Waist Trainer တွေဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ဟိုးအရင်ခေတ်က သုံးခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကြောင့် ရပ်လိုက်ကြတဲ့ Corset Fashion Trend ကိုပဲ ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်ထားတာမျိုးပါ။ ဆိုရှယ်လ်မီဒီယာတွေပေါ်မှာလည်း နာမည်ကျော်တွေကအစ သုံးနေကြတော့ ခေတ်စားလာတာလည်း မဆန်းဘူးလို့ ဆိုရမှာပေါ့။ နာမည်ကြီးတယ်ဆိုပေမဲ့ တကယ် သုံးရင် အန္တရာယ်ကင်းရဲ့လား ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။