တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှုအပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရလဲ

ဒီနေ့ခေတ်မှာ ခေတ်သစ်ဆေးပညာတွေအရ ချစ်မှုရေးရာကိစ္စတွေမှာ တိုးတက်ဖို့ နည်းလမ်းအမျိုးမျိုး ရှိလာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကို ကျဉ်းစေတဲ့ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု လို့ခေါ်တဲ့ မိန်းမကိုယ်ပြုပြင်သော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။   မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှု နှင့် မိန်းမကိုယ်နှုတ်ခမ်းသားခွဲစိတ်ပြုပြင်မှု ဘာတွေလဲ မိန်းမကိုယ်ခွဲစိတ်ပြုပြင်မှုဆိုတာ တဖြည်းဖြည်း ခံစားမှုလျော့ကျနေတဲ့ ဒါမှမဟုတ် အသက်ကြီးခြင်းနဲ့ ကလေးမွေးခြင်းကြောင့် လျော့ရဲလာတဲ့ မိန်းမကိုယ်ကို ပြန်လည်တင်းရင်းကျဉ်းမြောင်းစေသည့် မိန်းမကိုယ်ခွဲစိတ်ကုသမှု ပလတ်စတစ်ဆာဂျရီဖြစ်ပါတယ်။ တချို့ဆရာဝန်တွေက အဲဒီ နည်းလမ်းနဲ့ ချစ်သူ၂ယောက်ရဲ့ ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ဆုံးဖြတ်ပေးနိုင်တဲ့ ခံစားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ မိန်းမကိုယ်ဆိုတာ ကျုံ့ဆန့်နိုင်တယ်ဆိုပေမယ့် ခွဲစိတ်ပြုပြင်ပြီး ကျဉ်းအောင်ပြုလုပ်ခြင်းဟာ လိင်စိတ်တုန့်ပြန်မှုမှာ တိုးတက်စေနိုင်ဆိုတာ မသေချာသေးပါဘူး။ လိင်စိတ်ပေါ်အောင် နှိုးဆွခြင်း၊ လိင်စိတ်ပြည့်ဝခြင်းဆိုတာတွေက အတော်ရှုပ်ထွေးပါတယ်၊ ရင်းနှီးမှု၊ စိတ်ခံစားချက်၊ ပင်ကိုယ်စိတ်သဘောထားတွေမှ တယောက်ချင်းဆီက မြင့်မားတဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ

တောင့်တင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရခြင်းက အမျိုးသမီးတွေကို သက်သောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ခန္ဓာကိုယ်လို့ဆိုတဲ့အထဲမှာ ယောနိလဲ အပါအဝင်ပါ။ ခုတစ်ခေါက်တော့ သင့်ယောနိကို ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ခွဲစိတ်မှုတွေမလိုဘဲ သဘာဝအတိုင်း တင်းကျပ်စေမယ့် နည်းလမ်းကို ပြောပြပါ့မယ်။ ဒါကတော့ သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းများ အကြောင်းပဲ ဖြစ်ပါတယ်။ ယောနိလျော့ရဲသွားတာ ဘာကြောင့်လဲ။ လူတွေတွေးနေတာနဲ့ ကောလဟာလတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ယောနိလျော့ရဲတာဟာ ချစ်တင်းနှောတာနဲ့ ပတ်သက်မှု မရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက အကြိမ်ရေများစွာ ချစ်တင်းနှောတာက သင့်ယောနိရဲ့ ပုံစံနဲ့ အကျယ်ကို မပြောင်းလဲသွားစေပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောနိရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားက အင်မတန်မှ အားကောင်းလို့ပါ။ အဲ့တော့ ဘယ်လောက်ပဲ ချစ်တင်းနှောပါစေ ဒါမှမဟုတ် သင့်အဖော်ရဲ့ ကိုယ်ပိုင်ပစ္စည်းက ဘယ်လောက်ပဲ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း

အမျိုးသမီးတွေဟာ မိန်းမကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ဓမ္မတာလာပြီး ရာသီသွေးအကြွင်းအကျန်တွေကို ဖယ်ရှားဖို့၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့၊ ကိုယ်ဝန်မရအောင် တားဆီးဖို့ မိန်းမကိုယ်သန့်စင်ဆေးရည် အမျိုးမျိုးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်တွေရဲ့ အဆိုအရ မိန်းမကိုယ်သန့်စင်ဆေးရည် အသုံးပြုခြင်းဟာ စောစောကပြောခဲ့တဲ့ ရည်ရွယ်ချက်တွေကို ဖြည့်ဆည်းဖို့ ထိရောက်တဲ့နည်းလမ်း မဟုတ်တဲ့အပြင် ရောဂါပိုးကူးစက်နိုင်ချေ၊ ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ချေကို မြင့်စေတယ်လို့ သိရှိရပါတယ်။   မိန်းမကိုယ်ဆေးကြောသန့်စင်ခြင်း (Vaginal Douching) ဆိုတာ ဘာလဲ Douche ဆိုတဲ့ ဝေါဟာရဟာ ပြင်သစ်စကားလုံးဖြစ်ပြီး “ဆေးကြောသည်” သို့မဟုတ် “စိုစွတ်စေသည်” လို့ အဓိပ္ပါယ်ရပါတယ်။ Douching ဆိုတာကတော့ ရေ ဒါမှမဟုတ် အခြားအရည်တစ်မျိုးမျိုးကို အသုံးပြုပြီး မိန်းမကိုယ်အတွင်းထဲအထိ ဆေးကြောသန့်စင်ခြင်းကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးနဲ့ မွှေးရနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးများအတွက် သန့်ရှင်းလှပတဲ့ ဆီးခုံမွေး (ဣန္ဒြေမွေး) ရရှိစေနိုင်မယ့် လမ်းညွှန်

သန့်ရှင်းလှပတဲ့ ဆီးခုံမွေး ရရှိဖို့၊ ဆီးခုံမွေးတွေကို ဘယ်လိုပုံစံမျိုးထားတာက အကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရကြပ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော သက်ဆိုင်ရာ လိင်အင်္ဂါ နားတစ်ဝိုက်မှာ အမွေးအမျှင်တွေ စပေါက်လာတာနဲ့ ဒီအမွေးတွေဟာ ရိတ်ဖို့ အတွက်ပဲ၊ နှုတ်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဒီလို တွေးတာတွေကလည်း သဘာဝတော့ကျပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကြော်ငြာအများစုကလည်း ဆီးခုံမွေးတွေကို ရိတ်ဖို့၊ ညှပ်ဖို့ ကြော်ငြာနေကြတာမို့ပါ။ ဒါပေမဲ့ ဒီဆောင်းပါးလေးထဲမှာ ဘာကြောင့် အမျိုးသမီးတွေ အတွက်ပဲ ဖော်ပြရတာလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးခုံမွေးများကို ပိုပြီး ဂရုစိုက်တတ်ကြတဲ့ အတွက်ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ အမျိုးသမီး ၈၄ ရာခိုင်နှုန်းခန့်ဟာ ဆီးခုံမွေးသန့်ရှင်းရေးကို လုပ်ဆောင်တတ်ကြပြီး အမျိုးသားတွေကတော့ ၆၄ ရာခိုင်နှုန်းခန့်သာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေ ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ် သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။ မိန်းမကိုယ် ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါဆို ရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးပါထွက်နေရင်တော့ ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ။ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါ ဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့ မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မွေးလမ်းကြောင်းတစ်ခုက ဘယ်လောက်နက်သလဲဆိုတာ သိပါသလား

အမျိုးသမီးတစ်ယောက်ရဲ့ မွေးလမ်းကြောင်းဆိုတာ လိင်အင်္ဂါတစ်ခုအဖြစ်လုပ်ဆောင်တဲ့အပြင် ကလေးမွေးဖွားရာ လမ်းကြောင်းတစ်ခု အဖြစ်လည်း လုပ်ဆောင်ပါတယ်။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ရင်သားအရွယ်အစား၊ လက်နဲ့ ခြေထောက်တွေ မတူကြသလိုပဲ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေရဲ့ ပျှမ်းမျှမွေးလမ်းကြောင်း အရှည်ဟာ ၃.၇၇ လက်မ (၉.၆ စင်တီမီတာ) ရှိတယ်လို့ ဆိုထားပါတယ်။ တစ်ခြားသော လေ့လာချက်တွေအရတော့ ပျှမ်းမျှ မွေးလမ်းကြောင်းရဲ့ အရှည်ဟာ ၃ လက်မနေ ၇ လက်မ (၇.၆ စင်တီမီတာ ကနေ ၁၇.၇ စင်တီမီတာ ) အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ မွေးလမ်းကြောင်းတွေရဲ့ အလျားဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့အတွက် လိင်ဆက်ဆံဖော်တွေတောင် သေချာမသိနိုင်ကြပါဘူး။ မွေးလမ်းကြောင်းတစ်ခုရဲ့ ပုံပန်းသွင်ပြင်နဲ့ အရွယ်အစား။ မွေးလမ်းကြောင်းတစ်ခုရဲ့ အရှည်ဆိုတာ မွေးလမ်းကြောင်းအဝကနေ သားအိမ်ခေါင်းထိ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Uterine Prolapse (သားအိမ်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Uterine Prolapse (သားအိမ်ကျခြင်း) ကဘာလဲ။ သားအိမ်ဟာ မိန်းမကိုယ်အတွင်း ပြူထွက်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ မိန်းမကိုယ်အထက်မှာ ကြွက်သားများ၊ အရွတ်များရဲ့ ထိန်းအားနဲ့ တည်ရှိပါတယ်။ ကြွက်သားနဲ့ အရွတ်တွေ အားနည်းပြီး ဆန့်ထွက်လာတဲ့ အခြေအနေမှာတော့ သားအိမ်ဟာ သူ့နေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲ ဆင်းလာပါတယ်။ ဆီးအိမ်၊ ဆီးပြွန်နဲ့ အူမကြီးပါ သားအိမ်နဲ့အတူ ကျလာတတ်ပါတယ်။ ကုသစမှုဟာ အခြေအနေပေါ် မူတည်ပါတယ်။ သားအိမ်ကျခြင်းကို မကုဘဲထားရင် သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ပတ်လည် အစိတ်အပိုင်းတွေမှာ ရောဂါပိုးဝင်နိုင်ခြေ များပါတယ်။ Uterine Prolapse (သားအိမ်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်မှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သွေးဆုံးပြီး အမျိုးသမီးတွေနဲ့ ကလေးရိုးရိုးမွေးဖူးသူတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများUterine Prolapse (သားအိမ်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တင်းကြပ်ခြင်း၊ အောက်ပိုင်းမှာ ပြည့်နေခြင်း၊ ဗိုက်နဲ့ဆီးစပ်က […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ကဘာလဲ။ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်း ကို ပီအိုင်ဒီဟုလဲခေါ်သည်။ အမျိုးသမီးမျိုးပွားအဂါၤများတွင် ရောဂါပိုးဝင်ခြင်းတမျိုးဖြစ်သည်။ ပီအိုင်ဒီသည် လိင်မှတစ်ဆင့်ကူးသော ရောဂါများ၏ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးတခုဖြစ်သည် ။ ထိုကြောင့် သားအိမ် သားအိမ်ပြွန် သားဥအိမ်နှင့်အခြားသော မျိုးပွားအဂါီများအား ထာဝရပျက်စီးစေတတ်သည်။ ကလေးမရခြင်းကိုဖြစ်စေသော်လည်း ကာကွယ်လို့ရပါသည်။ Pelvic Inflammatory Disease(နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဆိုင်ရာအဖွဲ့အစည်းမှ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများယောင်ခြင်းသည် အမေရိကန်တစ်နှစ်လျင် အမျိုးသမီးတစ်သန်းခန့်ဖြစ်နေသည်ဟုဆိုသည်။ ဆယ်ကျော်သက်အရွယ်တွင်ပို၍အဖြစ်များသည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPelvic Inflammatory Disease (နာတာရှည်အမျိုးသမီး တင်ပါးဆုံရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာတာရှည်အမျိုးသမီး မျိုးပွားအဂါၤများရောင်ခြင်းရဲ့ အချို့သောရောဂါလက္ခဏာတွေကတော့ ဗိုက်အောက်ပိုင်းနှင့် တင်ပါးစုံအတွင်းပိုင်းမှနာခြင်း မအဂါ်မှ အနံမကောင်းသောအရည်များဆင်းခြင်း။ ပုံမှန်မဟုတ်သောရာသီသွေးများလာခြင်း။ လိင်ဆက်ဆံချိန် နာခြင်း ဖျားခြင်း ဆီးသွားလျင်နာခြင်းသို့မဟုတ် ဆီးသွားရခက်ခြင်း ပီအိုင်ဒီသည် ရောဂါလက္ခဏာမပြင်းထန်သည် သို့မဟုတ် လုံးဝမပြသည်ထိဖြစ်တတ်သည်။ ကလက်မိုင်းဒီးယားကြောင့်ဖြစ်ပါက ရောဂါလက္ခဏာမပြင်းထန်ခြင်း သို့မဟုတ် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကဘာလဲ။ အမ်ဒိုမက်ထရီယမ်ဆိုသည်မှာ သားအိမ်၏နံရံအလွှာတစ်ခုဖြစ်ပြီး မတန်တဆ ဆဲလ်ကြီးထွားခြင်းကြောင့် ထူလာတတ်ပါသည်။ ထိုအခြေအနေအား အမ်ဒိုမက်ထရီယမ်ထူခြင်းဟု ခေါ်၏။ ၎င်းသည် ကင်ဆာမဟုတ်သော်လည်း တစ်ချို့ဖြစ်ရပ်များတွင် ကင်ဆာဖက်သို့ ကူးသွားနိုင်ပါသည်။ အမ်ဒိုမက်ထရီယမ်မှာ ရာသီစက်ဝန်တလျှောက် ဟော်မုန်းများအား တုန့်ပြန့်ခြင်းအားဖြင့် ပြောင်းလဲနိုင်စွမ်းရှိပါသည်။ စက်ဝန်း၏ ပထမအပိုင်းတွင်း မဟော်မုန်းကို သားဥအိမ်များမှ ထုတ်၏။ မဟော်မုန်းသည် နံရံအလွှာအား ကြီးထွားလာစေပြီး သန္ဓေတည်ရန်အတွက် သားအိမ်ကို အရံသင့်ပြင်ပေးလိုက်သည်။ နောက်တစ်ပိုင်း စက်ဝန်းအလယ်ပိုင်းတွင် သားဥအိမ်တစ်ခုမှ သားဥကြွေလာပါသည်။ သားဥကြွေပြီးနောက် ပရိုဂျက်စတီရုမ်းခေါ်သော နောက်ဟော်မုန်းတစ်မျိုး စထွက်လာ၏။ ထိုဟော်မုန်းသည် သားဥအား အာဟာရပြုရန် လက်ခံရန် အမ်ဒိုမက်ထရီယမ်ကို ပြုပြင်ပေးပြန်သည်။ သန္ဒေမတည်ဖြစ်ပါက မဟော်မုန်းနှင့် ပရိုဂျက်စတီရုမ်း လယ်ဗယ်များ တဖြည်းဖြည်းလျော့ကျသွား၏။ ပရိုဂျက်စတီရုမ်းကျသွားသည့်အခါ ရာသီစလာစေပါတော့သည့်။ တနည်း နံရံအလွှာ ကွာကျလာပါသည်။ နံရံလုံးဝကွာချပြီးသည့်အခါ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အွန်လိုင်းပေါ်မှာကြော်ငြာနေတဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အန္တရာယ်

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ မိန်းမကိုယ်ရဲ့ ကျုံ့ဆန့်နိုင်အားကို လျော့နည်းစေတာက ကလေးမီးဖွားခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အသက်အရွယ်ကြောင့် ဒါမှမဟုတ် လိင်ဆက်ဆံမှုကြောင့် ဒါမှမဟုတ် ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန် ပြောင်းလဲမှုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်၊ သားဖွားလမ်းကြောင်း မတင်းရင်းတော့တဲ့အခါ အိမ်ထောင်ရေးသုခကို မရရှိနိုင်ဘဲ မိသားစုပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆကြတာကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေအတော်များများက ဒီအတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာကြပါတယ်။ ဒီလိုနဲ့ မိန်းမကိုယ်ကျဉ်းဆေးတွေရဲ့ အစွမ်းကို အားကိုးလာပါတယ်။ ဒါပေမယ့် သဘာဝတရားအရ ဖြစ်လာတာမို့ အားနည်းချက်လိုမျိုး စိုးရိမ်နေဖို့တော့ မလိုပါဘူး။ ယောကျာ်းပစ်သွားမှာ၊ အိမ်ထောင် အဆင်မပြေမှာစိုးပြီး ပြန်လည် နုပျိုတင်းရင်းမှုကို ပြန်ရနိုင်ဖို့ နည်းလမ်းမှားတွေကို လိုက်လုပ်မိရင် ဒုက္ခရောက်နိုင်ပါတယ်။ မိန်းမကိုယ် ပြန်လည် တင်းရင်းလာဖို့အတွက် မိန်းမကိုယ်ကျဉ်းဆေးခရင်မ် သုံးတာအပါအဝင် နည်းလမ်းတွေ အများကြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)