တစ်လတစ်ခါ သားဥကြွေလေ့ရှိပြီး သုက်ပိုးကောင်နဲ့တွေ့ရင် အဆင်သင့်ဖြစ်နေဖို့အတွက် သားအိမ်က ပြင်ဆင်ထားလေ့ရှိပါတယ်။ ကာမစပ်ယှက်ထားတာ မရှိဘူး၊ သုက်ပိုးနဲ့ သားဥလေးလည်း မတွေ့ဘူးဆိုရင် နောက်လအတွက် ပြန် အသစ်ဖြစ်အောင် သားအိမ်က သူပြင်ဆင်ထားတာတွေကို ဖြိုချရပါတယ်။ ဒီလိုနဲ့ အမျိုးသမီးတွေမှာ တစ်လတစ်ခါ ဓမ္မတာ လာတယ်ဆိုတာ ဖြစ်လာရတာပါ ။ ။
သန္ဓေအောင်သွားရင်တော့ အောင်သွားတဲ့ မျိုးဥလေးဟာ သားအိမ်မှာ ကပ်တွယ်ပြီး တဖြည်းဖြည်းကြီးထွားလာရပါတယ်။ ကလေးကြီးလာတာနဲ့ အမျှ ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေရအောင် အချင်းဆိုတာ ပေါ်လာပြီး ရေမွှာရေတွေလည်း များလာရပါတယ်။ မွေးဖွားခါနီးရင် သားအိမ်ခေါင်းလည်း တဖြည်းဖြည်းပွင့်လာရပြီး မွေးလမ်းကြောင်းကနေ ကလေးဆင်းလာရပါတယ်။ ကလေးမွေးဖွားဖို့အတွက် တင်ပဆုံခွင်လည်း ကျယ်လာရပါတယ်။ အမေရဲ့ ညှစ်အားနဲ့ ကလေးခေါင်းတွန်းအား၊ မွေးလမ်းကြောင်းချဲ့တာတွေပေါ်မူတည်ပြီး သင့်တို့ရင်သွေးလေးတွေ လူ့လောကကို ရောက်ရှိလာကြတာပါ။ ။
ရေးသားသူ− Dr Thin Yadanar @ Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။