တစ်ခုရှိတာက ကလေးခဏခဏ မွေးရင်တော့ အနည်းငယ်ကျယ်လာနိုင်ပေမယ့် ဒါကလည်း Kegel exercisesတွေ လုပ်ရင် ပြန်ပြီး တင်းလာပါတယ်။
ဘယ်အချိန်မှာ လျော့ရဲရဲ ဖြစ်လာလဲဆိုတော့ သွေးဆုံးလို့ အီစထရိုဂျင် မရှိတော့ဘူးဆိုရင် မိန်းမကိုယ်က ခြောက်သွေ့ပြီး တစ်ရှူးတွေ အားပျော့လာတတ်ပါတယ်။

- အဖြူဆင်းတာ လုံးဝမကောင်းဘူး။
အဖြူဆင်းတာ သဘာဝဖြစ်စဉ်ပါ။ အထူးသဖြင့် ရာသီလာခါနီး၊ သားဥကြွေခါနီးဆိုရင် ပိုဆင်းတတ်ပါတယ်။ အဖြူဆင်းတာက မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်နည်းတစ်မျိုးလို့လည်း အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် တော်တန်ရုံ အဖြူဆင်းတာကို စိတ်ထဲမထားပါနဲ့။
စိတ်ထဲထားရမှာက မိန်းမကိုယ်ယားတယ်၊ အနံ့ဆိုးတယ်၊ အရောင်ပါတဲ့ အဖြူဆင်းလာရင်ပါ။
ဒါဆို အသားမည်းနေတာကရော ချေးမတွန်းလို့လား။ မိန်းမကိုယ်အရောင်၊ ပုံစံတွေက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦး အနည်းငယ် ကွာခြားပါတယ်။ မိန်းမကိုယ်က ထူးခြားနေတာ မဟုတ်ပါဘူး။ သာမန် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ တခြားနေရာတွေတောင် တစ်ယောက်နဲ့ တစ်ယောက် မတူရင် မိန်းမကိုယ်ကလည်း တူမှာ မဟုတ်ပါဘူး။
အရောင်တွေ၊ ပုံစံတွေ အနည်းငယ် ကွဲနေတာ သဘာဝပါ။ ဒါကို သန့်ရှင်းမှု မရှိဘူးဆိုတဲ့ အယူအဆတွေကြောင့် မိန်းမကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ၊ ဓာတုဆေးတွေနဲ့ အရောင်ချွတ်တာတွေ မလုပ်ဖို့ အကြံပေးပါရစေ။ ဒီလို လုပ်တာကမှ အသားအရေတွေ ပွန်းပြီး အခန့်မသင့်ရင် ပိုမည်းသွားနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။