လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စတွေ၊ လိင်စိတ်ဖြစ်ပေါ်ပုံနဲ့ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဘဝစတာတွေကို ဒီမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။ သုတေသနတွေက ဘာပြောလဲ လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။ ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို […]

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမှာလဲ

ဘယ်အသက်အရွယ်အထိ လိင်ဆက်ဆံမယ်လို့ တွေးဖူးသလား။ ဘယ်အချိန်ဆိုရင် ရပ်လိုက်မယ်၊ ဘယ်အရွယ်အထိ ဆက်ပြီး လိင်ဆက်ဆံနေဦးမယ်ဆိုတာမျိုးပေါ့။ “အသက်ကြီးမှ နှာဘူးထနေပြန်ပြီ” လို့ ဘယ်သူမှ အပြောအဆို မခံချင်ကြသလို၊ အသက်ကြီးရင့်လာချိန်မှာ လိင်စိတ်ရှိနေသေးတာကို အပြစ်တစ်ခုလို ခံယူလာတတ်ကြတာကလည်း လူ့ သဘာဝပါပဲ။ သိပ္ပံနည်းကျ လေ့လာချက်တွေအရဆိုရင် ဘယ်အရွယ်အထိပဲ လိင်ဆက်ဆံရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိထားပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကတော့ ကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ လိင်မှုကိစ္စဆိုတာ ငယ်ရွယ်တက်ကြွမှုတွေ၊ ခွန်အားပြည့်ဝမှုတွေ အိမ်ထောင်သားမွေးအမှုကိစ္စတွေနဲ့ ဆက်စပ်နေတဲ့ ကိစ္စတစ်ခုလို့ တံဆိပ်ကပ်ခြင်းခံထားရတယ်မဟုတ်လား။ အသက်ကြီးလာရင် လိင်စိတ်ကုန်ခမ်းသွားလိမ့်မယ်လို့ လူတိုင်းက လွယ်လွယ်တွေးထားကြတယ်။ တကယ်ဟုတ်ပါ့မလား … အသက်ကြီးရင် လိင်စိတ်ကုန်သွားတတ်သလား အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် အသက်အရွယ်ကြီးရင့်လာချိန်မှာ လိင်မှုကိစ္စအတွက် ဆန္ဒအာသီသ နည်းလာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် နည်းပါးသွားတာဟာ ပျောက်ဆုံးသွားတာမဟုတ်ကြောင်း နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ Kinsey Institute က ပါမောက္ခ စတက်ဖနီ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လေ့ကျင့်ခန်းသည် ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာရေးအတွက်သာမက လိင်မှုကိစ္စ သာယာရေးအတွက်ပါ အကျိုးထူးများစွာ ပေးနိုင်တယ်ဆိုရင် မယုံမရှိလိုက်ပါနဲ့။ လေ့ကျင့်ခန်းကို ပုံမှန်လိုက်စားသူတွေ အများစုဟာ စိတ်နဲ့ ခန္ဓာ ကျန်းမာပျော်ရွှင်တဲ့အပြင် တခြားသူတွေထက်လည်း လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှု ရတယ်လို့ စစ်တမ်းကောက်ယူချက်များအရ တွေ့ရပါတယ်။ လိင်စိတ်လုံးဝ မရှိသူ (Asexual) တွေကလွဲလို့ ကျန်တဲ့လူသား အားလုံးရဲ့ တစ်နေ့တာမှာ အိပ်၊ စား၊ ကာမ သုံးမျိုးလုံး စိတ်တိုင်းကျပါမှ နေ့ရက်တိုင်းနဲ့ မနက်ဖြန်တိုင်းကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မှာပါ။ ဘာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လိင်မှုကိစ္စအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတာလဲ။ ၁။ လိင်ဟော်မုန်း ထုတ်လုပ်နှုန်းကို မြင့်တက်စေခြင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ကျွန်တော်တို့ လူခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနှုန်းကို မြန်စေပါတယ်။ ဒီဟော်မုန်းတွေထဲမှာ လိင်စိတ်ဆန္ဒကို မြင့်တက်စေတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေက တကယ့် အကြီးမားဆုံး ရန်သူတွေပါပဲ။ စိတ်ညစ်နေတဲ့အချိန်ဆိုရင် လူတိုင်းက ဘာမှ လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့ဘဲ၊ အိပ်ရာထဲမှာပဲ ခွေခွေလေးနေပြီး ဘဝကြီးကို စိတ်ကုန်နေတတ်တာ သဘာဝပါ။ အထူးသဖြင့် ခုလိုမျိုး ကပ်ဘေးကာလမှာ လူတိုင်းက ရောဂါပိုးကူးစက်ခံရမှာ ကြောက်တဲ့စိတ်တွေ၊ မိသားစုအတွက် ပူပန်ရတဲ့ စိုးရိမ်စိတ်တွေ၊ အလုပ်အကိုင်ပျက်၊ ဝင်ငွေမရှိတော့လို့ ညစ်နေတဲ့ စိတ်တွေဟာ လိင်ဆက်ဆံဖို့ စိတ်ပျောက်ဆုံးသွားလောက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ လိင်စိတ် ပျောက်ဆုံးသွားတာမျိုးပေါ့။ ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း တစ်ကိုယ်တည်းနေပြီး ချစ်သူရည်းစား၊ အိမ်ထောင်ဖက် မရှိတဲ့ ယောက်ျားလေး အများစုကတော့ ဒါကို လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ သဘာဝက လုပ်စရာမရှိ၊ ကိုယ့်အခန်းထဲမှာပဲ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် လိင်စိတ်ပိုထန်တတ်တာ သဘာဝပဲကိုး။ လူငယ်တွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ကိုယ်ရည် အာသာဖြေရင် ဝိတ်ကျနိုင်သလား

တစ်ကိုယ်ရည် အာသာဖြေရင် ဝိတ်ကျနိုင်သလား  ...... တစ်ကိုယ်ရည် အာသာဖြေတယ် (Masturbation) ဆိုတာဟာ အမျိုးသားတွေရော အမျိုးသမီးတွေပါ တစ်ကိုယ်တည်းရှိနေပြီး လိင်စိတ်ဆန္ဒ ရှိနေချိန်မျိုးမှာ ပြုမူတတ်ကြတဲ့ လိင်အပြုမူတစ်မျိုးပါ။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပါတယ်။ အာသာဖြေတာနဲ့ ပတ်သက်ပြီး အယူအဆ အမှား၊ အမှန်တွေ အမျိုးမျိုးရှိကြပေမယ့် တကယ့်အဖြစ်မှန်ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာဟာ လူ့ဖြစ်စဉ်တစ်ခုထဲက ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ လိင်ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးတဲ့ မြန်မာပြည်မှာတော့ တစ်ကိုယ်ရည် အာသာဖြေတာကို အပြစ်ကြီးတစ်ခုလို ရှုမြင်တတ်တဲ့ အယူအဆမျိုးရှိကြသလို မကောင်းတဲ့ ကိစ္စတစ်ခုကျူးလွန်သလို ရှုမြင်ကတာမျိုးလည်း ရှိနေကြဆဲပါတယ်။ ဒါပေမယ့် အာသာဖြေတာကို ရှောင်လွှဲပြီးနေထိုင်ကြတဲ့လူတွေရယ်လို့ မရှိသလောက်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာပေါ့။ Masturbation လုပ်တာနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေ၊ အယူအဆတွေထဲမှာ အာသာဖြေတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အယူအဆလည်း ရှိနေပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အိပ်ရာပေါ်မှာ ကျေနပ်မှု လိုချင်တယ်ဆိုရင် အတွေးအခေါ်ကို အရင်ပြောင်းပါ

ကမ္ဘာပေါ်မှာရှိတဲ့ လူပေါင်းမြောက်များစွာက လိင်ကိစ္စကို ရိုးရိုးရှင်းရှင်းတွေးတတ်ကြပါတယ်။ တည့်တိုးတွေးတယ် ဆိုရမလားပဲ။ ထိတွေ့မယ်၊ ဆက်ဆံမယ်။ ပြီးမြောက်မယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်လို ဆန်းပြားစွာ ပြုမူကြတယ်ဆိုဆို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြီးမြောက်ဖို့ပါပဲ။ ပြီးမြောက်သွားရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အနားယူကြမယ်။ ဒါက လိင်ကိစ္စရဲ့ အဓိက ရည်မှန်းချက်လား။ လိင်မှုဆိုင်ရာသဘောသဘာဝမှာ ဒီနည်းလမ်းက သင့်ကို ပြဿနာတွေ အများကြီးဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။ Psychologist တွေနဲ့ Sex Therapist တွေရဲ့ အဆိုအရ လူတွေ လိင်ကို စွဲလမ်းတိမ်းညွတ်ကြ၊ ဆက်ဆံကြတာဟာ ပြီးမြောက်မှုအတွက် မဟုတ်ပါဘူး။ တကယ့် စိတ်ကျေနပ်မှုကို ရှာဖွေဖို့ပါတဲ့။ ဒီလိုမဟုတ်ပဲ တစ်ဦးချင်းပြီးမြောက်မှုကိုသာ ဦးတည်နေမယ်ဆိုရင် လူတွေအမှန်တကယ်လိုချင်တဲ့ အိပ်ရာပေါ်မှာ ကျေနပ်မှု နဲ့ ကင်းကွာနေလိမ့်မယ်လို့ ဆိုပါတယ်။ နီးနီးလေးနဲ့ ဝေး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ခိုင်မြဲဖို့ဆိုရင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

ဆန္ဒရှိပြီး အမျိုးသားနဲ့ဆက်ဆံပေမဲ့ လေဒီလေးတွေက ပြီးမြောက်ဖို့ အခက်အခဲဖြစ်တတ်ကြပါတယ်။ လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ ။ “လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက် တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ် လိင်ဆန္ဒပြီးမြောက်သွားဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။ လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။ ဒါပေမဲ့ တကယ်တမ်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို လျော့နည်းသက်သာစေဖို့

တကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ရှိမနေသင့်တော့ပါဘူး။ အကယ်လို့ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ဝေဒနာကို အမြဲတမ်း ခံစားနေရတယ်ဆိုရင်တော့ လိင်ဆက်ဆံနေတဲ့ အနေအထား မှားယွင်းတာ၊ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံနေတဲ့ အချိန်မှာ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေထက် သာယာတဲ့ ခံစားချက်မျိုးကို ကာယကံရှင်က ခံစားရမှပဲ လိင်ဆက်ဆံရတာ ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုမှန်း နားလည်နိုင်မှာပါ။ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို ခံစားရရင် ဒီအချက်တွေ ပြန်စစ်ကြည့်ပါ။ ၁။ ချောဆီ သုံးရဲ့လား။ မိန်းမကိုယ်က သဘာဝ ချောဆီ ထွက်တယ်ဆိုပေမယ့် အပြင်က ချောဆီအကူ ထပ်ဖြည့်ပေးရင် အဝင်အထွက် ပိုချောင်တော့ နာကျင်တာ သက်သာသွားမှာပေါ့။ အထူးသဖြင့် မိန်းမကိုယ်တင် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ

ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်း လိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသော ကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ။ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့ လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ..... လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာကို ကြည့်လိုက်ကြရအောင်လား။ လိင်တံ သေးတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ အရာတွေက အမျိုးသားတွေရဲ့ ၈၀ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။ အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job)ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။ (၁)    အသက်မှန်မှန်ရှူပါ။ (Breathe) ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား ။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လို့ ဒီအချက်တွေကြောင့် ပြောရတာပါ။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်နည်းမယ်။ ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဟာ တစ်နာရီမှာ (၄)မိုင်ကနေ (၆)မိုင်ထိ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသူတစ်ယောက်နဲ့ ညီမျှပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ မျိုး၊ လေဖြတ်တာမျိုးတွေဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ လိင်ဆက်ဆံနေစဉ် လှုပ်လှုပ်ရှားရှား ရှိနေမယ့်အတွက် နှလုံးခုန်နှုန်း မြင့်တက်နေမှာပါ။ ဒါဟာနှလုံး ကျန်းမာရေးအတွက် အထူးကောင်း မွန်ပြီး သက်လုံလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကျားဟော်မုန်း (testosterone)နဲ့ မဟော်မုန်း (estrogen)ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူ (သို့) ပါတနာဟာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)