သောင့်သက်သာရှိမှုနဲ့ ရင်သားအရွယ်အစား မတူညီမှုတွေကို မူတည်ပြီး သေချာ ချိန်ညှိဝယ်ယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 28/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement