သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေးဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေးဖြစ်အောင် ဘယ်လိုထိန်းသိမ်းမလဲ

အမျိုးသမီးများအနေနဲ့ များသောအားဖြင့် ကိုယ်ခန္ဓါရဲ့ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အစိတ်အပိုင်းတွေကို ပိုပြီးအလေးထားတတ်ပြီး တတ်နိုင်သမျှ သန့်ရှင်း ကျန်းမာအောင် ထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးပြီး မေ့နေတတ်တဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ မိန်းမကိုယ်ပါပဲ။

ကျန်းမာသန့်ရှင်းတဲ့ မိန်းမကိုယ်အဖြစ် ထိန်းသိမ်းခြင်းကိစ္စကို လျှော့မတွက်သင့်ပါဘူး။ မိန်းမကိုယ်ကို ကျေနပ်ဖွယ်ကောင်းအောင်၊ ကျန်းမာအောင် ထိန်းသိမ်းနိုင်မယ့် နည်းတွေကို သတိပြုသင့်ပါတယ်။

သင့်မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ သတိပြုပါ။

အမျိုးသမီးတွေမှာ အထိခိုက်အလွယ်ဆုံး နေရာတခု ကတော့ မိန်းမကိုယ်ပါပဲ။ ဒီအစိတ်အပိုင်းဟာ pH ပမာဏကို ဟန်ချက်ညီအောင် တိတိကျကျ ထိန်းသိမ်းပေး ပါတယ်။ ဒါကြောင့် ပွတ်တိုက် ဆေးကြောခြင်းကို မပြုသင့်ပါဘူး။

ဆေးကြောလိုတဲ့အခါ အဲဒီအတွက် အထူးစီမံထားတဲ့ ဆပ်ပြာကို ရေနွေးနွေးသုံးပြီး ဆေးကြောသင့်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာများဟာ ယေဘုယျအားဖြင့် pH ပမာဏဟာ( ၈) ရှိတာမို့ မိန်းမကိုယ်အတွက် သုံးတဲ့အခါ pH မျှခြေ ပျက်သွားပြီး ယားယံခြင်း၊ အနံ့ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

သဘာဝဒိန်ချဉ်နဲ့ probiotics များ စားသုံးပါ

ဒိန်ချဉ်နဲ့ သဘာ၀ probiotics (အကျိုးပြုပိုးမွှားများ) ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဟာ မိန်းမကိုယ်အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ သူ့ဆီမှာ လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။ အဲဒီအစားအစာတွေ စားသုံးခြင်းအားဖြင့် pH ပမာဏကို သဘာဝနည်းအားဖြင့် ထိန်းသိမ်းထား နိုင်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝဒိန်ချဉ်ကို တနေ့တခွက် သောက်သုံးပေးဖို့ပါပဲ။

ဒါဟာ မိန်းမကိုယ် ကျန်းမာရေးကို အထောက်အကူပြုစေတဲ့အပြင် ရောဂါပိုးကူးစက်ခြင်း၊ ရောဂါပိုး ပေါက်ပွားခြင်း စတာတွေကို ဟန့်တားပေးနိုင်ပါတယ်။ သကြားများတဲ့ အမျိုးအစား မဟုတ်ဖို့တော့ လိုပါတယ်။ သကြားဓါတ်များခြင်းဟာ ရောဂါပိုးကူးစက်ခြင်းကို ပိုမြင့်မားစေလို့ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းအောင် ဝတ်ဆင်ပါ

တင်းကြပ်တဲ့ အဝတ်အစားများ၊ ပေါ်လီအက်စတာ နဲ့ လုပ်ထားတဲ့ အဝတ်အစားများဟာ မိန်းမကိုယ်ကို လေကောင်းလေသန့်ရခြင်းကနေ ဟန့်တားပါတယ်။ ဒါ့အပြင် အပူဓါတ်၊ စိုစွတ်မှု၊ ပွတ်တိုက်မှု စတာတွေကြောင့် မိန်းမကိုယ်အပြင်ပိုင်းကို ထိခိုက်စေနိုင်ပါတယ်။

မိန်းကလေးအများစုဟာ အသားကပ်အောက်ခံ ဝတ်ဆင်ရတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဘီကီနီလိုင်း တလျှောက် မထိခိုက်ရအောင် ပြောင်းလဲဝတ်ဆင် သင့်ပါတယ်။ ယားယံခြင်း၊ ပိုးဝင်ခြင်းတွေ မဖြစ်အောင် ခပ်ပွပွဝတ်ဆင်ပြီး အောက်ပိုင်းမှာခံတဲ့ အဝတ်ဟာချည်ထည်လို သဘာဝပစ္စည်းနဲ့ လုပ်ထားတဲ့ အစိတ်အပိုင်း ဖြစ်သင့်ပါတယ်။

ကွန်ဒုံးအသုံးပြုခြင်း

မိန်းမကိုယ်ကျန်းမာရေးကိစ္စမှာ ကွန်ဒုံးကို မေ့ထားလို့ မရပါဘူး။ သူဟာ မလိုလားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကို တားဆီးရုံသာမက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိန်းသိမ်းပေးပြီး ကူးစက်ပိုးဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။

တစ်ယောက်ယောက်နဲ့ အတူနေစဉ်မှာ သူတို့ရဲ့ ဘက်တီးရီယားနဲ့ မိန်းမကိုယ်ရဲ့ ဘက်တီးရီးယားဟာ ရောနှောသွားပါတယ်။ မိန်းမကိုယ်ဟာ အထိအခိုက်လွယ်တာမို့ ရောဂါဖြစ်တာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးမယ်ဆိုရင် ဒီကိစ္စတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သန္ဓေတားခြင်းသာမက သင့်ကျန်းမာရေးအတွက်ပါ ဒီနည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။

အတူမနေခင်မှာ ရေချိုးခန်းဝင်ပါ

အမျိုးသားနဲ့ အတူမနေမီနဲ့ နေပြီးချိန်တွေမှာ ဆီးသွားသင့်ပါတယ်။ ဆီးသွားခြင်းကြောင့် မိန်းမကိုယ်မှတဆင့် ဆီးလမ်းကြောင်းကို ရောဂါပိုး ဝင်ရောက်ကာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပွားရတာကို ဟန့်တားနိုင်ပါတယ်။

ဘက်တီးရီးယားတွေ မပြန့်ပွားအောင် ကိစ္စမတိုင်မီနဲ့ ကိစ္စပြီးချိန်မှာ လက်ကိုဆေးကြောဖို့လည်း သတိရပါ။

မိန်းမကိုယ်ကို သန့်ရှင်းကျန်းမာအောင် ထိန်းသိမ်းခြင်းဟာ ခန္ဓါကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို စိုပြေအောင် ထိန်းသိမ်းသလိုပဲ အရေးကြီးလှပါတယ်။ သင့်မိန်းမကိုယ်မှာ အပြောင်းအလဲ တစ်ခုခုဖြစ်ပြီလို့ သတိပြုမိရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ မြန်မြန်ပြပါ။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

သားဥကြွေခြင်းကို တွက်ချက်ခြင်း

ရာသီစက်ဝန်း ရက်အရေအတွက်

(days) ရက်

28

ရာသီရက်စုစုပေါင်း

(days) ရက်

7

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 28/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။