တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် အသားပို ထွက်ခြင်း

ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အသားပို ထွက်သလိုမျိုး မိန်းမကိုယ်မှာလဲ အသားပို ထွက်နိုင်ပါတယ်။ ရိုးရိုး အသားပို ဆိုတာသေချာရင် စိုးရိမ်စရာ မလိုပါဘူး။ ဒါဟာ ကင်ဆာလည်း မဟုတ်သလို လိင်က တဆင့်ကူးစက်တတ်တဲ့ ရောဂါတို့၊ လိင်အင်္ဂါ ကြွက်နို့တို့နဲ့လည်း မတူပါဘူး။ ဒါပေမယ့် ရုတ်တရက် ကိုယ့်မှာ ဖြစ်လာခဲ့ရင် သို့လော သို့လော တွေးပြီး စိုးရိမ်နေမှာပါ။ ဒါကြောင့် ဒီအသားပို ဘာလို့ ထွက်ရတာလဲ။ ဘယ်လို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။ မိန်းမကိုယ် အသားပို ဆိုတာ ဘာလဲ။ တခြား နေရာမှာ ဖြစ်တဲ့ အသားပိုတွေနဲ့ အတူတူပါပဲ။ မိန်းမကိုယ် အသားပို ကို ဆေးပညာအရ Fibroepithelial Polyp လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဖြစ်တာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Endometriosis သားအိမ်အတွင်းဆဲလ်များနေရာလွဲခြင်း။

မိန်းကလေးတိုင်း အသက်အရွယ်အရွေးခံစားရတဲ့ မီးယပ်ပိုင်းဆိုင်ရာ ရောဂါထဲမှာ Endometriosis က တစ်ခု အပါအဝင်ပါ။ သိကြတယ်မလား။ ရာသီလာရင် သူများတွေလိုကိုက်ခဲတာမျိုးမဟုတ်ဘဲ ဆေးသောက်လည်းမပျောက် ရေနွေးအိတ်လည်း ကပ်လည်းမပျောက်တာမျိုးလေ။ ဒါမျိုးဆိုရင် သူ့မှာ Endometriosis ရှိနေပြီလို့ ယူဆရပါတယ်။ Endometriosis ဆိုတာဘာလဲ။ ။ Endometriosis ဆိုတာ သားအိမ်အတွင်းဆဲလ်တွေ နေရာလွဲတယ်ဆိုတော့ မမျိုးဥအိမ်၊ မျိုးဥပြွန်နဲ့ တင်ပဆုံပိုင်းအတွင်းတစ်ရှူးနံရံတွေ အကုန် ပုံမှန်မဟုတ်တော့တဲ့ ပြဿနာပါ။ Endometriosis ရှိနေတဲ့အခါ နေရာလွဲသွားတဲ့ endometrial tissue တွေက ဓမ္မတာတစ်ခါလာတိုင်း ထူထူလာမယ် နောက်ပိုင်း ပေါက်ကွဲပြီး သွေးထွက်တာကနေ ရာသီသွေးဆင်းများတာ ပုံမှန်ထက်ပိုပြီး ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီပေါက်ကွဲထွက်သွားတဲ့ သားအိမ်တစ်ရှူးအပိုင်းအစတွေက ကိုယ်ခန္ဓါအပြင်ကို ထွက်စရာမရှိတော့ သွားပုံနေတတ်ပြီး နောက်ပိုင်း အသားလုံးတည်တဲ့ ပြဿနာတွေ ဆက်ဖြစ်လာပါတော့တယ်။ ဖြစ်တဲ့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ်

မိန်းကလေးတွေအတွက် အမြဲသတိထားသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ မိန်းမကိုယ်သန့်ရှင်းရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ယောက်ျားလေးတွေထက် ပိုပြီး ယားယံလွယ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတာကြောင့် မိန်းကလေးတွေအတွက်တော့ ဒီနေရာကို ပိုပြီးဂရုစိုက်ရတာ သဘာဝပါပဲ။ ဒီဆောင်းပါးမှာ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်ပေါ်မူတည်ပြီး ဘာကြောင့် ဒီအရောင်ဖြစ်ရတာလဲဆိုတာကို ခွဲခြားပေးပါမယ်။ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို အရောင်အလိုက်ခွဲခြားကြမယ် ၁။ အနီရောင်၊ အညိုရောင် အမျိုးသမီးတွေ ရာသီလာချိန်မှာ အနီရောင် သို့မဟုတ် အညိုရောင်ရှိတဲ့အရည်တွေ မကြာခဏ ထွက်တာ သဘာဝပါပဲ။ ရာသီလာကာစမှာ ချယ်ရီသီးလို အနီရောင်တောက်တောက်ကနေ ရာသီလာတဲ့နောက်ဆုံးရက်မှာ အညိုရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။ တစ်ခါတလေ ရာသီလာစမှာကို အညိုရောင်ဆင်းတာလည်း ရှိတတ်ပါတယ်။ ဒါပုံမှန်ပါပဲ။ ဒီလိုရာသီလာနေတဲ့အချိန် မဟုတ်ဘဲ တခြားအချိန်မှာ ဒီလိုအရည်တွေ ထွက်တာဆိုရင်တော့ နည်းနည်းစဉ်းစားစရာရှိပါတယ်။ အကြောင်းရင်းတွေကတော့ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း သန္ဓေတားဆေးကြောင့် ရာသီသွေးထွက်ခြင်း ကိုယ်ဝန်ရှိခြင်း ပုံမှန်မဟုတ်တဲ့အချိန် ရာသီလာခြင်း မိန်းမကိုယ်ပိုးဝင်ခြင်း […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ

သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ......သားအိမ်တွင်း အလုံးအကျိတ် ဖြစ်လို့၊ ရာသီသွေးဆင်း နာကျင်မှုတွေ ခံစားရလို့၊ ကင်ဆာရှိနေလို့ စတဲ့ ဘယ်အကြောင်းရင်းတွေကြောင့်ဖြစ်ဖြစ် သားအိမ် ထုတ်ရပြီဆိုတာဟာ အကြီးစား ခွဲစိတ်မှုပါပဲ။ ဒါ့ကြောင့် ခွဲစိတ်မှု နောက်ပိုင်း ကာယကံရှင်ရဲ့ကျန်းမာရေး အခြေအနေ၊ ခွဲစိတ်မှု နည်းလမ်းတို့ကို မူတည်ပြီး ပြန်လည်ကျန်းမာမယ့် ကြာချိန် ကွာခြားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ဂရုစိုက်မှုက မကောင်းခဲ့ရင် ပြန်လည် သက်သာဖို့ အချိန် ပိုကြာနိုင်ပါတယ်။ သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ သားအိမ်ထုတ်ပြီးနောက်ပိုင်းကျန်းမာရေး ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတော့ (၁) ကိုယ်လက်လှုပ်ရှားမှု နဲ့ အနားယူခြင်းကို ထိန်းညှိနေထိုင်ပါ ခွဲစိတ်မှု နောက်ပိုင်းမှာ နားနားနေနေ နေရမယ်ဆိုပေမယ့် လုံးဝ မလှုပ်ရဲဘဲ ငြိမ်နေတာလည်း မကောင်းပါဘူး။ အနီးအနား လမ်းလျှောက်တာလောက် ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေက ခန္ဓါကိုယ်ကို ပြန်လည် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

ကိုယ်ကနေ အနံ့ဆိုးတွေ ထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုး တစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရော မိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့က အနံ့အသက်ကင်းဖို့လည်း လိုပါတယ်။ ဒီတော့ဘာလုပ်မလဲ အနံ့ဆိုး ထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှတော်ကာကျမှာပါ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်ကယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။ လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခု လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်အနံ့ဆိုးထွက်တာ ပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေ ထွက်နိုင်ပါတယ်နော်။ ဒါကလေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာက […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်တွေကို တကယ်ရောသုံးသင့်ရဲ့လားဆိုတာနဲ့အခြား အယူအဆမှားများ ။

TV တွေ ၊ စာစောင်တွေ Facebook တွေထဲမှာ မိန်းမကိုယ် သန့်စင်ဆေးရည်ကြော်ငြာ တွေ မကြာခဏ တွေ့ဖူးကြမှာပါ။ Shopping Mall တွေ သွားတိုင်း စင်ပေါ်မှာ သူတို့ကနေရာယူထားကြတာ တွေ့ရမှာပါ။ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်ဆိုတော့ သူတို့ကို တကယ်ရော သုံးသင့်ရဲ့လား။ အပြင်မှာတစ်ချို့လူတွေ ပြောနေကြတဲ့ မိန်းမကိုယ်ဆိုတာ သူ့ဘာသာသူ သန့်ရှင်းတဲ့စနစ်ရှိတယ်။ သန့်စင်ဆေးရည်တွေကို မလိုအပ်ဘူး။ မိန်းမကိုယ်အတွက် အန္တရာယ်တောင်ဖြစ်ဦးမယ် စတဲ့ အကြောင်းတွေ ကြားဖူးကြမှာပါ။ သူတို့ပြောနေကြသလို တကယ်ပဲ မလိုအပ်ဘူးလား။ ။ တကယ်တော့ ဘယ်လောက်ပဲ မိန်းမကိုယ်မှာ သဘာဝအတိုင်း သန့်ရှင်းတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ကိုယ့်ဘက်က မိန်းမကိုယ်သန့်ရှင်းရေးနဲ့ပတ်သက်လို့ သေချာဂရုမစိုက်ဘဲနေတဲ့အခါတွေမှာ သဘာဝစနစ်ကြီးကလည်း ပြင်ပက ရောဂါပိုးတွေကို မနိုင်တော့ပါဘူး။ ဒီတော့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆို မိန်းကလေးတွေကို သီးခြားနေရာမှာတောင် နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာ ရာသီသွေးဆင်းနေတဲ့ မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့ မိန်းမကိုယ် ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ ဒါပေမယ့် မိန်းကလေးတွေ ကိုယ်တိုင်ကကို ညစ်ပေတဲ့ နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ရောဂါပိုးဝင်မှာ စိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊ မကြာခဏ ဆေးကြောတတ်ကြရာက နုနယ်တဲ့ မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊ အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန် လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေ သုံးပစ်တာတွေ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း(၈) ခု

ခံရခက်ဆုံး ဝေဒနာတွေထဲမှာ မိန်းမကိုယ်ယားယံ ခြင်းလည်း ပါဝင်ပါတယ်။ လက်တို့၊ ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့ နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့ နေရာလည်းမဟုတ်နဲ့ တော်တော်ခံစားရခက်မှာပါ။ ဒီလို ဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ယားယံပြီဆိုကတည်းက ရောဂါပိုးတစ်ခုခုဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာ ကောင်းပါတယ်။ ဒီလို ယားယံမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။ မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း (၈) ခု (၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ မိန်းမကိုယ်ကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ယားယံခြင်းကို ဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအတော်များများကို နီမြန်း၊ ယားယံစေတဲ့ ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားစေတဲ့အချက်တစ်ခုရှိတယ်နော်။ ဒါကတော့ ခန္ဓါကိုယ်က အနံ့အသက်ဆိုးတွေထွက်နေမှာကိုပါ။ အရှက်အကြောက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်အဖို့ ဒီကိစ္စကလည်းတော်တော်လေးတော့စိတ်ညစ်စရာနော်။ မနက်အလုပ်သွားရင်း ခန္ဓါကိုယ်ကအနံ့အသက်ဆိုးထွက်နေတယ်။ ဘာမှလည်းလုပ်လို့မရ တစ်နေ့တာလုံးကို ဒီတိုင်းကျော်ဖြတ်ရမယ်ဆိုရင်ပြီးရောပဲနော်။ လူဆိုတာက အနံ့အသက်ဆိုးကင်းဖို့မဖြစ်နိုင်ပေမယ့် ဘယ်သူကမှာတော့ အနံ့ဆိုးမထွက်နေချင်ပါဘူး။ အနံ့အသက်ဆိုးကင်းဖို့ ဘာလုပ်မလဲ အမျိုးသမီးတွေအနေနဲ့ အနံ့အသက်တွေကင်းစင်စေဖို့မှာ အရေးတကြီးလုပ်ရမှာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါ။ ခေါင်းအစ ခြေအဆုံးတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ်ဆိုတာ အမျိုးသမီးတွေ သိပြီးသားပါနော်။ ဒီမှာ နောက်ထပ်အထူးပြုပြီး သေချာပြောချင်တာကတော့ မိန်းမကိုယ် သန့်စင်ခြင်းကိစ္စပါ။ အပြင်ပန်းပဲ လှပကျော့ရှင်းနေလို့မရဘူးနော်။ မိန်းမတွေမှာအရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးတွေကင်းဝေးပြီး ကျန်းမာသန့်ရှင်းနေစေဖို့ ဂရုစိုက်ရဦးမှာပေါ့။ ဒါမှပဲ စိတ်လုံလုံခြုံခြုံအနံ့အသက်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်မှာပါ။ လေဒီတစ်ယောက်အဖို့ မိန်းမကိုယ်ကိုသန့်စင်ဖို့ မမေ့သင့်တာက ဒီအချက်တွေကြောင့်ပါ လေဒီတို့ရဲ့ မိန်းမကိုယ်က ဘက်တီးရီးယားတွေနဲ့ပြည့်နေတာပါ။ ဘက်တီးရီးယားက အကျိုးပြုဘက်တီးရီးယားရော အကျိုးမပြုတဲ့ဘက်တီးရီးယားရောပေါ့။ ဒီဘက်တီးရီးယားအရေအတွက်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillus ဘက်တီးရီးယားတွေ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ

မိန်းကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဘေးချိတ်ထားလို့ မရတာ တစ်ခုရှိတယ်။ မိန်းမကိုယ် ကျန်းမာရေး ပါပဲ။ မိန်းမကိုယ်ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရမယ်လို့တော့ သိကြတယ်၊ သန့်စင်ဆေးရည်တွေ ဝယ်သုံးကြတယ်၊ အတွင်းခံသန့်သန့် ဝတ်ကြတယ်ဆိုရင် လုံလောက်ပြီလို့ ယူဆကြပါတယ်။ ဒါပေမယ့် မိန်းမကိုယ်ကို သက်ရောက်မှု ဖြစ်စေနိုင်တဲ့ တခြားအရာတွေကို သိပ်မသိကြပါဘူး။ သိရရင်တောင် ဘယ်လို ဆိုင်နေလို့လဲလို့ တွေးမိကြမှာပဲ။ ကိုယ်မထင်ထားလောက်တဲ့ ဘယ်အရာတွေက မိန်းမကိုယ်ကျန်းမာရေးကို ထိခိုက်စေနေသလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ သင်ထင်မထားတဲ့ မိန်းမကိုယ်ထိခိုက်စေသော အချက်များ ကတော့ ဆေးလိပ်သောက်ခြင်း ဆေးလိပ်မသောက်သင့်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေပိုများတယ်ဆိုတာ ထင်မထားလောက်ဘူးမဟုတ်လား။ သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပြောင်းလဲမှုတွေ ရှိနိုင်သူ အမျိုးသမီးတွေမှာဆေးလိပ်သောက်ရင် ကင်ဆာအဆင့်ထိရောက်လာနိုင်ခြေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ စီးကရက်ရဲ့ကာစီနိုဂျင်တွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)