အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက်

ကျန်းမာရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောရမှာ၊ မေးရမှာ ရှက်ရွံ့ကြတဲ့အထဲမှာ မိန်းမကိုယ်ကျန်းမာရေးလည်းပါဝင်ပါတယ်။ မိန်းကလေးတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် သူနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေကိုလည်းသိထားသင့်တာပေါ့။ မမြင်ကွယ်ရာ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် သူ့မှာပြဿနာတစ်ခုခုရှိနေရင် စိတ်ဖိစီးတာတွေ၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာတွေ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာတာတွေ စတဲ့ တခြားကိစ္စတွေမှာပါ ထိခိုက်လာစေနိုင်တာကိုး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ မေးဖို့ ရှက်ကြတဲ့ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် လေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် (၈) ချက် မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှုရှိနေတဲ့ အချက် တွေက ဘာတွေများလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်နဲ့သားအိမ်ဟာ မိန်းကလေးတွေမှာပဲရှိတဲ့ ထူးခြားတဲ့လက်ဆောင်ပါ။ ဒီအစိတ်အပိုင်းတွေကြောင့်ပဲ အမေမွေးလို့ လူတွေဖြစ်လာတာမဟုတ်လား။ မိန်းမကိုယ်ကို အမျိုးသမီးအင်္ဂါရဲ့အပြင်ဘက် ယောနိဝကနေ သားအိမ်ခေါင်းဆီကို တွယ်ဆက်ထားတဲ့မွေးလမ်းကြောင်းလို့လည်း ခေါ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်နေတဲ့ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ဘယ်အချက်တွေက သက်ရောက်မှုရှိနိုင်လဲဆိုတာ ဆက်လေ့လာကြည့်ကြမယ်။ (၁) […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားတွေ ဘာကြောင့် ယားရတာလဲ

ရင်သားတွေဟာ အာရုံခံစားနိုင်စွမ်းကောင်းမွန်ပြီး နူးညံ့တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်သားဟာ ယားယံလွယ်တတ်ပါတယ်။ များသောအားဖြင့် ရင်သားတွေ အဝတ်နဲ့ ပွတ်တိုက်မိခြင်း၊ နှင်းခူနာ၊ နို့ချိုတိုက်ကျွေးရခြင်း၊ သန္ဓေလွယ်ထားရခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် ရင်သားတွေ ယားယံတတ်ကြပါတယ်။ ပြင်းထန်တဲ့ ရောဂါ ဖြစ်နေလို့ ရင်သားယားယံတဲ့ ဖြစ်စဉ်တွေက တော်တော်ရှားပါတယ်။ ရင်သားယားယံတဲ့အခါ များသောအားဖြင့် ကုတ်လိုက်ရုံနဲ့ သာမန်ပျောက်သွားလေ့ရှိပေမဲ့ တစ်ခါတစ်ရံ ယားနာပျောက်ဆေးလို ဆေးတွေသုံးတာတောင် ယားနေတုန်းဆိုရင်တော့ တခြား ရောဂါတွေ ဖြစ်နေနိုင်တဲ့အတွက်ဆရာဝန်ထံ သွားရောက်ပြသသင့်ပါပြီ။ ကျွန်တော် ဒီဆောင်းပါးလေးထဲမှာတော့ Hello ဆရာဝန် စာဖတ်ပရိတ်သတ် အမျိုးသမီးတွေအတွက် ရင်သားတွေ ဘာကြောင့် ယားရတာလဲ ဆိုတာကို ဖော်ပြပေးသွားမှာပါ။ ရင်သားတွေ ဘာကြောင့် ယားရတာလဲ ၁။ ရာသီဥတု ခြောက်သွေ့ခြင်း။ အေးချမ်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုတွေက သင့်ရဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal pH ဆိုတာ မိန်းကလေးတွေအတွက် ဘာလို့အရေးကြီးတာလဲ

မိန်းကလေးတွေမှာပဲ ပိုင်ဆိုင်တဲ့ မိန်းမကိုယ်ဆိုတာ ဆန်းကြယ်တဲ့ဖွဲ့စည်းမှုတစ်ခုပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်၊ လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တယ်၊ သူ့ရဲ့သန့်ရှင်းမှုအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးမယ့် သဘာဝစနစ်လည်းပါရှိပြီးသားဖြစ်ပါတယ်။ ပိုထူးဆန်းတာက မိန်းမကိုယ်ကနေထွက်ရှိတဲ့ အရည်(ရာသီသွေးမဟုတ်တဲ့)တွေက သူ့အလိုလိုဆေးကြောသန့်စင်ပေးပြီးရောဂါပိုးတွေကိုဖယ်ရှားပေးတယ်၊ ကျန်းမာတဲ့ pH အဆင့်ကိုထိန်းညှိထားနိုင်ရင် အကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှင်သန်နိုင်ပြီးရောဂါပိုးတွေကိုခုခံကာကွယ်ပေးနိုင်တယ်။ အများစုသိထားကြတာက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်အောက်ပိုင်းအစိတ်အပိုင်းတွေက မသန့်ရှင်းဘူး၊ ညစ်ပတ်တယ်လို့။ အဲဒီတော့ သန့်အောင်၊အနံ့အသက်မထွက်အောင် ဆိုပြီး ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာတွေနဲ့သေချာဆေးကြောကြတာပေါ့။ ဒီနေရာမှာပဲ မိန်းမကိုယ်ကို အလိုအလျောက် စောင့်ရှောက်ပေးမယ့် သဘာဝ pH စနစ်က ပျက်ယွင်းသွားပါတော့တယ်။ Vaginal pH ဆိုတာ ဘာလဲ pH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ

အမျိုးသမီးများ အထူးစားသုံးပေးသင့်တဲ့ အစားအသောက်များ ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာရဓါတ်တွေ လုံလုံလောက်လောက်စားသုံးပေးဖို့ ဆိုတာ လူတိုင်း အတွက် အရေးကြီးပါတယ်။ ဒီအထဲမှာမှ တစ်ချို့သော အစားအစာတွေက အမျိုးသမီးတွေရဲ့ အရိုးကြွပ်ဆပ်ခြင်းကို တားဆီးပေးခြင်း၊ သန္ဓေသားအတွက်ကောင်းမွန်ခြင်းနဲ့ ရင်သားကင်ဆာကို တားဆီးပေးနိုင်ကြပါတယ်။ ဒီလို အမျိုးသမီးတွေ အတွက် အထူးသင့်တော်တဲ့အာဟာရတွေ စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အသက်အရွယ်ရလာချိန်အထိတောင် အထူးကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ (၁) ကိုက်လန် ကိုက်လန်ဆိုတာ ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံး အသီးအနှံလို့တောင်ပြောလို့ရပါတယ်။ ကိုက်လန်မှာပါတဲ့ အာဟာရတွေက အမျိုးသမီးတွေရဲ့ အရေပြား၊ ဆံပင်နဲ့ အရိုးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက်လည်း အစာခြေ စနစ်အတွက်ကောင်းမွန်ပြီး နှလုံးသွေးကြော ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုက်လန်မှာ ဗီတာမင် K ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာတဲ့ ရင်သား တွေကို ပိုင်ဆိုင် ရရှိစေနိုင်မယ့် နည်းလမ်းများ

ရင်သား ကင်ဆာ ဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပါ။ မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့ မှတ်တမ်းရှိမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက ပိုပြီးမြင့်ပါတယ်။ အသက်အရွယ်ရလာတာနဲ့ မျိုးပွားဟော်မုန်း ပမာဏတွေ ပြောင်းလဲလာမှုကြောင့် ရင်သားက စတင်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ရင်သားက ပိုပြီး ပျော့ကာ တွဲကျလာမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရပ်တွေအပြင် နောက်ထပ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ အကျိတ်တွေနဲ့ ရင်သားကင်ဆာပါပဲ။ ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် အမြန်ဆုံး သိရှိနိုင်ဖို့ အတွက် ပုံမှန်ဆေးစစ်မှု ခံယူဖို့က အရမ်းအရေးကြီးပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေး အလှအပကို မျက်ခြေမပျက် အမြဲစောင့်ကြည့်နေသလိုမျိုး ရင်သားတွေကိုလည်း အမြဲတမ်းပုံမှန်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ သင့်အနေနဲ့ ရင်သားပေါ်က ပြောင်းလဲမှုတွေကို စစ်ဆေးဖို့အတွက် စစ်ဆေးနည်းတွေကို ဆရာဝန်များထံမှ သင်ယူပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

အမျိုးသမီး တစ်ယောက်ရဲ့ ရင်သားတွေဟာ အပျိုဖော်ဝင်ခြင်းနဲ့ သန္ဓေဆောင်ခြင်းတို့လို သဘာဝ ဖြစ်စဉ်တွေကြောင့် ပြောင်းလဲတတ်ပါတယ်။ ရင်သား ထိပ်ခေါင်းတွေကတော့အရောင် မပြောင်းတတ်ကြပေမဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က areola လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ အရေပြားဧရိယာလေးကတော့ အရောင်ပြောင်းနိုင်ပါတယ်။ အာရှသူတွေအတွက် ရင်သားထိပ်ခေါင်းတွေက ညိုတတ်ပေမဲ့ တချို့အချိန်တွေမှာ အရောင်ပိုရင့်တတ်ပါတယ်။ ပုံမှန်အားဖြင့် Areola အရောင်ပြောင်းတာက အန္တရာယ် မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ ကျန်းမာရေး အန္တရာယ်ရှိနေနိုင်တဲ့ အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ သောက်သုံးရတဲ့ သန္ဓေတားဆေးများ၊ အပျိုဖော်ဝင်ခြင်း၊ သန္ဓေဆောင်ရခြင်း၊ ရင်သားထိပ်ခေါင်းများမှ အမွေးများကြောင့်၊ ဓမ္မတာ လာခြင်းကြောင့်၊ နို့ချို့တိုက်ကျွေးရခြင်း၊ ကင်ဆာရောဂါ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ နောက်လာမယ့်စာပိုဒ်တွေမှာတော့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု

သင့် နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေ (nipple hair) ကြောင့် ရှက်ရွံတာမျိုး ခံစားဖူးပါသလား။ ဒါဆိုရင် စိတ်မပူပါနဲ့တော့။ ခုဖော်ပြမယ့် ဆောင်းပါးက နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်း ၃ ခုကို ဖော်ပြသွားမှာပါ။ နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်း ၃ ခု နို့သီးခေါင်းပတ်လည်က အမွေးအမျှင်တွေကို ဖယ်ရှားပေးမယ့် နည်းလမ်းတွေကတော့ Laser Hair Removal Laser Hair Removal က မည်းမှောင်သော nipple hair ရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါ။ အမွေးအမျှင်တွေကို အားလုံးဖယ်ရှားမပြီးခင်မှာ ကုသမှုအချို့ကို ခံယူရပါမယ်။ နို့သီးခေါင်းပတ်လည်နေရာတွေက ထိရှလွယ်တာကြောင့် လူတစ်ယောက်ဆီကိုလိုက်ပြီး တခါတလေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီအလှအပအတွက် ကုသပေးတဲ့သူဆီမှာ ထုံစေတဲ့အဆီမျိုး တောင်းလို့ရနိုင်ပါတယ်။ ဒါက သင့်ကုသမှုကို အတတ်နိုင်ဆုံး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ

ဘရာစီယာကို ဘယ်လောက်နေရင် တစ်ခါလျှော်သင့်လဲ ....... တစ်ခါဝတ်ပြီးတိုင်းလား။ တစ်ပတ်တစ်ခါလား။ ၂ပတ် ၃ပတ်နေမှလား။ အမှန်တော့ ခဏခဏ လျှော်နေဖို့ သိပ်မလိုပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင် ဘရာစီယာဟာ အကူအညီပေးလား ဒုက္ခပေးလား ဘရာစီယာနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ ပြဿနာတွေ ရှိပါတယ်။ တချို့ ဘရာစီယာအမျိုးအစားတွေက  တခြားအမျိုးအစားတွေထက် ပိုဆိုးပါတယ်။ မတော်တဲ့ ဘရာစီယာဟာ ပိုပြီး ဒုက္ခပေးပါတယ်။ ဒါပေမယ့် တင်းကျပ်တဲ့၊ မတော်တဲ့ ဘရာစီယာတွေထက် ပိုဆိုးတဲ့ အမျိုးအစားကတော့ ပုံဖော်ချုပ်လုပ်ထားတဲ့ ဘရာစီယာပါပဲ။ အဲဒီအမျိုးအစားတွေဟာ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပုံဖော်ထားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဆိုဒ်ကို သေချာ မတိုင်းတဲ့အခါ ရင်သားတွေနာတာ၊ ပုခုံးတွေ နာတာကို ခံစားရတတ်ပါတယ်။ ဘယ်လောက်ဆိုရင် များသွားမလဲ ဘရာစီယာကို ဘယ်အချိန်က နောက်ဆုံး လျှော်ခဲ့ပါသလဲ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း

ရင်သားရောဂါပိုးဝင်ခြင်း၊ တနည်း ရင်သားရောင်ရမ်းခြင်းဟာ သွေးဆုံးပြီးချိန်မှာတွေ့ရတတ်တဲ့ရောဂါတစ်ခုဖြစ်ပြီး တခါတရံမှာ နို့တိုက်နေတဲ့မိခင်တွေမှာပါတွေ့ရတတ်ပါတယ်။ နို့မတိုက်ရတဲ့အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ရင်သားတစ်သျူးထဲရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်းကြောင့်ဖြစ်ပြီး နို့သီးခေါင်းအက်ကွဲခြင်း၊ နာကျင်ခြင်း၊ ရင်သားတွင် အဖုအကျိတ်များပေါ်ခြင်း၊ နီရဲခြင်း၊ ပူနေခြင်းတို့သတိထားမိနိုင်ပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာဆိုရင် လိုအပ်တာထက်ပိုစောစော ကလေးကိုနို့ဖြတ်ရတတ်ပါတယ်။ ဒါကြောင့် ထိုဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေအကြောင်းသိပြီး ဘယ်လိုဖြေရှင်းရမလဲသိရဖို့ ကြည့်လိုရအောင်။ အကြောင်းအရင်းများ Staphylococcus aureus လို့ခေါ်တဲ့ သာမန်အရေပြားမှာတွေ့ရတတ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ရင်သားရောင်ရမ်းတတ်တယ်။ ထိုဘတ်တီးရီးယားက ထိခိုက်ခြင်းကြောင့်အရေပြားအက်ကွဲခြင်း မှတဆင့် ရင်သားအရေပြား သို့ နို့သီးခေါင်းထဲဝင်လာတတ်ပါတယ်။ ထို့နောက်မှာတော့ အဆီတစ်သျူးတွေထဲမှာနေကာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားအက်ကွဲခြင်းတို့ဖြစ်လာစေပါတယ်။ တဖြေးဖြေး ရောင်ရမ်းခြင်းကြီးလာကာ နို့ရည်ပြွန်တွေပါ ပိတ်သွားပါတယ်။ နို့တိုက်မိခင်တွေမှာထိုအခြေအနေတွေခံစားရတတ်တယ်။ များသောအားဖြင့်မိခင်တွေကနို့ရည်တွေမထုတ်တဲ့အခါ နို့ရည်ပြွန်များခဲလာပြီး ရင်သားရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာတော့ နို့တိုက်မိခင်မဟုတ်ဘဲ ရင်သားရောင်ရမ်းပါက ရင်သားကင်ဆာလက္ခဏာဖြစ်တယ်။   ခံစားရနိုင်သောလက္ခဏာများ အောက်ပါပုံမှန်မဟုတ်သောအချက်များတွေ့ပါက ရင်သားရောင်ရမ်းခြင်းဟုထင်ရနိုင်ပါတယ်။ ပုံမှန်မဟုတ်ရောင်ရမ်းခြင်း တုပ်ကွေးမိခြင်းကဲ့သို့လက္ခဏာများ ရင်သားနာကျင်ခြင်း၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်

Breast Fibroadenoma ဆိုတာ ဘာလဲ Breast Fibroadenoma ဆိုတာ ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပြီး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးကို ခေါ်တာဖြစ်ပါတယ်။ အများအားဖြင့် ဒီအကျိတ်မျိုးဟာ လူကို ဒုက္ခမပေးတဲ့အပြင် ကုသမှုခံယူစရာမလိုဘဲ အလိုလို ပျောက်သွားတတ်ပါတယ်။ ကင်ဆာမဟုတ်တဲ့အတွက် အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ Fibroadenoma ရင်သားအကျိတ်တွေဟာ အရွယ်အစားသေးငယ်တဲ့ ခပ်မာမာအလုံးသဏ္ဍာန် ရှိနေတတ်ပြီး စမ်းသပ်ကြည့်ရင်လည်း သင့်ကို နာကျင်စေမှာ မဟုတ်ပါဘူး။ Fibroadenoma ရင်သားအကျိတ် နှစ်မျိုးရှိပါတယ်။ ရိုးရိုး Fibroadenoma - ၎င်းတို့ကို အဏုမှန်ပြောင်းအောက်မှာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ရင် ညီညီညာညာ တွေ့မြင်နိုင်မှာဖြစ်ပြီး ရင်သားကင်ဆာအဖြစ် ပြောင်းလဲသွားနိုင်ချေ မရှိပါဘူး ရှုပ်ထွေးသည့် Fibroadenoma - ဒီအမျိုးအစား ရင်သားအကျိတ်တွေမှာတော့ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ အရည်တွေ၊ အနည်ကျထားတဲ့ ကယ်လ်ဆီယမ်တွေ ပြည့်နေတဲ့ အကြီးစားအရည်အိတ်တွေ ပါဝင်ပါတယ်။   ဘာကြောင့် Fibroadenoma […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)