backup og meta

Lice (သန်း)

Lice (သန်း)

Lice (သန်း) ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံး လိုလို သိထားပြီး ဖြစ်မှာပါ။

Lice (သန်း) ကူးခြင်းဆိုတာဘာလဲ။

Lice (သန်း) များသည် သွေးထဲတွင် ရှိသော သေးငယ် သော အတောင် မရှိသော ကပ်ပါးကောင် များ ဖြစ်ပါသည်။ သန်းများ သည် ခန္ဓါကိုယ် သို့မဟုတ် အဝတ်များ ပေါ်တွင် လွယ်ကူစွာ ပျံ့နှံ့ပြီး အရေပြား နီ၍ ရောင်ရမ်း နာကျင်ခြင်း ကို ဖြစ်စေ ပါသည်။ သန်းများကို အမျိုးအစား ၃မျိုး ခွဲခြားထားပါ သည်။

  • ခေါင်းသန်း။ ဦးရေပြားပေါ်တွင် တွေ့ရသည်။ နား ပတ်ဝန်းကျင် သို့မဟုတ် လည်ပင်း တွင် တွေ့နိုင် ပါသည်။
  • ခန္ဓါကိုယ်သန်း။ များသော အားဖြင့် ခန္ဓါကိုယ် တွင် တွေ့ရသည်။ အဝတ်အစား၊အိပ်ယာခင်း တို့ကိုထိ တွေ့ ခြင်း ဖြင့် ပျံ့နှံ့ပြီး သင့်အရေပြားပေါ်သို့ ရောက် ကာ သွေးစုပ်ကြပါသည်။ အိမ်ယာမရှိသောလူများ ကဲ့သို့ ရေခဏခဏမချိုးသောသူများတွင် မကြာခဏ တွေ့ရ တတ်ပါသည်
  • ဆီးခုံသန်း။ crabs ဟုလည်း ခေါ်ပါသည်။ ဆီးခုံရှိ အရေပြားနှင့် အမွှေးများတွင် တွေရပါသည်။ ရင်ဘတ် မွှေး၊ မျက်ခုံးမွေး၊ မျက်တောင်မွေး စသော နေရာ များကိုလည်း ပျံ့နှံ့နိုင်ပါသည်။

သန်းကူးစက်ခြင်းသည် ဘယ်လောက်အဖြစ်များသလဲ။

သန်းကူးစက်ခြင်း သည် အလွန် အဖြစ် များပါသည်။ သန်းများ သည် ကလေးများအား ပို၍ ထိခိုက်စေပါသည်။ အန္တရာယ် ဖြစ်စေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက် များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။

သန်းကူးစက်ခြင်း၏ ရောဂါလက္ခဏာတွေက ဘာလဲ။

သန်းကူးစက်ခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • ပြင်းထန်စွာ ယားယံခြင်း
  • ဆံပင်မွေးများ ယားယံခြင်း
  • ဦးရေပြား၊ လည်ပင်းနှင့် ပခုံးတို့တွင် အနီရောင် ဖုများ ဖြစ်ပေါ်ခြင်း
  • ဦးရေပြား နာကျင်ခြင်း
  • သန်းများသည် ဦးရေပြား၊ ခန္ဓါကိုယ်နှင့် အဝတ်များ ပေါ်တွင် မြင်နိုင်ပါသည်။ အရွယ်ရောက်ပြီးသူများ တွင် နှမ်းစေ့အရွယ် သို့မဟုတ် နည်းနည်းပိုကြီး သော အရွယ်ဖြင့် ရှိတတ်ပါသည်။
  • သန်းဥများသည် ဆံပင်မွေး အမြစ်ပိုင်းတွင် ရှိပါသည်။ ဗောက်များနှင့်တူသော်လည်း သန်းဥ များကို ဘီးနှင့် ဖြီးချ ၍ မရပါ။

အထက်တွင် ဖော်ပြ မထား သော အခြားလက္ခဏာ များ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ထုံးစံအရ ဆေးပါဝင်သော ခေါင်းလျှော်ရည်များ စသော အိမ်သုံး ကုသမှုများနှင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း ဖြင့် သန်းများ ကို ဖယ်ရှားနိုင်ပါသည်။

သို့သော်လည်း အောက်ပါတို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။

  • အိမ်သုံး ကုသမှုများ ဖြင့် သန်းကို မသတ်နိုင်သော အခါ။ ဆရာဝန် သည် ပိုပြင်းသော ဆေးကို ညွှန်နိုင် ပါသည်။
  • ကိုယ်ဝန်ရှိနေသောအခါ။ ဆရာဝန်နှင့် မတိုင်ပင်ရမချင်း ဆေးပါသော ခေါင်းလျှော်ရည်များ သုံးခြင်းကို ရှောင်ပါ။
  • ကုတ်ခြစ်ရာမှ ပြဲခြင်း၊ ရောဂါပိုးကူးစက်မှု ကြောင့် ဖြစ်သော အဖုအပိမ့် များရှိလျှင် ဆရာဝန် နဲ့ပြပါ။

သန်းကူးစက်ခြင်းကို ဘာတွေကဖြစ်စေသလဲ။

သန်းကူးစက်ခြင်း၏ အဓိကဖြစ်စေသော အကြောင်းရင်းမှာ ကူးစက်ခံရသူ နှင့် ထိတွေ့ခြင်း ကြောင့်ဖြစ်သည်။ သန်းဥများ သည် ၁ပတ်-၂ပတ် အတွင်း အကောင်ပေါက် ပါသည်။ သန်းများ သည် အောက်ပါတို့ဖြင့် ပျံ့နှံ့ပါသည်။

  • တိုက်ရိုက်ကူးစက်ခြင်း။ နီးကပ်စွာ ထိတွေ့ခြင်း မှ ကူးစက် နိုင်ပါသည်။ ကျောင်းသွားရသော ကလေးငယ် များနှင့်မိသားစုဝင်များတွင်အဖြစ်များပါသည်။ ဦးခေါင်း အချင်းချင်း သို့မဟုတ် ခန္ဓါကိုယ် အချင်းချင်း ထိတွေ့ ခြင်းကြောင့်ဖြစ်နိုင်ပါသည်။
  • သူငယ်ချင်းများ မိသားစုများနှင့် ပစ္စည်းများမျှဝေသုံး စွဲ ခြင်း။ သွားပွတ်တံများ၊ ဘီးများ၊ အဝတ်အစား ၊ ဦးထုပ် တို့ကို သန်းရှိသူနှင့်သုံးခြင်းဖြစ်သည်။
  • ကိုယ်ပိုင်ပစ္စည်းများကို သိမ်းခြင်း။ သန်းရှိသော အဝတ် အစား ခေါင်းအုံး များသည် ပရိဘောဂများ နှင့်အခြား အနီးတွင် ရှိသော ခေါင်းအုံးများနှင့် စောင်များကို သန်း ကူးစက်စေနိုင်ပါသည်။
  • ညစ်ညမ်းသောပရိဘောဂများနှင့်ထိတွေ့ခြင်း။ အိပ်ယာ ဆိုဖာ၊ကုလားထိုင်တို့ကိုမျှဝေသုံးခြင်းဖြင့်ဖြစ်နိုင်သည်။
  • လိင်ပိုင်းဆိုင်ရာထိတွေ့ခြင်း။ သန်းသည် လိင်ပိုင်းဆိုင် ရာထိတွေ့ခြင်းမှလည်းပျံ့နှံ့ နိုင်သည်။

ဘယ်အရာတွေက သန်းကူးစက်ခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေပါသလဲ။

သန်းကူးစက်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်စေသော အချက် များမှာ

  • ကျောင်းတက်နေသော ကျောင်းသား များသည် လူအများ နှင့်ထိတွေ့နေ ရသောကြောင့် ကူးစက် နိုင်ချေ မြင့်မားပါသည်။
  • ကူးစက်ခံရသောကြင်ဖော်ဖြင့် လိင်ဆက်ဆံခြင်း
  • ပုံမှန်ရေမချိုးခြင်း
  • ပုံမှန် အဝတ်အစားများအား မလျှော်ခြင်း
  • အိပ်ယာခင်းများ အောက်ခံအဝတ်များကို မလျှော်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခု ဖော်ပြထားသည့် အချက်အလက် များမှာ ဆေးပညာ ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေး ချက် များနေရာ တွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသော အချက်အလက် များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။

သန်းကူးစက်ခြင်းဟုတ်မဟုတ် ဘယ်လိုအဖြေရှာ အတည်ပြုမလဲ။

ဆရာဝန်သည် သင်၏ ဆေးမှတ်တမ်းနှင့် ဆေးစစ်ခြင်း ကို ကြည့်ရှုပါမည်။ ဦးရေပြားအား မှန်ဘီလူးဖြင့် အထူး ဂရုစိုက်၍ ကြည့်ပါလိမ့် မည်။ ဆရာဝန် သည် သင့်ခန္ဓါကိုယ်အနှံ့ သန်းဥ များကို ရှာဖွေ စစ်ဆေးပါလိမ့်မည်။

သန်းကူးစက်ခြင်းကို ဘယ်လိုကုသမလဲ။

သင်သည် ဆေးပါသော ခရင်မ်၊ လိုးရှင်း နှင့် ခေါင်းလျှော် ရည် တို့ကို အသုံးပြု၍ ကုသနိုင်ပါသည်။ အမျိုး အစား အချို့မှာ permethrin (Nix၊ Elimite)၊ pyrethrins (Rin၊ R and C၊ A-200) နှင့် lindane (Kwell) တို့ဖြစ်ပါသည်။ ပုံမှန် ကုသမှုသည် ၇ရက် ကြာပါသည်။ သန်း ပြန်ထပါက ထပ်မံ ကုရန် လိုအပ်ပါသည်။

သင်သည် ဦးရေပြားမှ သန်းများ ဖယ်ရန် အထူးပြုလုပ် ထားသော ဘီး သို့မဟုတ် မွေးညှပ်ကို အသုံးပြုနိုင်ပါသည်။ သေချာ မြင်နိုင်ရန် မှန်ဘီလူးဖြင့် ကြည့်ပါ။ သင်၏ မျက်တောင် မွေးတွင် သန်းနှင့် သန်းဥ ရှိသလားဆိုတာ စစ်ဆေးပါ။

သန်းဥများကို အဝတ် အစား၊ သန့်ရှင်းရေး ပစ္စည်းများ၊ အိပ်ယာခင်းများ နှင့် ပရိဘောက များမှ လုံးဝဖယ်ရှား နိုင် အောင် လုပ်ပါ။ သင်၏ အိပ်ယာခင်း၊ အဝတ်၊ နှင့် ပရိဘောဂ များကို ပိုးသတ်ဆေး ပါသော ရေနွေးပူဖြင့် ဆေးခြင်းဖြင့် သန်း ဖယ်ရှားနိုင်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သန်းကူးစက်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သန်းကူးစက်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။

  • ကိုယ်ဝန်ရှိပါက ဆရာဝန်အား ပြောပါ။
  • သန်းကူးစက်ခြင်းကို ကာကွယ်ရန် မိသားစုဝင်များကို အရင် စစ်ဆေးပါ။
  • တစ်ပတ်ကြာသည်အထိ ရောဂါလက္ခဏာ များ မသက် သာပါက ဆရာဝန်ကို ခေါ်ပါ။
  • စေးကပ်သော သန်းပျောက် ခေါင်းလျှော်ရည်များ မျက်လုံး တွင်းသို့ မဝင်ပါစေနှင့်။
  • ဆရာဝန် ခွင့်မပြုမချင်း ကလေးအား စာသင်ကျောင်း၊ မူကြို မလွှတ်ပါနှင့်။
  • သန်းရှိစဉ်က အသုံးပြုထားသော အဝတ်၊ အိပ်ယာခင်း၊ ပရိဘောဂ ခြုံထည်များကို လျှော်ပါ။ အပူချိန် ၅၅ ဒီဂရီ စင်တီဂရိတ် ရှိသော ရေနွေးပူဖြင့် လျှော်ပါ။ အပူပေး စက်ဖြင့် အခြောက်ခံပါ။ အိမ်သန့်ရှင်းရေးလုပ်ပါ။ လျှော် ၍မရသော အဝတ်များကို အခြောက်မလျှော်ခင် ပလက်စတစ်အိတ် ဖြင့် နှစ်ပတ် လောက် ပိတ်၍ ထုပ်ထားပါ။
  • ဘီးများ သွားပွတ်တံများကို သန်းသေစေသော ခေါင်း လျှော်ရည်၊ ပိုးသတ်ဆေး၊ ရေနွေး သို့မဟုတ် ပိုးသေစေ သော အရက်ပျံတွင် အနည်းဆုံး တစ်နာရီ လောက် စိမ်ပါ။
  • မိသားစုဝင်များ သို့မဟုတ် လက်တွဲဖော်တွင် ကုသပြီး နောက် သန်းဖြစ်သည့် ရောဂါ လက္ခဏာ များ ပြန်ပေါ် လာပါက ဆရာဝန်အား ခေါ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier,2012. Download version.

Lice. http://www.mayoclinic.org/diseases-conditions/lice/basics/definition/con-20021627. Accessed Jul 14 2016.

ယခုပုံစံ

17/08/2023

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

ဦးရေပြားမှာပေါက်တဲ့ ဝက်ခြံလေးတွေ သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement