backup og meta

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

    သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ……. မိန်းမကိုယ် သန့်ရှင်းဖို့ ဆိုတာ အမျိုးသမီး တစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အလေးထား ဂရုစိုက်ရမယ့် အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိန်းမကိုယ်လေးဟာ အမျိုးသမီး တစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ယူပေးနေရတာကြောင့်ဖြစ်တယ်။

    အရွယ်ရောက်လာတာနဲ့ မိန်းမကိုယ်ကနေပဲ ရာသီသွေးဆင်းတယ်၊ ကလေးမွေးတော့လည်း သူကနေပဲဖြတ်ရတယ်၊ အိမ်ထောင်ရေး သုခ ခံစားရဖို့လည်း သူပါရတာပဲ။ ဒီလို မိန်းကလေးတစ်ယောက်အတွက် အရေးပါဆုံးသော တာဝန်တွေကို ထမ်းဆောင်နေရတဲ့ မိန်းမကိုယ်လေးကို သန့်ရှင်းအောင်ထားဖို့ဆိုတာ အရေးကြီးလွန်းပါတယ်။ ဒါကြောင့် ဘယ်လို သန့်ရှင်းပေးသင့်လဲဆိုတာ ကြည့်ရအောင်နော်။

    သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

    သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ ဆိုတော့

  • မိန်းမကိုယ်တာဝန်မှာ သန့်ရှင်းရေး အပိုင်းပါပါတယ်။ ။
  • မိန်းမကိုယ်ဆိုတာ သူ့ဘာသာ သန့်ရှင်းအောင် နေတတ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ pH ပြင်းအားပျော့တဲ့ အက်ဆစ်တစ်မျိုးပါပါတယ်။ အဲ့ဒီ အက်ဆစ်ကပဲ အပြင်က ပိုးတွေ မဝင်နိုင်အောင် တားထားပေးတာဖြစ်ပြီး ဝင်လာတဲ့ ပိုးတွေကိုလည်း အတွင်းပိုင်းထဲထိ မရောက်နိုင်အောင် တားဆီးနိုင်စွမ်းရှိပါတယ်။ ပြီးရင် မိန်းမကိုယ်ကနေ အချွဲရည်တွေထွက်နေလေ့ရှိပြီး ဝင်လာတဲ့ ပိုးတွေကို အပြင်ပြန်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိန်းမကိုယ် အပြင်ပိုင်းကို သန့်ရှင်းအောင်ထားဖို့ပဲလိုပါတယ်။ အတွင်းပိုင်းမှာတော့ သန့်ရှင်းရေး စက်ရုံကြီး တစ်ခုရှိနေလို့ အတွင်းပိုင်းကို အတင်း သန့်ရှင်းအောင် တကူးတက လုပ်နေဖို့ မလိုပါဘူး။

  • မိန်းမကိုယ် အပြင်ပိုင်းကို သန့်ရှင်းပေးတာ။ ။
  • မိန်းမကိုယ် အပြင်ပိုင်းမှာ မိန်းမကိုယ်အဝ၊ အပြင်နှုတ်ခမ်းသား၊ အတွင်းနှုတ်ခမ်းသားနဲ့ မအင်္ဂါစေ့တို့ပါပါတယ်။ မိန်းမကိုယ် အပြင်ပိုင်းကို အရေပြားက ဖုံးပေးထားတာဖြစ်ပြီး တစ်ခြား ကိုယ်ခန္ဓာ အပြင်ပိုင်းက အရာတွေလိုပဲ သန့်ရှင်းပေးရပါတယ်။ ရေချိုးရင်း ဖြစ်ဖြစ်၊ သပ်သပ်အချိန်ပေးပြီးတော့ပဲဖြစ်ဖြစ် သန့်ရှင်းပေးလို့ရပါတယ်။ အရမ်းကြီး ပြင်းတဲ့ ဆပ်ပြာတွေ၊ ချေးချွတ်တဲ့ အရာတွေ မသုံးမိဖို့တော့အရေးကြီးပါတယ်။ မိန်းမကိုယ် ပွန်းသွားမှာ စိုးလို့ဖြစ်ပါတယ်။ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်အသုံးပြုမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။

    • အတွင်းခံ တွေကို သန့်ရှင်းအောင်ထားပါ။ ။

    ချွေးစိုနေတဲ့ အတွင်းခံဖြစ်ဖြစ် ၊ လျှော်ပြီး မခြောက်တဲ့ အတွင်းခံဖြစ်ဖြစ် ၊ အတွင်းခံတွေကို မလျှော်ဘဲ ပြန်ဝတ်တာတွေက မိန်းမကိုယ်ကို အလွန်ဒုက္ခပေးနိုင်တဲ့အပြင် ဆီးလမ်းကြောင်းကိုပါ ပိုးဝင်စေနိုင်ပါတယ်။ အဲ့ဒီ အတွင်းခံတွေက ဘက်တီးရီးယားတွေ ပျော်စံရာနေရာဖြစ်နေတတ်လို့ပါ။ ဒါကြောင့် အတွင်းခံတွေကို တစ်နေ့တစ်ခါ မှန်မှန်လဲပေးဖို့လိုပါတယ်။ ဒါ့အပြင် ချည်သားနဲ့ လုပ်ထားတဲ့ အတွင်းခံတွေက လေဝင်လေထွက်ပိုကောင်းစေလို့ ချည်သား အတွင်းခံတွေကို ပိုဝတ်သင့်ပါတယ်။

    • အလေးသွားပြီးတိုင်း လုပ်သင့်တဲ့ သန့်ရှင်းရေးပုံစံ။ ။

    အလေးသွားတာ အပေါ့သွားတယ်ဆိုတာ ငယ်ငယ်ထဲ မွေးကတည်းက လုပ်နေကြ အရာဖြစ်လို့ အထွေအထူး သိပ်ပြောစရာမရှိပေမယ့် သန့်ရှင်းတဲ့အခါကျတော့ ပြောစရာရှိပါပြီ။ အလေးသွားပြီး လက်ကို အနောက်ဘက်ဆွဲယူတဲ့ သန့်စင်နည်းက မိန်းကလေးတို့ အတွက် အသင့်တော်ဆုံးပါ။ အရှေ့ဘက်ကို လက်ဆွဲယူ သန့်စင်မယ်ဆိုရင် ပိုးတွေ၊ အညစ်အကြေးတွေက မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။ ဒါကြောင့် မှန်ကန်တဲ့ သန့်စင်နည်းကို ငယ်ငယ်ထဲက အကျင့်လုပ်ပေးသင့်ပါတယ်။

  • ရာသီလာစဉ် မိန်းမကိုယ်သန့်ရှင်းရေး။ ။
  • ရာသီလာတယ်ဆိုတာ အရွယ်ရောက်တဲ့ မိန်းကလေးတိုင်း ရှောင်လွဲလို့မရ ကြုံတွေ့နေကြ ကိစ္စတစ်ခုပါ။ ရာသီသွေးပေါ်ချိန်ဆို မိန်းမကိုယ်လေးကို သန့်ရှင်းအောင် ထားဖို့ အလွန်ကို အရေးကြီးပါတယ်။ သွေးဆိုတာ ဘက်တီးရီးယားပိုးတွေ အကြိုက်မဟုတ်လား။ ဒါကြောင့် ရာသီလာရင် သုံးတဲ့ လစဉ်သုံးပစ္စည်းတွေကို အနည်းဆုံး တစ်နေ့ကို နှစ်ခုလဲပေးသင့်ပါတယ်။ ၆နာရီခြားတစ်ခါ လဲပေးရင် အကောင်းဆုံးပါ။ မေ့ပြီး မလဲမိရင် သွေးတွေ အညစ်အကြေးတွေရောနေတဲ့ လစဉ်သုံးပစ္စည်းလေးဟာ ဘက်တီးရီးယားပိုးတွေ အတွက် အကောင်းဆုံးပျော်စရာ နေရာတစ်ခုဖြစ်နေလို့ပါ။

    • လိင်ဆက်ဆံရာတွင် သိသင့်သော အချက်။ ။

    မိန်းမကိုယ်နဲ့ လိင်ဆက်ဆံမယ်ဆိုရင် မိန်းမကိုယ် တစ်ခုထဲပဲသုံးသင့်ပါတယ်။ လိင်ဆက်ဆံချိန် စအိုနဲ့ လိင်ဆက်ဆံလိုက် မိန်းမကိုယ်နဲ့ လိင်ဆက်ဆံလိုက် လုပ်မယ်ဆိုရင် စအို အတွင်းပိုင်းက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲကို အလုံးလိုက် အရင်းလိုက်ဝင်နိုင်လို့ပါ။

    • မိန်းမကိုယ်ကို မွှေးလွန်းတဲ့ ဆပ်ပြာတွေ၊ အမွှေးရည်တွေ နဲ့ သန့်စင်ဖို့ လိုအပ်လား။ ။

    တချို့ရှိတယ်။ အမွှေးနံ့ ပြင်းတဲ့ ဆပ်ပြာတွေ အမွှေးရည်တွေသုံးပြီး မိန်းမကိုယ်ကို မွှေးနေအောင်လုပ်ကြတယ်။ မိန်းမကိုယ်ဆိုတာ တခြား ကိုယ်မှာရှိတဲ့ အရာတွေထက် ပိုပြီး နူးညံ့တဲ့ အရာဖြစ်လို့ သုံးလိုက်တဲ့အမွှေးအကြိုင်တွေမှာ ပါတဲ့ ဓာတု ပစ္စည်းတွေက မိန်းမကိုယ် အတွင်းပိုင်းထိကို ဝင်ရောက်နိုင်ပြီး ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မသုံးမိဖို့ အရေးကြီးပါတယ်။ မွှေးနေဖို့ လည်း အရမ်းကြီး မလိုအပ်ဘူးလေနော်။

    ဒါတွေကတော့မိန်းကလေးတိုင်း သိထားသင့် လိုက်နာသင့်တဲ့ မိန်းမကိုယ်ကို သန့်ရှင်းအောင် ထားသင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းတဲ့ နေရာမှာ မိန်းမကိုယ်ကိုလည်းထားခဲ့ လို့မရပါဘူး။ မှန်ကန်တဲ့ အတွင်းခံတွေ ရွေးချယ်၊ သုံးသင့်တဲ့ သန့်စင်ဆေးရည်တွေကို သုံးကာ သန့်ရှင်းအောင်ထားပြီး သာယာလှပတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

    ရေးသားသူ- Dr Thin Yadanar @Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement