တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသလို ဖြစ်ပြီး နေရထိုင်ရတာ သက်သောင့်သက်သာ မဖြစ်တာကြောင့် ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ ဘရာဝတ်အိပ်တာက အရေပြားတွေကို ပွန်းစေနိုင်ပြီး အရေပြားတွေကို နာကျင်စေတာမျိုး ခံစားရစေနိုင်ပါတယ်။
ဘရာကို တင်းတင်းကျပ်ကျပ် ဝတ်အိပ်တာက အရေပြားပွန်းစေတာကြောင့် မယ်လ်လာနင် ထွက်ရှိမှုကို မြင့်တက်စေပြီး အရေပြားမှာ အရောင်ရင့်တာ၊ အညိုအမည်း ထင်းတာလိုမျိုး အရေပြားပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ညအိပ်တဲ့အခါ ဘရာဝတ်အိပ်တာက ဘရာဝတ်ထားတဲ့နေရာတဝိုက်မှာ ချွေးအိုက်တာမျိုးဖြစ်စေပြီး မှိုပိုးတွေ ပေါက်ဖွားလွယ်နိုင်ပါတယ်။ အရေပြားမှာ မှိုစွဲတာလိုမျိုး အရေပြား ပြဿနာကို ခံစားရနိုင်ပါတယ်။
အဆိပ်အတောက် ဖယ်ရှားမှုမှာ အဟန့်အတား ဖြစ်စေနိုင်တယ်။
ညဘက်မှာ ဘရာ ဝတ်အိပ်တာက ပြန်ရည်ကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ ဘရာ ခပ်တင်းတင်း ဝတ်ထားတာက ရင်သားတဝိုက် သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အသက်ရှူရတာလည်း အဆင်မပြေတာမျိုး ခံစားရနိုင်ပါတယ်။
ညဘက်ကို ဘရာ ချွတ်အိပ်တဲ့အခါ
ညဘက်ကို သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် ဘရာ ချွတ်အိပ်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေကို ခံစားရစေနိုင်ပါတယ်။
အသက်ရှူရတာ သက်တောင့်သက်သာ ဖြစ်စေတယ်။
လှဲအိပ်လိုက်တဲ့အခါ လေပြွန် အထက်ပိုင်းက ပုံမှန် အနေအထားထက် ကျဉ်းသွားတတ်ပါတယ်။ ဒီအနေအထားက အဆုတ်တွေဆီကို လေရောက်ရှိဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒီလို အနေအထားမှာ ဘရာကို ခပ်တင်းတင်း ဝတ်ဆင်ထားတာက နံရိုးတွေကို လေရှူချိန်မှာ ပြည့်ပြည့်ဝဝ ပြန့်ကားခွင့် မရစေဘဲ အသက်ရှူ မဝတာမျိုး ခံစားရစေနိုင်ပါတယ်။
ဒါကြောင့် ညအိပ်တဲ့အခါ ဘရာချွတ်အိပ်မယ်ဆိုရင် အသက်ရှူရတာ သက်သောင့်သက်သာ ဖြစ်စေမှာပါ။ ကိုယ်တွင်းမှာလည်း အောက်ဆီဂျင် ပိုမို ရရှိစေနိုင်တာကြောင့် ညဘက်မှာ ပိုမို အိပ်ပျော်စေမှာပါ။
ပူအိုက်တဲ့ ရာသီတွေမှာဆိုရင် ချွေးတွေထွက်တာကြောင့် ဘရာတဝိုက်မှာ ချွေးတွေ စိုထိုင်းထိုင်းဖြစ်တာကြောင့် ကိုယ်နံ့ပြင်းတာ၊ ဝက်ခြံထွက်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
ညဘက်အိပ်တဲ့အခါ ဘရာချွတ်အိပ်မယ်ဆိုရင် အရေပြားကို ချွေးကြောင့် ထိခိုက်မှုတွေကနေ အကောင်းဆုံး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဘရာက ချိတ်၊ ကြယ်သီးစတာတွေက အရေပြားကို ပွန်းပဲ့စေနိုင်သလို ဘရာက အသားကြမ်းမယ်ဆိုခဲ့ရင်လည်း ညအိပ်တဲ့အခါ အသားနဲ့ ပွတ်တိုက်မိပြီး ပွန်းပဲ့တာမျိုး ခံစားရနိုင်ပါတယ်။
ညအိပ်တဲ့အခါ ဘရာ ချွတ်အိပ်လိုက်တာက ဒီပြဿနာကို ကင်းဝေးစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။