အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!

မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  အားနွဲ့သူတော့ မဟုတ်ပါဘူး မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့ မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ Work-Life balance မျှစေဖို့

ခုခေတ်မှာ အမျိုးသမီးတွေက အိမ်မှုကိစ္စအပြင် ပြင်ပအလုပ်တွေကို တွဲဖက်လုပ်လာရပါပြီ။ ကိုယ်ပိုင်လုပ်ငန်း၊ ကုမ္ပဏီဝန်ထမ်း စတဲ့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်လာကြပါပြီ။ ဒါပေမယ့် သူတို့ရဲ့ မူရင်းအလုပ်ဖြစ်တဲ့ အိမ်မှုကိစ္စ၊ ကလေးတွေ ကိစ္စစတာတွေကိုလည်း လက်လွှတ်လို့မရသေးပါဘူး။ ဘယ်လောက်ပဲ အမျိုးသားက ကူတယ်ပြောပြော အမျိုးသမီးတွေကပဲ ဦးဆောင်လုပ်ရတာပါ။ တစ်ကိုယ်တော် အမေတွေဆို ပိုပြီးအလုပ်များပါသေးတယ်။ ဒီလိုအမျိုးသမီးတွေအတွက် Work-Life balance ဆိုတာ လိုကို လိုအပ်လာပါပြီ။ ဒါကြောင့် အမျိုးသမီးများ Work-Life balance မျှစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Work-Life balanceဆိုတာ အလုပ်ရယ် ကိုယ်ပိုင်ဘဝရယ်လို့ အလွယ်တကူ ပြောလို့ရပေမယ့် တကယ်က ဒီထက် နက်ရှိုင်းပါတယ်။ Balance ဖြစ်ဖို့ဆို ပိုတောင် ခက်ပါသေးတယ်။ အလုပ်မှာဆိုရင် ဝန်ထမ်းဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

အိမ်ထောင်ကျပြီးပြီဆိုရင် မကြာခင်မှာ ကြားရမယ့် စကားက ကလေးမယူသေးဘူးလားဆိုတာပါပဲ။ အိမ်ထောင်ပြုပြီးသွားရင် ကလေးယူ ရမယ်ဆိုတာက ပုံသေနည်းတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကလေးမယူရင် ဒီအိမ်ထောင်ရေးက တည်မြဲဖို့ ခက်တယ်ဆိုတဲ့ ယဉ်ကျေးမှုကလည်း ရှိနေသေးသကိုး။ ဒါပေမယ့် ခုနောက်ပိုင်းမှာ Childless by choice ဆိုတဲ့ ကလေးမယူတဲ့ အလေ့အထကလည်း ခေတ်စားလာပါပြီ။ မျိုးဆက်ကို တန်ဖိုးထားပြီး အစွဲကြီးပါတယ်ဆိုတဲ့ အာရှနိုင်ငံတွေမှာတောင် ဒီအလေ့အထကို စပြီး တွေ့လာရပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်ဆိုတာက အလေ့အထတစ်ခုလို ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ အပြစ်တင်မှုတွေ ကြုံရတာကို တွေ့ရပါတယ်။ ခေတ်စားလာတဲ့ Childless by choice Childless by choice ကို စပြီး ဦးဆောင်လာကြတာက အမျိုးသမီးတွေပါ။ Childless by […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ လေဒီလေးတွေ ဆိုတာ

ရှေးယခင်ကာလတွေတုန်းက လေဒီလေး တွေဆိုရင် အိမ်ထောင်မှုကိစ္စတွေ လုပ်တတ်ဖို့ ကလေးတွေ ထိန်းကျောင်းဖို့နဲ့ သေစာရှင်စာရေးတတ်ဖတ်တတ်ရင် တော်ပြီဆိုပြီး သဘောထားခဲ့ကြတာ များပါတယ်။ မြန်မာလူမျိုးအများစု လက်ခံထားတာက မိန်းကလေးဆိုတာ ဘုန်းကံနိမ့်တယ်။ မိန်းကလေးဆိုတာက အမျိုးသားတွေရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ အယူစွဲပါ။ တကယ်ကတော့ အမျိုးသမီး အထူးသဖြင့် မေမေတွေသာ မရှိရင် မိသားစုတစ်ခုက ပျော်ရွှင်စရာ မကောင်းသလို စည်းစနစ်ကျနမှုလည်း ရှိဖို့ မလွယ်ပါဘူး။ မိသားစုရဲ့ ပဲ့ကိုင်ရှင် မေမေတွေက အမျိုးသမီးတွေပါ။ ဖေဖေတွေက သားသမီးတွေ စားဝတ်နေရေး ပညာရေးအတွက် လိုလေသေးမရှိစေဖို့အတွက် ဝင်ငွေရရှိအောင် ကြိုးစားရှာဖွေရသလို မေမေတို့ကတော့ သားသားမီးမီးလေးတွေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ထက်ထက်မြက်မြက်လေး ကြီးပြင်းလာအောင် ထိန်းကျောင်းပဲ့ပြင်ပေးရပါတယ်။ အစားအသောက်ကို ကျန်းမာအောင် ပြင်ဆင် ချက်ပြုတ်ပေးရသလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

အိမ်ထောင်ကျပြီးပြီပဲ။ မေမေ ဖြစ်လာပြီပဲ လှနေဖို့ မလိုတော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ မနေလိုက်ပါနဲ့။ မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ကျန်းမာဖို့ကစလို့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ဖြစ်အောင် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ကိုယ့်ကိုယ်ထက် အခြားသူတွေကို မေတ္တာအပြည့်နဲ့ ပိုဂရုစိုက်ပေးတတ်သူကို အမြတ်တနိုးနဲ့ ခေါ်ဖို့ သတ်မှတ်ပေးထားတဲ့ အမည်နာမလေးက "မေမေ" ဆိုတာပါ။ မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကို ဂရုစိုက်မှု လျော့သွားတတ်တာ သဘာဝပါ။ အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားတဲ့အခါ အရင်ကလောက် ကိုယ့်ကိုယ်ကို အချိန် မပေးနိုင်တော့ပါဘူး။ အသားအရေ ထိန်းသိမ်းဖို့ကို မဆိုထားနဲ့ စားသောက်ဖို့ ချက်ပြုတ်ချိန်မှာတောင် ခင်ပွန်းသည်အကြိုက် ချက်ပေးရင်း အဆင်ပြေသလို စားလိုက်မယ်လို့ တွေးမိကြတတ်သူတွေပါ။ သားသမီးတွေအရေးကိုလည်း အရာရာတိုင်းထက် ဦးစားပေးတတ်ကြသူတွေပေါ့။ ဒါကြောင့်လည်း မေမေလို့ ခေါ်တာပါ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သဘာဝအတိုင်း ရင်သားကြီး အောင် ဘယ်လိုလုပ်ကြမလဲ။

အမျိုးသားတွေက လိင်တံကြီးချင်ကြသလို အမျိုးသမီးတွေကလည်း မိမိ ရင်သားအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ရှိကြပါတယ်။ တကယ်တော့ ရင်သားကြီး ခြင်း၊ သေးခြင်းဆိုတာက ကျန်းမာရေး အရတော့ ဘာမှ မထူးခြားလှပါဘူး။ တချို့လေ့လာချက်တွေမှာ ရင်သားကြီးလွန်းရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိတယ်တောင် ဆိုကြပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးကတော့ လှချင်ကြတာချည်းပါပဲ။ ဒီတော့ ရင်သား အပါအဝင် မိမိရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို သေးအောင်၊ ကြီးအောင် အမျိုးမျိုး ပြုပြင်ကြပါတယ်။ ခုပြောပြမှာကတော့ ရှုပ်ထွေးတဲ့ နည်းလမ်းတွေ မသုံးဘဲ မိမိရင်သားကို ကြီးထွားအောင် လုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ ရင်သားအရွယ်အစားကို ဘာတွေက ထိန်းချုပ်ထားတာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား မတူရတာက မျိုးရိုးဗီဇ အသက်အရွယ် ကိုယ်အလေးချိန် ဟော်မုန်း ကိုယ်ဝန်ရှိ မရှိ စတာတွေနဲ့ ဆိုင်ပါတယ်။ ရင်သားက အဆီတစ်ရှူးဖြစ်တဲ့အတွက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ်

မိန်းမကိုယ် ကျန်းမာရေးက လေဒီလေးတွေအတွက် အတော်လေး အရေးပါပါတယ်။ ဒီအင်္ဂါ အစိတ်အပိုင်းလေးက ရာသီသွေးဆင်းတာ၊ အိမ်ထောင်ရေးသုခ ခံစားတာနဲ့ ရင်သွေးလေး မွေးဖွားတာလိုမျိုး တာဝန် များစွာကို ထမ်းဆောင်ပေးတာပါ။ အများစုက မိန်းမကိုယ်လို့ ပြောလိုက်ရင် ရွံ့စရာကောင်းတဲ့အရာ ဒါမှမဟုတ် ရှက်စရာ တစ်ခုလို့ ယူဆကြသလို သေချာလေး ဂရုစိုက် သန့်စင်ဖို့ကိုလည်း မေ့နေတတ်ကြပါတယ်။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်မှု လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် အရေပြား ယားယံတာကစလို့ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကင်းစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဘယ်လိုတွေ ဂရုစိုက်ပေးရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မိန်းမကိုယ် ကျန်းမာစေဖို့ ဒါလေးတွေ သတိထားဖို့ လိုပါမယ် ကျန်းမာပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်စေဖို့အတွက် ဒီအချက်လေးတွေကို နေ့စဉ် လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလိုပြောရတာက ခန္ဓာကိုယ်မှာရှိတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက်

မိန်းမကိုယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူကမှ ပွင့်ပွင့်လင်းလင်း ပြောလေ့မရှိကြတဲ့အတွက် ပုံမှန်ဖြစ်နေတာကိုလည်း ပုံမှန်မဟုတ်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ ခုလို တစ်ခုခု သိချင်ရင် ရှာဖွေဖတ်ရှုလို့ရတဲ့ ခေတ်မှာတော့ ဒီလို ယုံတမ်းစကားတွေက အမှန်မဟုတ်ဘူးဆိုတာ သိဖို့ ပိုလွယ်လာပါပြီ။ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ယုံတမ်းစကား (၆)ချက် မိန်းမကိုယ်က အနံ့မရှိရဘူး။ မိန်းမကိုယ်က အရေပြားက တခြားအရေပြားတွေနဲ့ တူတူပါပဲ။ တခြားနေရာတွေမှာ ချွေးထွက်ရင် ချွေးနံ့ကျန်နိုင်သလို မိန်းမကိုယ်မှာလည်း ချွေးနံ့ရှိနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အနံ့မရှိအောင် အမွှေးအကြိုင်တွေ လျှောက်သုံးမှ ပြဿနာတက်ပါလိမ့်မယ်။ မိန်းမကိုယ်က ပန်းခင်းကြီးလို မွှေးနေစရာ မလိုတာ အမှန်ပါ။ မိန်းမကိုယ်ကို အတွင်းထဲထိ  ဆေးမှ သန့်မှာပေါ့။ မိန်းမကိုယ်က ကိုယ့်ကိုယ်ကို သန့်ရှင်းရေး လုပ်နိုင်တဲ့ အင်္ဂါပါ။ သူ့မှာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဝတ်အိပ်မလား...... ချွတ်အိပ်မလား....... ဘရာ

ညအိပ်ချိန်ဆိုတာ တစ်နေကုန် ပင်ပန်းခဲ့သမျှကို ဖြေဖျောက်ပြီး အင်အားတွေပြည့်စေဖို့ အနားယူချိန်ပါ။ ညအိပ်ချိန်မှာ အရေပြားဆဲလ်လေးတွေက အသက်ဝဝ ရှူရင်း အသစ်တွေ ဖြစ်ပေါ်နေသလို ခန္ဓာကိုယ်ကြီးကလည်း အနားယူနေတာပါ။ ဒီလို အချိန်မှာ သက်သောင့်သက်သာဖြစ်ဖို့က အတော်လေး အရေးကြီးပါတယ်။ ညအိပ်ချိန်မှာ သက်သောင့်သက်သာ မဖြစ်တာက အိပ်စက်မှုကို ထိခိုက်စေနိုင်သလို အိပ်ရေးမဝတာတွေက စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လေဒီလေးတို့ ညအိပ်တဲ့အခါ သက်သောင့်သက်သာဖြစ်စေဖို့အတွက် ဘရာ ဝတ်အိပ်ရမလား။ ချွတ်အိပ်ရမလားဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ဝတ်အိပ်မလား...... ချွတ်အိပ်မလား....... ဘရာ ညအိပ်တဲ့အခါ ဘရာ ဝတ်အိပ်တာက ရင်သားဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ ရင်သားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ကြားဖူးနိုင်သလို ဘရာဝတ်အိပ်တာက ရင်သားတွဲမကျအောင် ထောက်ကူပေးတယ်ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးမယ် ထင်ပါတယ်။ ညဘက် အိပ်တဲ့အခါ ဘရာဝတ်အိပ်တာကြောင့် ကောင်းကျိုးတွေရှိသလို ဘရာချွတ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ရောင် ခြင်းအကြောင်း ဘာတွေ သိထားသင့်သလဲ

သားအိမ်မှာ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ်၊ အပြင်ဆုံးက အမြှေးပါးရယ်ဆိုပြီး ရှိပါတယ်။ ခုပြောမယ့် သားအိမ်ရောင် ခြင်းက Endometriumလို့ခေါ်တဲ့ အတွင်းသား ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ရောင် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက သားအိမ်ကို ပိုးဝင်စေတဲ့ ကိစ္စမှန်သမျှက သားအိမ်ရောင်ခြင်းကို ဖြစ်စေတယ်လို့ အကြမ်းဖျင်း မှတ်ထားလို့ ရပါတယ်။ ပုံမှန်ဆိုရင် သားအိမ်ခေါင်းက သားအိမ်ထဲကို ပိုးတွေ မဝင်အောင် အပြင်ကနေ ပိတ်ပေးထားပါတယ်။ သားအိမ်ခေါင်း ပွင့်သွားတဲ့အခါ ဥပမာ ကလေးမွေးတာ၊ မိန်းမကိုယ်ကို ခွဲစိတ်မှုတွေ လုပ်တဲ့အခါ အခန့်မသင့်ရင် သားအိမ်ထဲကို ပိုးတွေ ဝင်သွားတတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အတိုင်း ရှိနေတဲ့ ဘက်တီးရီးယားကရော အပြင်က ဝင်လာတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကရော သားအိမ်ရောင်တာကို ဖြစ်စေပါတယ်။ သားအိမ်ရောင်ခြင်းကို ဖြစ်နိုင်ခြေများတဲ့ ကိစ္စတွေကတော့ ကလေးမွေးတာ ဒါမှမဟုတ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘရာ Size မှားနေပြီလား

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အတွင်းခံအဝတ်အထည်တွေရဲ့ အရေးပါမှုက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ တကယ်တော့ အတွင်းခံအဝတ်အထည်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်။ ဘာလို့ ဘရာ Size မှားနေပြီလား လို့ တွေးလာရလဲဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာ မဖြစ်တော့ဘဲ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်မျိုး တနေ့တခြား ပိုပိုရလာတာကြောင့်ပါ။ ဥပမာ အသက်ရှူမဝတာတွေ၊ ရင်ဘတ်အောင့်တာတွေပါဖြစ်လာတဲ့ အခါမျိုးပေါ့။ လျော့တိလျော့ရဲ ဘရာစီယာတွေကို ဝတ်ဆင်တာက သယ်ပိုးထိန်းသိမ်းပေးနိုင်စွမ်းနည်းပါးတာမို့ ပြဿနာရှိတယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ ဘရာစီယာမျိုးကို ဝတ်ဆင်ထားမိမယ်ဆိုရင်တော့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေပါ ကြုံရနိုင်တာမို့ ပိုဆိုးရွားတယ်လို့ ဆိုရမှာပါ။ အရမ်းကျပ်ထုပ်နေပြီလား၊ ဘရာ Size မှားနေပြီလား အများစုသော အမျိုးသမီးတွေဟာ အတွင်းခံအဝတ်အထည်တွေကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဝတ်ဆင်ကြတာမျိုးနည်းပါးပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)