အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း က ဘာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ ရင်သားအရည်အိတ်တည်ခြင်း ဆိုတာ Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။ ရင်သားတစ်ရှူးများ အမာရွတ်ကဲ့သို့ မာသွားခြင်း ကင်ဆာမဟုတ်သည့် အရည်အိတ်များကြောင့် ရင်သားတစ်ရှူးများတင်းပြီး နာကျင်ခြင်း ရင်သားအရည်အိတ်တည်ခြင်း ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ ဓမ္မတာမလာမီ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု

ပခုံးဖော်ဝတ်စုံ ရိုးရိုးလေးတစ်စုံ ဝတ်ထားသူ တစ်ယောက်ဟာ လေးလက်မ အမြင့် ဒေါက်ဖိနပ် စီးလိုက်ရုံနဲ့ နဂိုထက် ဆယ်ဆလောက် ဆွဲဆောင်မှုရှိသွားတယ်ဆိုတာ ဘယ်သူကမှ ငြင်းဆန်လိမ့်မယ် မထင်ပါဘူး။ ဒေါက်မြင့်ဖိနပ် စီးခြင်းဟာ အမျိုးသမီးတွေကြား အငြင်းအပွားရဆုံး အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ် စီးလေ့ရှိသူ အမျိုးသမီးတွေ ကိုယ်တိုင်က ဒီဖိနပ်တွေ စီးထားစဉ်မှာ အလွန်နာကျင်ရပေမယ့် ဒီနာကျင်မှုကို ကျေကျေနပ်နပ် လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ဒေါက်မြင့်ဖိနပ်စီးခြင်းကြောင့် ရလာနိုင်သည့် ဆိုးကျိုး ၅ခု ကတော့ ကျောရိုးမကြီး ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်က ကျောရိုးမကြီးမှာ လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ထိန်းပေးမယ့် အကွေး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားကို စီစဉ်ထားပြီးသားပါ။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာ မဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့ အနေအထားမှာ ရှိနေသူတွေအနေနဲ့က အခက်အခဲ ရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ ဆိုတော့ ၁။ စိတ်ဖိစီးမှုများလာမယ်။ အတူနေတာက စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ သွေးလည်ပတ်မှု ကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှု လျော့ကျသွားစေဖို့ အကြီးအကျယ် အထောက်အကူပြုပြီး နုပျိုကျန်းမာ စေပါတယ်။ အတူမနေတာ ကြာရင်တော့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ်

အသက်ကြီးလာတာနဲ့ ကိုယ်ရောစိတ်ရော ကျန်းမာရေးရော ပြောင်းလာပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝရဲ့ နောက်ပိုင်းရက်တွေမှာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံးမြှင့်တင်ပြီး ပျော်ရွှင်စေဖို့ အောက်ပါနည်း ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ် ကို မွေးမြူကြည့်ပါ။ အိုမင်းခြင်းကို အပျက်သဘောလို့ မြင်တဲ့သူအများစုထဲမှာ သင်ပါနိုင်ပါတယ်။ မျက်နှာအရေးအကြောင်းတွေ ထလာတာ၊ အင်္ကျီတွေ မတော်တော့တာ၊ ခဏခဏ ကိုက်လိုက်နာလိုက်နဲ့ ကျန်းမာရေးမကောင်းတာ စတာတွေကို သင်ကြုံရတော့မယ်လို့ ထင်နေတာမျိုးပေါ့။ ဒါပေမယ့် အိုမင်းလာတယ်ဆိုတာ အဲ့တာတင်တော့မဟုတ်ပါဘူး။ အတွေ့အကြုံများလာမယ်၊ ရင့်ကျက်သွားမယ်၊ ဉာဏ်ပညာပြည့်စုံပြီး ရှုထောင့်မျိုးစုံကမြင်တတ်လာမယ်။ သင်ဟာ အသက်ကြီးလာတဲ့အမျှ ဘဝကိုပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်။ ကျန်းမာသောအမျိုးသမီးကြီးတို့၏ လျှို့ဝှက်ချက် ၇ သွယ် ၁။ ပြောင်းလဲမှုတွေကိုကြိုဆိုနိုင်ဖို့လေ့လာပါ။ အသက်ကြီးလာတာနဲ့ ပြောင်းလဲမှုတွေကို သင်သတိထာမိပါလိမ့်မယ်။ သင်ရှုမြင်တတ်ရင် အရင်ကနဲ့ လုံးဝမတူတော့ဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ ဒီလိုဖြစ်လဲ Ok ပါပဲ။ တချို့က ကိုယ်ဘယ်သူဆိုတာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ

ရင်သားကျန်းမာလှပဖို့ စားပေးသင့်တဲ့ အစားအစာများ ရင်သားလေး လှပပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုစေမှာပါ။ ရင်သား ကျန်းမာရေး ကောင်းမွန်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ အစားအစာတွေက ခန္ဓါကိုယ် အားအင်ရှိဖို့ အထောက်အကူပြုသလို ရင်သားက ကြွက်သားတွေ သန်မာဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။ ဘာတွေ စားရမလဲဆိုတာ ဖတ်ကြည့်ဦးနော်။ အဆီပါတဲ့ငါး အဆီပါဝင်တဲ့ ငါးတွေမှာ ရင်သားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အိုမီဂါ (၃) နဲ့ ဗီတာမင် ဒီတွေ ပါဝင်ပါတယ်။ ဗီတာမင် ဒီ လုံလုံလောက်လောက် ပါဝင်တာက ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း လျှော့ကျစေပါတယ်။ မာကျူရီ အများကြီး ပါတဲ့ ပင်လယ်စာတွေကိုတော့ ရှောင်စားရမှာပါနော်။   မုန်လာဥ မုန်လာဥကတော့ ရင်သားပတ်လည်မှာ ရှိတဲ့ တစ်ရှူးတွေဆီ သွေးစီးဆင်းမှု အားကောင်းစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းတာကြောင့် မုန်လာဥကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ကဘာလဲ။ တချို့အရာတွေက မိန်းမကိုယ်တွင်းထားရှိဖို့ ရည်ရွယ်ထုတ်လုပ်ထားတာတွေဖြစ်ပါတယ်။ တမ်ပွန်တွေ၊မိန်းမကိုယ်ဆေးတောင့်တွေ၊တခြားသောဆေးဝါးတွေက မိန်းမကိုယ်တွင်းထည့်ရတဲ့အရာတွေဖြစ်ပါတယ်။ တခြားအရာတွေကတော့ ထည့်ဖို့မရည်ရွယ်ထားသလို မတော်တဆ သို့မဟုတ် တမင်ထည့်မိတာတွေရှိနိုင်ပါတယ်။ ဒီအရာတွေကို ဆရာဝန်တွေက “ပြင်ပပစ္စည်း” တွေလို့ သတ်မှတ်ထားကြပါတယ်။ ဒီအရာတွေက ရောဂါလက္ခဏာတွေပြလာနိုင်သလို မပြပဲလဲ အချိန်အကြာကြီးရှိနေနိုင်ပါတယ်။ Vaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အရွယ်ရောက် အမျိုးသမီးတွေထက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVaginal Foreign Body (မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ မိန်းမကိုယ်တွင်း ပြင်ပပစ္စည်းဝင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်အရည်ဆင်းခြင်း ပုံမှန်အားဖြင့် အနံ့ဆိုးတတ်ပြီး အဝါ၊ ပန်းရောင် သို့ အညိုရောင်ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်သွေးထွက်ခြင်း အထူးသဖြင့် နည်းနည်းပါးပါး ထွက်တတ်ပါတယ်။ မိန်းမကိုယ်ယားခြင်း သို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကဘာလဲ။ မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများဟာ တင်ပါးဆုံ အစိတ်အပိုင်းများကို ထောက်ပံ့ပေးပါတယ်။ ထိုထဲတွင် fascia အပေါ်ယံလွှာ လည်းပါဝင်ပါတယ်။ ထိုထောက်ပံ့ပေးနေသော မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများ အားနည်းလာပါက မိန်းမကိုယ် ကျွံခြင်း vaginal prolapse ကိုဖြစ်စေပါတယ်။ Vaginal prolapse ဆိုသည်မှာ သားအိမ်၊ ဝမ်းအိမ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူသိမ်၊ သို့မဟုတ် မိန်းမကိုယ် ကိုယ်တိုင်ဟာ ကျွံထွက်လာခြင်းဖြစ်ပါတယ်။ ကုသမှုမလုပ်ပါက တဖြည်းဖြည်း ပိုကျွံလာနိုင်ပါတယ်။ Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ကဘာလဲ။ Bartholin cyst ဆိုသည်မှာ မိန်းမကိုယ်၏ ဘေးတစ်ဘက် သို့မဟုတ် နှစ်ဘက်လုံးမှာ ဖေါင်းကြွ အလုံးဖြစ်လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ Bartholin gland ဟုခေါ်သော ချွေးထုတ်ပေးသော ဂလင်းတစ်ခု ၏ပြွန်များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ပိုးမဝင်သော အလုံးများမှာ ကုသစရာ မလိုဘဲ ပျောက်ကင်းနိုင်ပါတယ်။ Bartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၂၀ နှင့် ၂၉ ကြားတွင် ဖြစ်နိုင်ချေ ပိုများပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBartholincyst (မိန်းမကိုယ်အလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာတွေဟာ ဝေဒနာရှင်ရဲ့ အခြေအနေပေါ်မူတည်ပါတယ်။ အဓိက လက္ခဏာမှာ မိန်းမကိုယ် အနီးတွင် အလုံးဖြစ်လာပြီး ထိုအလုံးသည် ပိုးဝင်ပါက နာကျင်ပြီး ပိုးမဝင်ပါက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား

တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား ..... ဒါဆိုရင်တော့ နည်းလမ်းလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းကလေးတိုင်း ခန္ဓါကိုယ်လေး လှချင်ကြတာချည်း ပါပဲ။ တချို့တွေကတော့ မျိုးရိုးနဲ့ ခန္ဓါကိုယ် ကောက်ကြောင်း လှလှလေး ရှိကြပါတယ်။ တချို့မှာတော့ မရှိပြန်ပါဘူး။ ရင်သားလေး တင်းရင်းလှပဖို့ GYM ဆော့တာတွေလည်း ရှိသလို အိမ်မှာနေရင်းနဲ့ ရင်သားလေးတင်းရင်းပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းလေးတွေ ရှိတယ်နော်။ တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား တင်းရင်းပြီး ဖွံ့ဖြိုးတဲ့ ရင်သားတစ်စုံ ပိုင်ဆိုင်ချင်သလား။ ဒါဆိုရင်တော့ နှိပ်နယ်ခြင်း ရင်သားလေးတွေကို နည်းစနစ် မှန်မှန် နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကို အားကောင်းစေပြီး ရင်သားတွေ ဖွံ့ဖြိုးစေပါတယ်။ ရင်သားလေးတွေကို အောက်ဘက်ကနေ ပင့်ပြီး အပေါ်ဘက်ကို စက်ဝိုင်း ပုံသဏ္ဍန်လေး နှိပ်နယ်ပေးပါ။ သံလွင်ဆီလေး သုံးပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ

Vagina တစ်ခုရဲ့ ရှုပ်ထွေးသောဖွဲ့စည်းပုံ Vagina ကြောင့် ကိုယ်လက်နှီးနှောရာတွင်စိတ်အလှုပ်ရှားဆုံးကာလသို့ရောက်တာလား၊ မိန်းမအင်္ဂါအစေ့ (Clitoris) ကြောင့် ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံးကာလသို့ ရောက်တာလား။ G-spot ကြောင့်လား။ Vulva လို့ခေါ်တဲ့ မိန်းမကိုယ်အဝ ကြောင့်လား။ အထက်ပါ အမျိုးသမီး လိင်အင်္ဂါ အစိတ်အပိုင်းတွေဟာ လိင်ကိစ္စနဲ့ မျိုးပွားခြင်းဆိုင်ရာမှာ အရေးပါတဲ့အင်္ဂါတွေဖြစ်ပြီး ဒီအင်္ဂါတွေရဲ့ အကြောင်းတွေကိုလည်း လူသိနည်းကြပါတယ်။ အခုလိုတိုးတက်လာတဲ့ Digital ခေတ်ကြီးထဲမှာ လိင်မှုကိစ္စနဲ့ အမျိုးသမီး ခန္ဓာကိုယ်တွေရဲ့ ပုံရိပ်တွေကိုလူအများစု ပိုပြီးမြင်လာတွေ့လာကြပေမဲ့ လူတိုင်း တိတိကျကျ နားမလည်ကြပါဘူး။ လိင်မှုကိစ္စဟာ လူတွေကို ပျော်ရွှင်စေပြီး သံယောဇဉ်ကြိုးတွေ နှောင်ဖွဲ့ရာမှာ အရေးပါတဲ့ အရာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်တာကြောင့် ဒီလို ပျော်ရွှင်မှုတွေ လိုချင်တဲ့လူတွေ အားလုံးသိထားသင့်ပါတယ်။ အခု ဒီဆောင်းပါးထဲမှာတော့ အမျိုးသမီးလိင်အင်္ဂါတွေရဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)