သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာရေးအတွက် ဘရာလျှော့ဝတ်ကြမယ်

ကျန်းမာရေးအတွက် ဘရာလျှော့ဝတ်ကြမယ်

ဘရာစီယာဆိုတာက အမျိုးသမီးတွေအတွက် မရှိမကောင်း ရှိမကောင်းအရာပါ။ မဝတ်ထားပြန်ရင်လဲ စိတ်ထဲမလုံမခြုံဖြစ်စေသလို အချိန်အကြာကြီး ဝတ်ဆင်ထားမိရင်လဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

တချို့မိန်းကလေးတွေကျတော့လှည်း လှချင်တာမို့ မိန်းကလေးအတွင်းခံ ဘရာစီယာကို ခပ်ကျပ်ကျပ်ဝတ်ကြတယ်။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားလို့ရတာပေါ့။

ဒါပေမယ့် ဘရာစီယာကို အချိန်တိုင်းဝတ်နေပြန်ရင်လဲ ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ အပေါ်မှာဆိုခဲ့တယ်မဟုတ်လား။ ဟုတ်ပါတယ်။ ဘရာစီယာကို အမြဲဝတ်နေရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။

  • ရင်သားကင်ဆာ – ဘရာစီယာကို တင်းတင်းကျပ်ကျပ်ဝတ်တဲ့အမျိုးသမီးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ကျပ်တည်းစွာဝတ်ဆင်ခြင်းကြောင့် ရင်သားမှာရှိတဲ့ တစ်ရှူးတွေဆီကို သွေးစီးဆင်းမှုနည်းပါးသွားပြီး အောက်စီဂျင်နဲ့ အာဟာရဓာတ်ပြတ်တောက်ကာ ရင်သားကင်ဆာအန္တရာယ်ပိုမြင့်မားစေတာဖြစ်ပါတယ်။
  • ကျောရိုးနဲ့ ကြွက်သားပြဿနာများ – ဘရာစီယာအမြဲဝတ်ထားတဲ့အခါ ကျောကုန်းနဲ့ လည်ပင်းရိုးတွေကို ထိခိုက်လာပါတယ်။ ဒီအရိုးတွေက သင့်ရဲ့ရင်သားကို ပင့်တင်ထားတာဖြစ်တာကြောင့်ပါ။ ဒါကြောင့် အရိုးတွေနဲ့ ကြွက်သားတွေ ထိခိုက်နာကျဉ်လာနိုင်ပါတယ်။
  • အသက်ရှူမဝခြင်း – ဘရာစီယာကျပ်ကျပ်ဝတ်ရင် အသက်ရှူကျပ်တာက သဘာဝပါပဲ။ အမျိုးသမီးတိုင်းခံစားဖူးတယ်။ တချို့သော အဆုတ်အားမကောင်းတဲ့ အမျိုးသမီးတွေမှာ ခေါင်းမူးဝေတာတွေဖြစ်လေ့ရှိပါတယ်။
  • အစားအသောက်ပျက်ခြင်း – ဘရာစီယာက တင်းကျပ်နေတော့ အစားစားရာမှာ အခက်အခဲဖြစ်စေတာပေါ့။ ကြာလရင်တော့ အာဟာရလုံးလောက်စရာမရတာတွေ၊ အစာချေရခက်တာတွေ ဖြစ်လာမှာပါ။
  • အရေပြားပြဿနာ – တင်းတင်းကျပ်ကျပ်ဝတ်ထားမိရင် အစင်းကြောင်းကြီးတွေ ထတတ်တာမျိုး၊ နီရဲယောင်ကိုင်းတာမျိုးတွေဖြစ်တတ်သလို တစ်သော အထိအရှလွယ်တဲ့ အသားအရေမျိုးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးငယ်တချို့တွေမှာဆိုရင် အရေပြားထိခိုက်မှုတွေ ရှိတတ်ပါတယ်။

ဒီလိုကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တာကြောင့်လည်း ကျန်းမာရေးပညာရှင်တချို့က အမျိုးသမီးတွေအနေနဲ့ ဘရာစီယာဝတ်ဆင်ချိန်ကို လျှော့ချဖို့ တိုက်တွန်းပြောဆိုနေကြတာပါ။ ဒါပေမယ့် တချို့တွေအတွက်လည်း ဘရာစီယာမဝတ်ဆင်ထားချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်ပါးနေတတ်ပါတယ်။

ဒီပြဿနာကိုတော့ အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

  • ၁။ အိမ်မှာ ဘရာမဝတ်ပဲနေတဲ့အလေ့အကျင့်လုပ်ပါ
  • ၂။ ဘရာစီယာအစား ပိုပြီး ပေါ့ပါးရှင်းလင်းတဲ့ ဘရာလက်တီ (Bralette) ပြောင်းဝတ်ပါ
  • ၃။ ဘရာဝတ်မထားချိန်မှာ အဆင်ပြေပြေနေနိုင်မယ့် ပုံစံမျိုးတွေကို လေ့လာပါ
  • ၄။ နို့ခေါင်းထိပ်ကို ဖုံးထားပေးတဲ့ Nipple pad ဒါမှမဟုတ် Pasties သုံးပါ
  • ၅။ အထာကျတဲ့ Fashion Tape တွေလည်း သုံးနိုင်ပါတယ်
  • ၆။ ဒီအကြောင်းကိုချည်းတွေးပြီး သောကမများနေပါနဲ့
  • ၇။ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေသေးရင် အတွင်းခံအနေနဲ့ Bodysuit တွေ ဝတ်ဆင်ပါ
  • ၈။ အပေါ်အင်္ကျီထပ်ဝတ်ပါ
  • ၉။ ဇစ်ဆွဲအင်္ကျီတွေ ထပ်ပြီး ဝတ်ဆင်ပါ

ဒီနည်းလမ်းတွေက ကျန်မာရေးအတွက် ရည်ရွယ်ပြီး ဘရာဝတ်ဆင်ချိန်ကို လျှော့ချနေထိုင်နေချိန်တွေမှာ စိတ်ပူပင်မှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 19/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။