သားအိမ်မှာ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ်၊ အပြင်ဆုံးက အမြှေးပါးရယ်ဆိုပြီး ရှိပါတယ်။ ခုပြောမယ့် သားအိမ်ရောင် ခြင်းက Endometriumလို့ခေါ်တဲ့ အတွင်းသား ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
သားအိမ်မှာ အတွင်းသားရယ်၊ အလယ်က ကြွက်သားရယ်၊ အပြင်ဆုံးက အမြှေးပါးရယ်ဆိုပြီး ရှိပါတယ်။ ခုပြောမယ့် သားအိမ်ရောင် ခြင်းက Endometriumလို့ခေါ်တဲ့ အတွင်းသား ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။
သားအိမ်ကို ပိုးဝင်စေတဲ့ ကိစ္စမှန်သမျှက သားအိမ်ရောင်ခြင်းကို ဖြစ်စေတယ်လို့ အကြမ်းဖျင်း မှတ်ထားလို့ ရပါတယ်။ ပုံမှန်ဆိုရင် သားအိမ်ခေါင်းက သားအိမ်ထဲကို ပိုးတွေ မဝင်အောင် အပြင်ကနေ ပိတ်ပေးထားပါတယ်။ သားအိမ်ခေါင်း ပွင့်သွားတဲ့အခါ ဥပမာ ကလေးမွေးတာ၊ မိန်းမကိုယ်ကို ခွဲစိတ်မှုတွေ လုပ်တဲ့အခါ အခန့်မသင့်ရင် သားအိမ်ထဲကို ပိုးတွေ ဝင်သွားတတ်ပါတယ်။
မိန်းမကိုယ်မှာ ပုံမှန်အတိုင်း ရှိနေတဲ့ ဘက်တီးရီးယားကရော အပြင်က ဝင်လာတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားကရော သားအိမ်ရောင်တာကို ဖြစ်စေပါတယ်။
သားအိမ်ရောင်ခြင်းကို ဖြစ်နိုင်ခြေများတဲ့ ကိစ္စတွေကတော့
ဒါကတော့ အဖြစ်အများဆုံး အကြောင်းပါပဲ။ ဒါကြောင့် ကလေးမွေးတာဖြစ်ဖြစ်၊ သားပျက်တာ ဖြစ်ဖြစ် ဆေးရုံမှာ သန့်သန့်ရှင်းရှင်းနဲ့ မွေးဖို့၊ ကုသမှု ခံယူဖို့ လိုပါတယ်။
ခွဲမွေးတာကလည်း ရိုးရိုးမွေးတာထက် ပိုဖြစ်တတ်ပါတယ်။ အဲ့ဒီထဲမှာမှ ဘာမှပြင်ဆင်မှု မရှိဘဲ ဒီတိုင်း ခွဲမွေးလိုက်ရရင် ပိုဖြစ်တတ်ပါတယ်။ ခွဲမွေးတာက သားအိမ်ကို တိုက်ရိုက်ခွဲစိတ်ရတာ ဖြစ်လို့ သန့်သန့်ရှင်းရှင်းနဲ့ ခွဲမွေးနိုင်ရင် အကောင်းဆုံးပါပဲ။
အတူနေတဲ့အခါ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေက မိန်းမကိုယ်၊ မွေးလမ်းကြောင်းတွေကနေတဆင့် အပေါ်ကို တက်သွားပြီး သားအိမ်ကို ရောင်စေနိုင်ပါတယ်။ အထူးသဖြင့် ကလက်မဲဒီးယား (chlamydia)နဲ့ ဆီးပူညောင်းကျပါ။ ဒါကြောင့် အတူနေတဲ့အခါ ကွန်ဒုံးသုံးဖို့ လိုပါတယ်။ တစ်ယောက်မှာ ရောဂါရှိနေရင် အတွဲလိုက် ကုသမှု ခံယူဖို့ လိုပါတယ်။
မွေးလမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာ သဘာဝအတိုင်း ရှိနေတဲ့ ဘက်တီးရီးယားတွေ ရှိပါတယ်။ ဒီဘက်တီးရီးယားတွေက သူ့နေရာနဲ့သူဆို ဒုက္ခမပေးပေမယ့် သားအိမ်ထဲရောက်သွားရင်တော့ သားအိမ်ရောင် ခြင်းကို ဖြစ်စေနိုင်ပါတယ်။
တချို့သော ခွဲစိတ်မှုတွေ၊ စမ်းသပ်မှုတွေက သားအိမ်ထဲကို ပိုးတွေ ဝင်စေပါတယ်။ အထူးသဖြင့် အောက်က (မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း)နေ ခွဲစိတ်စစ်ဆေးရရင် ပိုဖြစ်နိုင်ပါတယ်။ ဥပမာ
-သားအိမ်ကို ချဲ့ပြီး ခြစ်တာ
-သားအိမ် အသားစယူတာ
-သားအိမ်မှန်ပြောင်း ကြည့်တာ
-သားအိမ်ထဲ ပစ္စည်းထည့်ပြီး သန္ဓေတားတာ
-ခွဲမွေးတာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါတွေက ဖြစ်နိုင်ခြေ ရှိတယ်ဆိုပေမယ့် ဒီလို ခွဲစိတ်မှုတွေ လုပ်တိုင်း သားအိမ်ရောင် တာတော့ မဟုတ်ပါဘူး။ သန့်သန့်ရှင်းရှင်းနဲ့ ပိုးသတ်ပြီးမှ လုပ်မယ်ဆို ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။
Pelvic inflammatory diseaseလို့ခေါ်ပြီး တင်ပဆုံတွင်းက အင်္ဂါတွေ အထူးသဖြင့် မျိုးပွားအင်္ဂါတွေ ရောင်ရမ်းတာ များပါတယ်။ တစ်နေရာမှာ ရောင်ရမ်းရင် နောက်တစ်နေရာကို အလွယ်တကူပြန့်သွားနိုင်ပါတယ်။ မကုသဘဲထားရင် အခြေအနေဆိုးနိုင်တဲ့ ရောဂါတစ်မျိုးပါ။
သားအိမ်ရောင် တဲ့အခါ အတွေ့ရများတဲ့ လက္ခဏာတွေကတော့
တစ်ခါတလေ ဘာလက္ခဏာမှ မပြဘဲ ဆေးစစ်ရင်းနဲ့မှ တွေ့မိတာမျိုးလည်း ရှိပါတယ်။ အပေါ်က လက္ခဏာတွေ ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အပေါ်က လက္ခဏာတွေ ခံစားရလို့ ဆရာဝန်နဲ့ ပြခဲ့ရင် အရင်ဆုံး လူနာကို ရောဂါရာဇဝင်နဲ့ စမ်းသပ်ချက်တွေ လုပ်မှာပါ။ မိန်းမကိုယ်နဲ့ သားအိမ်ကို လက်နဲ့ စမ်းသပ်ရနိုင်ပါတယ်။ ပြီးရင်တော့ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့
ဒါတွေက အသုံးများတဲ့ ဆေးစစ်ချက်တွေ ဖြစ်ပြီး လူနာတစ်ယောက်နဲ့ တစ်ယောက် ကွာခြားနိုင်ပါတယ်။ အကုန်လိုချင်မှ လိုမှာပါ။
သားအိမ်ရောင် တာကို ကုသတယ်ဆိုတာက သားအိမ်မှာရှိတဲ့ ပိုးကို ဖယ်ရှားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်
မကုဘဲထားမယ်၊ သက်သာသွားမှာပါဆိုပြီး စောင့်နေရင် ကြာလာတဲ့အခါ
ခွဲစိတ်မှု မလုပ်ခင်မှာ သင်က သားအိမ်ရောင် နိုင်ခြေ များတဲ့သူဖြစ်နေမယ်ဆိုရင် ဆရာဝန်က ပိုးသတ်ဆေး ကြိုပေးတာမျိုး လုပ်ပါလိမ့်မယ်။ အမြဲတမ်းတော့ လိုချင်မှ လိုမှာပါ။ ခွဲစိတ်မယ့် ပုံစံ၊ သင့်ရောဂါအခြေအနေပေါ်လည်း မူတည်ပါတယ်။ ခွဲပြီးရင်လည်း ပိုးသတ်ဆေး လိုကောင်း လိုနိုင်ပါတယ်။
ဒါ့ပြင် ခွဲပြီးရင်၊ ကလေးမွေးပြီးရင်လည်း သားအိမ်ရောင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်နေဖို့ လိုပါတယ်။ တစ်ခုခု သံသယဖြစ်တယ်ဆိုတာနဲ့ ဆရာဝန်ကို အကြောင်းကြားတာ၊ ပြန်ပြတာ လုပ်ဖို့ လိုပါတယ်။
လိင်ကတဆင့် ကူးတတ်တဲ့ ရောဂါတွေ ဆိုရင်တော့ မကူးအောင် အကောင်းဆုံးနည်းလမ်းက ကွန်ဒုံးသုံးဖို့ပါပဲ။ အထူးသဖြင့် လင်မယားခြင်း မဟုတ်ဘူးဆိုရင် ပိုပြီး လိုအပ်ပါတယ်။
သားအိမ်ရောင်တာက ကုသလို့ရတဲ့ ရောဂါပါ။ ဒါကြောင့် သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် လက္ခဏာတွေကို စောစောသတိထားမိပြီး စောစောကုသဖို့တော့ လိုပါတယ်။ မဟုတ်ရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။