တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

တင်ပဆုံပိုင်းက ကြွက်သားတွေက ဆီးအိမ်နဲ့ အူမကြီးကို ထိန်းထားပေးသလို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။ အတွင်းထဲက မွေးလမ်းကြောင်း၊ ဆီးအိမ်စတာတွေကို ထောက်ထားပေးပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲဆိုတာ ဒီမှာ ရှာကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက

သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာ အပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သားအိမ်ခေါင်း ဆိုတာ သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။ သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။ သားအိမ်ခေါင်းက ဘာတွေ […]

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

Pelvic Pain (ဆီးခုံနာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pelvic Pain (ဆီးခုံနာကျင်ခြင်း) ကဘာလဲ။ ဆီးခုံနာကျင်ခြင်းဆိုသည်မှာ သင့်ဝမ်းဗိုက်ရဲ့အောက်ဆုံးအပိုင်း ၊ ချက်အောက်ပိုင်း ဆီးခုံနေရာတွင်အတွင်းဘက်မှနာကျင်မှုမျိုးဖြစ်ပါတယ် ။ ဆီးခုံနာကျင်ခြင်းတွင်ရေတိုနှင့် ရေရှည်နာကျင်ခြင်းနှစ်မျိုးရှိပါတယ် ။ Pelvic Pain (ဆီးခုံနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆီးခုံနာ.ကျင်ခြင်းဟာအရမ်းအဖြစ်များပါတယ်။ အမျိုးသမီးများဟာအမျိုးသားများထက်အဖြစ်များပြီး ဆယ်ကျော်သက်မှသက်ကြီးပိုင်းအထိအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်နိုင်ချေကိုလျှော့ချနိုင်ပါတယ် ။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများPelvic Pain (ဆီးခုံနာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်မှုဟာ အသေးစားနာကျင်မှုကနေ အပြင်းအထန်နာကျင်မှုအထိလူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါဘူး။ စူးစူးရှရှနာကျင်နိုင်သလို နေရာတစ်ခုလုံးလည်းနာကျင်နိုင်ပါတယ် ။ ဆက်တိုက်နာကျင်နေနိုင်သလို ခဏခဏနာကျင်တာမျိုးလည်းဖြစ်နိုင်ပါတယ် ။ ဆီးခုံနာကျင်ခြင်းဟာ အခြားရောဂါလက္ခဏာတွေဖြစ်တဲ့ဆီးမထိန်းနိုင်ခြင်း ၊ ဖျားခြင်း ၊ ခါးနာခြင်း နှင့် နှလုံးခုန်မြန်ခြင်းတို့နှင့် တွဲလာတတ်ပါတယ် ။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ် ။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ဆရာဝန်နဲ့ပြသသင့်ပါပြီ ။ – သင့်ရဲ့တစ်နေ့တာလုံးအလုပ်ချိန်တစ်ခုလုံးနာကျင်နေခြင်း – လိင်ဆက်ဆံရာတွင်အခက်အခဲရှိခြင်း၊လိင်စိတ်ပြီးမြောက်ရန်ခက်ခဲခြင်း၊ လိင်အင်္ဂါထောင်မတ်မှူနှင့် သုတ်လွှတ်မှုများအားနည်းခြင်း […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသမီး အများအပြားဟာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုတွေကို ပြန်လည် ရရှိဖို့၊ ကလေးမွေးပြီး ဒါမှမဟုတ် အသက်အရွယ် ကြီးလာချိန်မှာ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့အတွက် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းကို ပြုလုပ်ကြလေ့ ရှိပါတယ်။ ဒီလို ခွဲစိတ်လိုက်ခြင်းက မိန်းမကိုယ်ကို ပြန်လည် တင်းကျပ်သွားစေပြီး တွဲကျတာ၊ ပုံပျက်တာမျိုးတွေကနေ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ပြင်ဆင်ခွဲစိတ်ခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့ အတွက် ခွဲစိတ်မှု မခံယူမီ ဒီအချက်ကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစား ရပါမယ်။ မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ မိန်းမကိုယ်ပြင်ဆင်ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ က အရမ်းကြီး သိသာထင်ရှားများပြားလှတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ် တဝိုက်မှာ နီရဲရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း

သင့် မွေးလမ်းကြောင်း ပုံစံ ဘယ်လို ဖြစ်နေမလဲလို့ စိတ်ထဲထင့်နေတတ်ပါသလား။ မပူပါနဲ့၊ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများဟာ - အထူးသဖြင့် ကလေးမွေးပြီးတဲ့အခါ၊ သွေးဆုံးပြီးတဲ့အခါ - မိမိတို့ မွေးလမ်းကြောင်းပုံစံ ဘယ်လိုဖြစ်နေမလဲ စိတ်ပူတတ်ကြပါတယ်။ ကံကောင်းစွာနဲ့ပဲ မွေးလမ်းကြောင်းပြင်ခြင်း နည်းက အမျိုးသမီးတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။ ကဲ...... ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း လေ့လာလိုက်ရအောင်နော်။ ခွဲစိတ်မှုမလိုဘဲမွေးလမ်းကြောင်းပြန်ပြင်ခြင်းအကြောင်း ရေဒီယိုလှိုင်း သို့မဟုတ် ပြင်းအားနည်း လေဆာအလင်းတန်းကို သုံးကာ အမျိုးသမီးအင်္ဂါရဲ့ ငယ်ရွယ်မှုကို ပြန်လည် ဆောင်ကြဉ်းပေးခြင်း ဖြစ်တယ်။ အန္တရာယ်နည်းပြီး အလွန်ကို အာနိသင်ရှိသော နည်းဖြစ်ပါတယ်။ ဦးတည်ချက် နှစ်ခုရှိပြီး - မွေးလမ်းကြောင်း ကျဉ်းပေးတာနဲ့ မိန်းမအင်္ဂါ အရောင်ဖျော့ပေးတာ တို့ဖြစ်တယ်။ အမျိုးသမီးတွေ အသက်ကြီးလာတာနဲ့အမျှ ကော်လဂျင်တွေ နည်းလာပြီး မွေးလမ်းကြောင်း ဆန့်ကျုံ့သတ္တိ လျော့လာပါတော့တယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ

အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ် နဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြဿနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ တားဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြူတွေ၊ အရည်တွေ ဆင်းခြင်းကလည်း မိန်းမကိုယ်မှာ ပြဿနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြဿနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ ကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ် ပြဿနာများနှင့် ဖြေရှင်းခြင်းများ မိန်းမကိုယ်ပြဿနာများနှင့် ဖြေရှင်းခြင်းများ အကြောင်း အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ် ပတ်လည် နာကျင်ခြင်း ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက် နာတာရှည်နာကျင်ခြင်းကို vulvodynia […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို သတိမပြုမိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးကင်းလုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိရေး ကိစ္စရပ်တွေမှာ အနုတ်လက္ခဏာ ဆောင်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ပဲ ဖြစ်ပါတယ်။ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ကတော့ သဘာထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော၊ တင်းကျပ်သော အတွင်းခံများ မဝတ်ပါနှင့် ဓာတုဗေတုချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ပူလောင်စိုစွတ်စေပြီး လေဝင်လေထွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် အဝတ်များ တင်းကျပ်ရင် အရေပြားတွေကို ပွတ်တိုက်ပြီး သေးငယ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။ သင့်ကို အကြံပြုချင်တာကတော့ သဘာဝပစ္စည်းတွေ ချည်ထည်တွေကိုပဲ ဝတ်ဆင်ပြီး တင်းကျပ်တဲ့ အဝတ်တွေကို အချိန်ကြာကြာဝတ်ခြင်းမှ ရှောင်ကြဉ်ဖို့ပါပဲ။ https://hellosayarwon.com/womens-health/vaginitis/home-remedies-for-vaginitis/ လိင်မှတဆင့် […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း

မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus )ဆိုတာ ယောနိလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေက သင်မလိုချင်ပဲနဲ့ ဆွဲညှစ်နေတာကိုခေါ်ပါတယ်။ ဒါဟာ သင့်လိင်ကိစ္စကို ထိခိုက်စေနိုင်တယ်။ ကံမကောင်းတာက ဒါကိုသင့်ဘဝမှာကြုံရနိုင်တာပါပဲ။ ဒါကြောင့် ဖြေရှင်းဖို့နည်းတွေလည်းသိထားသင့်တယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) နဲ့ပတ်သက်ပြီးသင်သိစရာအချက်တွေကို လေ့လာကြည့်ရအောင်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဆိုတာ ဘာလဲ။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ဖြစ်ရတဲ့အကြောင်းကိုမသိပေမယ့် ဒါကိုဖြစ်ဖို့အလားအလာတက်စေတဲ့ အချက်တွေတော့ရှိပါတယ်။ ဒါတွေကတော့ : သင်ယောနိက သေးလွန်းတာ လိင်ကိစ္စကနာကျင်ပြီး သာယာမှုမရှိတာ ကလေးမီးဖွားပြီးလို့ ယောနိလမ်းကြောင်းပျက်စီးနေတာ လိင်အနိုင်ကျင့်ခံရတာတွေ ဖြစ်ဖူးတာ ယောနိမှာပိုးကြောင့် ထိခိုက်တာ သင်ကကိုယ်ဝန်ရမှာကို ကြောက်နေတာ သင့်ပထမဆုံး လိင်ဆက်ဆံမှုက နာကျင်စေတာ သင့်ဆက်ဆံရေးမှာမအောင်မြင်တာ စတာတွေဖြစ်ပါတယ်။ မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus ) ခြင်းဟာ ရုပ်ပိုင်း စိတ်ပိုင်း ပြသနာတွေကြောင့် ဖြစ်နိုင်ပါတယ်။   မအင်္ဂါကြွက်သားကျုံ့ညှစ်ခြင်း (vaginismus […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

သင့် မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ပဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိလို့ဘူး ဆိုပါတယ်။ အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင် (မွေးကျွတ်နာ) လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ […]


အမျိုးသမီး ကျန်းမာရေး

သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း

သားအိမ်ခေါင်းမှာ အလုံး (အသားပို)ဖြစ်ခြင်း ဆိုတာက အမျိုးသမီးရောဂါတစ်ခု ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာပါ ပြဿနာပေးနိုင်ပါတယ်။ သားအိမ်ခေါင်းတွင် အသားပို ဖြစ်တယ် ဆိုတာ ဘာလဲ သားအိမ်ခေါင်းမှာ ကင်ဆာမဟုတ်တဲ့ အကြိတ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လိုက်ရင်တော့ သားအိမ်အထက်ပိုင်းမှာ အလုံးအကြိတ်ဖြစ်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလုံးအကြိတ်က ကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်မယ်၊ မွေးလမ်းကြောင်းထဲကို ထိုးထွက်လာနိုင်ပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ သင့်အနေနဲ့သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ သင့်မှာ သားအိမ်ခေါင်းအကြိတ်ဖြစ်တာမျိုး ရှိရင်တော့ မွေးလမ်းကြောင်းက သွေးအများကြီးဆင်းတာ၊ မူမမှန်သွေးဆင်းတာ အဲဒီလိုသွေးဆင်းရာကတစ်ဆင့် သွေးအားနည်းတာ၊ မောပန်းတာ၊ အားနည်းလာတာ လိင်ဆက်ဆံတဲ့အခါ နာကျင်တာ ဗိုက်မှာ တခုခုဖိနေသလို၊ အလုံးတည်နေသလို ခံစားရတာ […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ

အမျိုးသမီးမျိုးပွားအင်္ဂါအစိတ်အပိုင်းများ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါတွေဟာ စနစ်တကျ အလုပ်လုပ်ရပါတယ်။ မျိုးအောင်ခြင်းကနေ စတင်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းမှာ အဆုံးသတ်ပါတယ်။ သားဥအိမ် - ဟော်မုန်းနဲ့ မမျိုးဥထုတ်ပေးခြင်း သားဥအိမ်မှာ အဓိကလုပ်ငန်းဆောင်တာ(၂)ခု ရှိပါတယ်။ ပရိုဂျက်စတင်နဲ့ အီစထရိုဂျင်ဟော်မုန်း ထုတ်ပေးဖို့နဲ့ မမျိုးဥတွေ ထုတ်ပေးဖို့ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် သူ့ဆီမှာ မမျိုးဥတွေမြောက်များစွာ ပါလာပါတယ်။ သူ အပျိုဖြစ်ပြီဆိုတာနဲ့ အဲဒီ မမျိုးဥတွေ တစ်လကိုတစ်ခု စပြီး ထွက်လာပါတယ်။ ဦးနှောက်ကထွက်တဲ့ ဟော်မုန်းတွေက သားဥအိမ်ကနေ ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးပြီး မမျိုးဥများ ပုံမှန်ထုတ်အောင် လုပ်ပေးပါတယ်။ လတိုင်း မမျိုးဥတစ်လုံး သို့မဟုတ် နှစ်လုံးဟာ သားဥအိမ်ကနေ ထွက်လာပြီး သားဥပြွန်ထဲကို ရောက်သွားပါတယ်။ သားဥပြွန် - မျိုးအောင်သည့်နေရာ သားဥပြွန်ဟာ အမျိုးသားဆီက ဝင်လာတဲ့ သုက်ကောင်နဲ့ မမျိုးဥနဲ့ ပေါင်းပြီး မျိုးအောင်သွားတဲ့နေရာ ဖြစ်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)