backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ နားထောင်ကြည့်ရှုပြီး မိန်းမကိုယ်က ပန်းရောင် သန်းနေမယ်။ ခန္ဓာကိုယ် အသားအရေလိုပဲ အသားဖြူရင် ဖြူနေမယ်၊ အသားမည်းရင် မည်းနေမယ်လို့ ယူဆနေတဲ့သူတွေ ရှိပါသလား ……..

ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ အချို့သူတွေမှာ ယူဆထားတဲ့ ယူဆချက် တစ်ခုရှိပါတယ်။ ဒါကတော့ အတူမနေဘူးသူတွေက မိန်းမကိုယ် ပန်းရောင်သန်းနေနိုင်ပြီး အတူနေဖူးသူ လိင်ဆက်ဆံမှု ပြုဖူးသူတွေက မိန်းမကိုယ် မည်းနေနိုင်တယ်လို့ပါ။

ဒီယူဆချက်ကရော မှန်ရဲ့လား။ အပြင်မှာရော ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို pinky vagina တကယ်ရှိလား။ မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

မိန်းမကိုယ်က အသားအရောင် အတိုင်းပဲလား …….

လေဒီလေးတွေက အသားဖြူတိုင်း မိန်းမကိုယ်က ခန္ဓာကိုယ် အသားအရေ အရောင်လိုပဲ ဖြူနေမယ်လို့ ပြောလို့ မရပါဘူး။ မိန်းမကိုယ်က လေဝင်လေထွက် ကောင်းကောင်း မရတာ၊ ကာကွယ်ပေးမယ့် ဆီးခုံမွေးတွေ ရှိနေတာကြောင့် မည်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်ပြီး မိန်းမကိုယ်နှုတ်ခမ်းက melanocytes လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းတွေ အများကြီးရှိပါတယ်။ ဒါက သဘာဝအရကို အရောင်ရင့်စေပါတယ်။

မိန်းမကိုယ် အသားအရေက အခြားအသားအရေတွေလို သေချာ သန့်စင်ထိန်းသိမ်း ခံရမှု အားနည်းတာကြောင့်လည်း ခန္ဓာကိုယ် အသားအရေတွေလိုမျိုး ကြည်လင်နေဖို့ မလွယ်ကူပါဘူး။

ဒီလို မိန်းမကိုယ်က ခန္ဓာကိုယ် အသားအရေထက် အရောင်ရင့်နေတာက အတူနေဖူးခြင်း၊ မနေဖူးခြင်းနဲ့ မဆိုင်ပါဘူး။

pinky vagina တကယ်ရှိလား ……..

pinky vagina တကယ်ရှိလား ........

တိုးတက်လာတဲ့ ခေတ်နဲ့အညီ အရေပြား အလှအပ ကုထုံးတွေ တိုးတက်လာတာကြောင့် နည်းပညာကို အသုံးပြုပြီးတော့ pinky vagina ဖြစ်အောင် လုပ်ဆောင်လို့ ရပေမယ့် သဘာဝအတိုင်းမှာ ပန်းရောင်သန်းတဲ့ မိန်းမကိုယ် ရဖို့ဆိုတာ မလွယ်ကူပါဘူး။

မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ

မိန်းမကိုယ်က အရောင်အသွေး အမျိုးမျိုး ရှိနိုင်ပါတယ်။ မိန်းမကိုယ်ကို အရောင်ရင့်စေနိုင်တဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဒီအချက်တွေကတော့

အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ဝတ်တာ

မိန်းမကိုယ်ကို အရောင်ရင့်စေတဲ့ အဖြစ်အများဆုံး အချက်က အတွင်းခံ၊ ဒါမှမဟုတ် အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာပါ။ ဒီလို ဝတ်ဆင်တာက လေဝင်လေထွက် မကောင်းတာမျိုးဖြစ်စေနိုင်ပြီး ပွတ်တိုက်မှုတွေကို ဖြစ်စေနိုင်တာကြောင့် မိန်းမကိုယ် အရေပြားမှာ ပွန်းပဲ့တာတွေ ဖြစ်ပြီး မိန်းမကိုယ် အရောင်ကို ရင့်စေတာပါ။

ဟော်မုန်း ပြဿနာ

မိန်းမကိုယ် အရောင်ရင့်စေတဲ့ အဓိက ဇာတ်လိုက်တစ်ခုက ဟော်မုန်းတွေပါ။ ဟော်မုန်း ပြောင်းလဲမှုက မိန်းမကိုယ် အရောင်ရင့်တာကို ဖြစ်စေနိုင်ပါတယ်။ အပျိုးဖော်ဝင်ချိန်မှာ မဟော်မုန်း ရုတ်တရက် မြင့်တက်တာမျိုး၊ သွေးဆုံးခါနီး အချိန်မှာ မဟော်မုန်း ရုတ်တရက် ကျဆင်းတာမျိုးကြောင့်လည်း မိန်းမကိုယ် အရောင်ရင့်နိုင်ပါတယ်။

မိန်းမကိုယ် ပိုးဝင် ကူးစက်တာ

မိန်းမကိုယ်က ခန္ဓာကိုယ်ရဲ့ ထိခိုက်လွယ်တဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ အချိန်မရွေး ပိုးဝင် ကူးစက်ခံရနိုင်ပါတယ်။ ဒီလို ကူးစက်ခံရတာကြောင့်လည်း မိန်းမကိုယ် အရောင်ရင့်နိုင်ပါတယ်။

အသက်အရွယ်

အသက်အရွယ် ရလာလေလေ မိန်းမကိုယ်ရဲ့ ကျုံ့ဆန့်နိုင်မှုနဲ့ အရောင်က ပြောင်းလာလေလေပါ။ ဒါကြောင့် အသက်ကြီးလေလေ မိန်းမကိုယ် အရောင်က ရင့်လေလေ ဖြစ်ရတာပါ။

မမျိုးဥအိမ် အရည်အိမ် တည်ခြင်း (PCOS)

လေ့လာမှုတွေအရ မမျိုးဥအိမ်မှာ ရေအိတ်တည်ခြင်း လက္ခဏာကို ခံစားနေရတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ် အရောင်ရင့်တာကို တွေ့ရှိရပါတယ်။ အကြောင်းကတော့ PCOS က ကျားဟော်မုန်း ပမာဏကို တိုးစေနိုင်လို့ပါ။ ဒါကြောင့်လည်း မိန်းမကိုယ် အရောင်ရင့်ရတာပါ။

ကဲ …… ဒီအချက်တွေကြောင့် မိန်းမကိုယ်က အရောင်ရင့်ရတာပါ။ အခုလောက်ဆို မိန်းမကိုယ် ဘာကြောင့် မည်းရသလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ ရုပ်ရှင်ထဲက ပြောသမျှက အမှန်တွေချည်းပဲ မဟုတ်ပါဘူး။ မိန်းမကိုယ်အရောင်က သဘာဝအတိုင်းပဲ ဖြစ်တာကြောင့် မည်းခြင်း၊ ဖြူခြင်းနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ မရှိပါဘူး။ ကျန်းမာရေးအပေါ်မှာလည်း ထူးခြားတဲ့ သက်ရောက်မှုမျိုး မရှိပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement