• ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေခြင်း
• ကိုယ်ဝန်ဆောင်နေတဲ့အမျိုးသမီးတွေမှာ ကလေးစောမွေးနိုင်ခြင်း၊ မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်ရှိနိုင်ခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း
• ရင်သားထဲက တစ်ရှူးဆဲလ်များ ထူလာခြင်း အစရှိတဲ့ ပြဿနာတွေကို တွေ့ရနိုင်ပါတယ်။
ဒါကြောင့် မဟော်မုန်းအစားထိုးကုသခြင်း မခံယူခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အခြေအနေက ရေတိုကုသရမှာလား၊ ရေရှည်ကုသရမှာလား၊ ကုသမှုခံယူပြီးနောက်မှာရော ကလေးထပ်ယူဖို့ စဉ်းစားထားသေးလား၊ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး မိဘမျိုးရိုးမှာ ရှိခဲ့ဖူူးလား၊ တကယ်ရော ကုသမှုခံယူဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ သေချာစဉ်းစားထားဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကုသမှုမခံယူဘဲ သဘာဝအတိုင်းပဲ ပြန်ထိန်းမယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံတွေ၊ သောက်ထားသင့်တဲ့ အားဆေးတွေကိုလည်း ဆရာဝန်နဲ့ စောစောစီးစီး တိုင်ပင်ပြီး လိုက်နာလို့လည်း ရပါတယ်။
Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။