home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘာကြောင့်များ ရင်သားထိပ်ခေါင်းတွေ ယားယံနေတာလဲ

ဘာကြောင့်များ ရင်သားထိပ်ခေါင်းတွေ ယားယံနေတာလဲ

အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။

ဒီလို အရေးကြီးတဲ့ ရင်သားရဲ့ထိပ်ခေါင်း (နို့သီးခေါင်း) လေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိပဲ ယားယံနေတတ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် မကြာခဏဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုလား၊ ယားနာပဲလား၊ ရင်သားကင်ဆာလားဆိုပြီး စိုးရိမ်စရာဖြစ်လာကြပါလေရော။

ရင်သားထိပ်ခေါင်းယားယံတာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ လူရှေ့သူရှေ့များ ယားယံစိတ်ပေါ်လာရင် ကုတ်မရပြုမရ၊ နေရထိုင်ရခက်နဲ့ဆိုတော့လေ။ နေရထိုင်ရခက်ပြီး စိတ်ကသိကအောက်ဖြစ်စရာပါ။

အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ ယားယံရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ များသောအားဖြင်တော့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လေ့ဖြစ်ထမရှိပါဘူး။

ဖြစ်လေ့ဖြစ်ထရှိစေတဲ့တွေကတော့

Atopic Dermatitis – Atopic dermatitis ဆိုတာက ယားနာဝေဒနာတစ်မျိုးပါ။ Eczema လို့လည်း သိကြပါတယ်။ ဒီယားနာဝေဒနာက ရင်သားထိပ်ခေါင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက အလွန်ယားယံတတ်တာကြောင့် ကုတ်ရင်းဖဲ့ရင်း အရေပြားကူးစက်ရောဂါပိုးတွေဝင်သွားရင်တော့ ပြဿနာရှိပါတယ်။

ဒီဝေဒနာက ထိရှလွယ်တဲ့အရေပြားမျိုးရှိသူတွေမှာ ပိုဖြစ်သလို အောက်ပါ အခြေအနေတွေမှာလည်း ဖြစ်တတ်ပါတယ်။

Paget’s Disease – နောက်ထပ်ဖြစ် ရင်သားထိပ်ခေါင်းယားနာမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းကတော့ Paget’s Disease ပါ။ Paget’s disease ဆိုတာကတော့ ရင်သားကင်ဆာရဲ့ မျိုးကွဲတစ်မျိုးဖြစ်ပြီးတော့ အဖြစ်မများတဲ့ ရင်သားကင်ဆာ တစ်မျိုးလို့ လူသိများပါတယ်။

Paget’s disease ကို တိကျသေချာတဲ့ သိပ္ပံပညာနဲ့ ရှင်းပြနိုင်ခြင်းလည်း မရှိပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက ဒါဟာ Ductal ရင်သားကင်ဆာရဲ့ သတိပေးလက္ခဏာလို့ ယူဆကြပါတယ်။ အချို့ကတော့ Paget’s disease ဟာ နို့သီးခေါင်းမှာဖြစ်တဲ့ သီးခြားရောဂါတစ်မျိုးလို့ ယူဆကြပါတယ်။ ဒီရောဂါက နို့သီးခေါင်းကို ယားယံစေနိုင်ပါတယ်။

Paget’s disease ဘာကြောင့်ဖြစ်လဲဆိုတာ သေချာ မပြောနိုင်ပေမယ့် ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေတော့ ရှိပါတယ်။

  • အသက်ကြီးလာတာ၊
  • ရင်သားကင်ဆာ ဖြစ်ဖူးတာ၊
  • ရင်သားပုံမမှန်မှုများ ဖြစ်ဖူးတာ၊
  • ရင်သားကင်ဆာ မိသားစု ရာဇဝင် ရှိနေတာ၊
  • အရင်က ဓာတ်ရောင်ခြည် ထိဖူးတာ၊
  • ကိုယ်အလေးချိန်တက်လာတာ၊
  • ဟော်မုန်း အစားထိုးနေတာ၊
  • အရက်သောက်သုံးလေ့ရှိတာတွေကြောင့်ပါပဲ။

ဒါကြောင့် ရင်သားယားယံတာဟာ ပုံမှန်အားဖြင့်တော့ သာမန်ယားယံမှုဖြစ်နိုင်ပေမယ့် တစ်ခါတစ်ရံမှာ Paget’s Disease လို ရောဂါမျိုးဖြစ်နေနိုင်တာမို့ ပေါ့ဆဖို့တော့ မသင့်ပါဘူး။ သာမန် အရေပြားယားယံရုံဆိုရင်တော့ဖြင့် အောက်ပါလိမ်းဆေးတွေကို အသုံးပြုပြီး ကုသနိုင်ပါတယ်။

  • Petroleum jelly၊
  • Coconut oil၊
  • Lanolin၊
  • A & D ointment စတာတွေ ပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 12/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။