တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ပျိုမေတို့ မေးရမှာ ရှက်နေတတ်တဲ့ မမျိုးပွားအင်္ဂါ အကြောင်း တစေ့တစောင်း ။ ။

မမျိုးပွားအင်္ဂါ ဆိုတာ အင်မတန်မှ အလုပ်များတဲ့ စနစ်ကြီးတစ်ခုပါ။ ကိုယ့်ဆီမှာ ရှိနေတဲ့ မမျိုးပွားအင်္ဂါမှာ ဘာတွေပါလဲ၊ သူတို့က ဘာတွေလုပ်ပေးလဲ ဆိုတာကို လေဒီတို့ သိလည်းသိချင်တယ် မေးရမှာလည်း ရှက်နေတတ်ကြပါတယ်။ ဒါတွေကို ခုပြောပြပေးတော့မှာဖြစ်လို့ တိုးတိုးတိတ်တိတ် တစ်ယောက်တည်းဖတ်ကြည့်ကြနော်။ ။ အပြင်ပိုင်းနဲ့ အတွင်းပိုင်းဆိုပြီး ၂ ပိုင်းပါတဲ့ မမျိုးပွားအင်္ဂါ ။ ။ မမျိုးပွားအင်္ဂါမှာ အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး ၂ ပိုင်းရှိပါတယ်။ အပြင်ပိုင်းက ဘာတွေလဲ။ အတွင်းပိုင်းက ဘာတွေလဲဆက်ကြည့်ရအောင်။ အပြင်ပိုင်း မမျိုးပွားအင်္ဂါ။ ။ Labia majora (မမျိုးပွားအင်္ဂါအပြင် နှုတ်ခမ်းသား) အပြင်မှာရှိတဲ့ တစ်ခြား မျိုးပွားအင်္ဂါတွေကို ဖုံးအုပ်ထားပေးပြီး ကာကွယ်ပေးထားပါတယ်။ အပြင်ပိုင်း နှုတ်ခမ်းသားဟာ ထူနေတတ်ပြီး အဆီဂလင်းတွေ၊ ချွေးဂလင်းတွေနဲ့ သူ့ကို ဖွဲ့စည်းထားပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အပြင်ပိုင်း မအင်္ဂါနှုတ်ခမ်းသားကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

အမျိုးသမီးများအနေနဲ့ များသောအားဖြင့် ကိုယ်ခန္ဓာရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ မိန်းမကိုယ် ပါပဲ။ ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ် အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေး ဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတော့ သင့်မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ သတိပြုပါ။ အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခုကတော့ မိန်းမကိုယ် ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပွတ်တိုက် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက်။ ။

သင့်မိန်းမကိုယ်အတွက် မေးရမှာရှက်နေသော်လည်း မေးသင့်တဲ့ မေးခွန်း ၅ ချက် ရှိပါတယ်။ ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သင့်ကိုယ်ခန္ဓါမှာရှိတဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သင်မသိတာ ရှိရင် မေးဖို့ ဝန်လေးပြီး ရှက်မနေသင့်ပါဘူး။ တခြား နေမကောင်းတာသွားပြတဲ့ ဆရာဝန်ဆီမှာဆို ဝေဒနာတွေကို ရွှန်းရွှန်းဝေအောင်ပြောကြတယ်မလား။ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတို့သဘာဝ အတိုင်း မိန်းမကိုယ်နဲ့ ပတ်သက်လာရင် သူငယ်ချင်းကြားထဲမှာလည်းမပြော၊ အိမ်မှာလည်း မပြော၊ သားဖွားမီးယပ်ဆရာဝန်ဆီရောက်လည်း မေးလည်းမမေးရဲ ၊ ပြောရမှာလည်းရှက်၊ ပြဖို့လည်း ဝန်လေးနေကြပါတယ်။ ဒါကြောင့် မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတွေ နည်းရခြင်းဖြစ်ပါတယ်။ ဒါမျိုးတွေ ဖြစ်စရာမလိုပါဘူး။ ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောမှ၊ မေးမှ ပြောပြမယ့်သူကလည်း သင်ဘာသိချင်တာ၊ ဘာပြောချင်တာတွေကို နားလည်မှာဖြစ်ပါတယ်။ ဒါကြောင့် သားဖွားမီးယပ် ဆရာဝန်ဆီရောက်ရင် သင်သိချင်နေတဲ့ ၊ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မမျိုးပွားအင်္ဂါများ ရောင်ရမ်းသည့်ရောဂါ

လုံခြုံစိတ်ချရမှုမရှိတဲ့ လိင်ဆက်ဆံမှုကတဆင့် သားဥပြွန်၊ သားအိမ်နဲ့ သားဥအိမ်များကို ကလာမိုင်းဒီးယား သို့မဟုတ် ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်းကို မမျိုးပွားအင်္ဂါများ ရောင်းရမ်းသည့်ရောဂါ (Pelvic inflammatory disease/ PID) လို့ခေါ်ပါတယ်။ ဒီရောဂါရှိသူတွေဟာ အပျော့စားကနေ အပြင်းစား ရောဂါလက္ခဏာတွေ ခံစားရနိုင်သလို ရောဂါလက္ခဏာ လုံးဝမပြတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ PID ကြောင့် ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း မိန်းမကိုယ်မှ အနံ့နံသည့် သို့မဟုတ် ထူးခြားသော အရောင်ရှိသည့် အရည်များဆင်းခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း ဓမ္မတာလာချိန် တစ်ခုနှင့်တစ်ခုကြား သွေးအနည်းငယ်ဆင်းခြင်း ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း အစာစားချင်စိတ်မရှိခြင်း ကျောနာခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း ဆီးကျင်ခြင်း၊ ဆီးသွားများခြင်း ဝမ်းဗိုက်၏ ညာဘက်အထက်ပိုင်းတွင် နာကျင်ခြင်း PID ကို မကုသဘဲထားရင် မမျိုးပွားအင်္ဂါအားလုံးဆီပျံ့နှံ့ပြီး […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း (၇) ချက်

သင်ကိုယ်တိုင်က ခန္ဓာကိုယ်နဲ့ မွေးလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ပုံမှန်လုပ်နေမယ်ဆိုရင်တောင် မွေးလမ်းကြောင်း ( Vagina) က အနံ့ ထွက်နေနိုင်ပါသေးတယ်။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အနံ့ပြင်းနေပြီး အနံ့ အမြဲ ထွက်နေမယ်ဆိုရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ခေါ်ဆိုရမှာပါ။ ပုံမှန်ပဲဆိုရင်တောင် အနံ့ပြင်းလွန်းရင် အဆင်မပြေနိုင်တာကြောင့် မွေးလမ်းကြောင်း အနံ့အသက်တွေကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း တွေကို လေ့လာထားဖို့ လိုပါတယ်။ မွေးလမ်းကြောင်းကနေ အနံ့တွေ ဘာကြောင့်ထွက်တာလဲ။ ပထမဆုံး သိထားဖို့လိုတာက သဘာဝဖြစ်နေတဲ့ အနံ့က ဘယ်လိုမျိုးလဲဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်ချင်းစီရဲ့ မွေးလမ်းကြောင်း အနံ့ အသက်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျန်းမာတဲ့ မွေးလမ်းကြောင်းတစ်ခုရဲ့ အနံ့ဟာ အမိုးနီးယား ဓာတ်ငွေ့ပုံစံ ဆီးနံ့နဲ့ဆင်တဲ့ ကတိုးနံ့နဲ့ အသားနံ့ထွက်တတ်ပါတယ်။ ဓမ္မတာ လာချိန်မှတော့ သတ္တုနံ့လို့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်တဲ့ လုပ်သင့်၊ မလုပ်သင့်အချက်များ

ရနံ့မွှေးမွှေးလေးနဲ့ အသားကိုနူးညံ့စေတဲ့ ရေချိုးဆပ်ပြာလေးနဲ့ ရေချိုးတယ်၊ ခြေထောက်နဲ့ လက်ကို သေချာသန့်စင်တယ်၊ အရည်အသွေးကောင်းတဲ့ မျက်နှာသစ်ဆေးသုံးတယ်၊ ရေဓာတ်ထိန်းဖို့ အစိုဓာတ်ထိန်းတာတွေ၊ လိုးရှင်းတွေလူးတယ်၊ ခေါင်းလျှော်တဲ့အခါလည်း ဆံသားအတွက် ဂရုတစိုက်ပေါင်းတင်ရသေးတယ်။ ရောဂါပိုးမွှားကင်းစင်ပြီး အမြဲလန်းဆန်းသန့်ရှင်းနေဖို့အတွက် မိန်းကလေးတစ်ယောက်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးက ဒီလောက်နဲ့မပြီးသေးပါဘူး။ တစ်ခုကျန်နေသေးတာက မိန်းကလေးတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးပါပဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း သိထားဖို့ လိုမယ့် မိန်းမကိုယ်သန့်စင်ခြင်းနဲ့ပတ်သက်တဲ့ လုပ်သင့်၊ မလုပ်သင့်အချက်များ အကြောင်း ပြောပြပေးချင်ပါတယ်။ မိန်းကလေးဆိုတာ ဘယ်အရွယ်ပဲဖြစ်ဖြစ် မိန်းမကိုယ်မှာသန့်ရှင်းနေဖို့နဲ့ ရောဂါပိုးမဝင်ဖို့ကို ဂရုစိုက်သင့်ပါတယ်။ မိန်းမကိုယ်လေးက အထိခိုက်မခံနိုင်အောင် နုနယ်တဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် သန့်ရှင်းကျန်းမာရေးအတွက်ထိန်းသိမ်းရတာ သိပ်ရိုးရှင်းပါတယ်။ အနံ့ဆိုးကင်းပြီး သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့က ညင်သာတဲ့ ပုံမှန်သန့်ရှင်းရေးတစ်ခုပဲ လိုအပ်ပါတယ်။ သန့်စင်တဲ့ရေနဲ့ အရည်အသွေးကောင်းပြီး ဘေးကင်းစိတ်ချရတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်ရှိရင်ရပါပြီ။ သန့်ရှင်းချင်တာက ဟုတ်ပါပြီ၊ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ....... မိန်းမကိုယ် သန့်ရှင်းဖို့ ဆိုတာ အမျိုးသမီး တစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အလေးထား ဂရုစိုက်ရမယ့် အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိန်းမကိုယ်လေးဟာ အမျိုးသမီး တစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ယူပေးနေရတာကြောင့်ဖြစ်တယ်။ အရွယ်ရောက်လာတာနဲ့ မိန်းမကိုယ်ကနေပဲ ရာသီသွေးဆင်းတယ်၊ ကလေးမွေးတော့လည်း သူကနေပဲဖြတ်ရတယ်၊ အိမ်ထောင်ရေး သုခ ခံစားရဖို့လည်း သူပါရတာပဲ။ ဒီလို မိန်းကလေးတစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ထမ်းဆောင်နေရတဲ့ မိန်းမကိုယ်လေးကို သန့်ရှင်းအောင်ထားဖို့ဆိုတာ အရေးကြီးလွန်းပါတယ်။ ဒါကြောင့် ဘယ်လို သန့်ရှင်းပေးသင့်လဲဆိုတာ ကြည့်ရအောင်နော်။ သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ဆိုတော့ မိန်းမကိုယ်တာဝန်မှာ သန့်ရှင်းရေး အပိုင်းပါပါတယ်။ ။ မိန်းမကိုယ်ဆိုတာ သူ့ဘာသာ သန့်ရှင်းအောင် နေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်

မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုရင် လှအောင်ပြင်တတ်ရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုသလို စမတ်ကျကျဝတ်စားတတ်ပြီး အနံ့အသက်ဆိုးတွေ ကင်းစင်ဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်တော့ မိန်းမကိုယ်က ရောဂါကင်းစင်ပြီး ကျန်းမာဖို့ လိုပါတယ်၊၊ ကျန်းမာတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင် အခုပြောပြမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ် လေးက အသုံးဝင်မှာပါ။ အကျိုးပြုဘက်တီးရီးယား ဘက်တီးရီးယားဆိုတာနဲ့ ခန္ဓာကိုယ်အတွက် မကောင်းတာဘဲ ဖြစ်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ အကျိုးပြုစေနိုင်တဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးပါတယ်။ Vaginal Prebiotics (မိန်းမကိုယ် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်) ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် Vaginal Prebiotic ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးပါ။ မိန်းမကိုယ်ကို အနံအသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကိုပေါက်ဖွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက် အထောက်အကူပြုပေးပါတယ်။ မိန်းမကိုယ်ရဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းရေး လုပ်တဲ့အခါ ဘာကြောင့် ကိုယ်တိုက်ဆပ်ပြာကို မသုံးသင့်တာလဲ

မိန်းကလေး တစ်ယောက်အတွက် မိန်းမကိုယ် ဆိုတာ အရမ်းကို နူးညံ့ပြီး အထိခိုက်မခံတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ တည်ဆောက်ပေးတဲ့နေရာဆိုလည်း မမှားပါဘူး။ မိတ်ကပ်တွေတော့ လိမ်းထားပါရဲ့။ မိန်းမကိုယ်က အဖြူဆင်းများပြီး ယားနေတာ၊ ပိုးဝင်မှိုစွဲပြီး ရောင်ရမ်းနေတာဆို လူကြားထဲ ဘယ်လိုလုပ် ယုံကြည်မှု အပြည့်နဲ့ သွားရဲတော့မလဲနော်။ ဒီတော့ အခြားကိုယ်ပေါ်က အစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါသေးတယ်။ ဒါမှ ပြီးပြည့်စုံတဲ့ အလှအပနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်နိုင်မှာလေ။ ကဲ သန့်ရှင်းရေးလုပ်ဖို့ ဘယ်လို အရေးကြီးလဲဆိုတဲ့ အပိုင်းကို ပြောပြီးသွားပြီဆိုတော့ သန့်ရှင်းရေး ဘယ်လိုလုပ်ရမှာလဲ။ မိန်းမကိုယ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမှာလဲ အမျိုးသမီးတော်တော်များများ အမှတ်မှားနေတာက မိန်းမကိုယ်လည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပဲ။ ဆပ်ပြာနဲ့ ရေနဲ့ သုံးလိုက်ရင် ဘက်တီးရီးယားတွေ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်လေးနဲ့ပတ်သက်လို့ သိထားသင့်တာလေးအချို့

မိန်းကလေးတစ်ယောက်ကိုယ့်ကိုကိုယ် ကျန်းမာတက်ကြွတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်စောင့်ရှောက်ဖို့ဆိုရင် သိထားဖို့လိုမယ့်အချက်တစ်ခုရှိပါတယ်နော်။ ဒါက ခန္ဓါကိုယ်ကိုတင် ကျန်းမာအောင်စောင့်ရှောက်ရမှာ မဟုတ်ဘဲ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်လေးကိုလည်းဂရုစိုက်ဖို့လိုပါမယ်နော်။ မိန်းမကိုယ်ရဲ့ အခန်းကဏ္ဍ မိန်းမကိုယ်လေးက လစဉ်ရာသီသွေးဆင်းဖို့အတွက်၊ ဆီးသွားဖို့အတွက်၊ ကာမဂုဏ်ခံစားဖို့အတွက် နဲ့ မျိုးဆက်ပွားဖို့အတွက်ပါတာဝန်ထမ်းဆောင်ပေးရရှာပါတယ်နော်။ ဒါကြောင့် သူလေးကျန်းမာမှလေဒီလေးတို့ ကျန်းမာတော့မှာပေါ့။ သူသာမကျန်းမာရင်နေရထိုင်ရခက်တာ၊အနံ့အသက်ဆိုးဖြစ်တာအပြင် နှစ်ဦးကြားဆက်ဆံရေးတွေမှာပါ အဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်နော်။ရေရှည်မှာ စိတ်ဖိစီးမှုများလာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုကျဆင်းတာတွေတောင်ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကင်းဖို့ကတော့ လွယ်ပါတယ်။ မိန်းမကိုယ်လေးကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာကို သိထားရင်ကိုရပြီလေနော်။ ဘာတွေက မိန်းမကိုယ်လေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်လဲ မိန်မကိုယ်လေးက လုပ်ဆောင်ပေးရတဲ့လုပ်ငန်းတွေများတာကြောင့် ထိခိုက်နိုင်ခြေကလည်းများပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံတာ - အကာအကွယ်မဲ့လိင်ဆက်ဆံတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်နော်။ အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်ဝတ်တာက မိန်းမကိုယ်ကိုလေဝင်လေထွက်မကောင်းစေဘဲ အနံ့အသက်ဆိုးထွက်တာ အပြင် မိန်းမကိုယ်မှိုစွဲတာတွေကိုဖြစ်စေနိုင်ပါတယ်။ ချည်သားမဟုတ်တဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်းချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေကအနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။ အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ– တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာအပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။ စက်ဘီးစီးတာ–စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)