အမျိုုးသမီးက လေးဖက်ထောက်ပြီး အမျိုးသားက အနောက်ကနေ ဆက်ဆံတဲ့ပုံစံပါ။ အမျိုးသားအနေနဲ့ လွတ်လွတ်လပ်လပ် ဆက်ဆံလို့ရတဲ့ ပုံစံလည်း ဖြစ်ပါတယ်။
လွတ်လွတ်လပ်လပ် ဆက်ဆံနိုင်တဲ့အတွက် မိန်းမကိုယ်အတွင်းနက်နက်ထဲထိ ရောက်တာ၊ G-spotကို ထိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို ခံစားမှု ကောင်းစေပါတယ်။
ကျန်းမာရေးရှုထောင့်:
–ခါးနာသက်သာခြင်း
ခါးနာတတ်တဲ့ အမျိုးသမီးတွေဆိုရင်တော့ ဒီပုံစံက သင့်တော်ပါတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်က တံတောင်ဆစ်ပေါ်မှာ ရှိနေတဲ့အပြင် မိမိရဲ့ ခါးကိုလည်း လိုသလို ပြုပြင်နိုင်လို့ပါ။ ဒါပေမယ့် အမျိုးသားက ခါးနာနေတယ်ဆိုရင်တော့ ဒါက အဆင်မပြေပါဘူး။ ခါးအားကို သုံးရတာ ဖြစ်တဲ့အတွက် သူ့အတွက် ဝန်ပိုပိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အောက်က အမျိုးသမီးကပဲ ဦးဆောင်ပြီး ဆက်ဆံသင့်ပါတယ်။
အဆစ်အမြစ်ကိုက်တတ်တဲ့သူတွေအတွက်ဆိုရင်လည်း ဒီပုံစံက သင့်တော်ပါတယ်။
သတိထားရမယ့်အချက်
လွတ်လွတ်လပ်လပ်နဲ့ အားကုန်သုံးဆက်ဆံလို့ရတာဖြစ်တဲ့အတွက် အခန့်မသင့်ရင် မိန်းမကိုယ်ပြဲတတ်ပါတယ်။ လိင်ဆက်ဆံပြီးရင် အမျိုးသားရော အမျိုးသမီးမှာပါ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။
ဘေးတိုက်ဆက်ဆံခြင်း (Side by Side)
မျက်နှာချင်းဆိုင် ဘေးတိုက်လှဲပြီး အတူနေတဲ့ ပုံစံပါ။ အမျိုးသမီးက အမျိုးသားရဲ့ ခါးကို ခွထားပြီး ဆက်ဆံရပါတယ်။
အားသာချက်က မျက်နှာချင်းဆိုင် ဖက်လျက်ဖြစ်တဲ့အတွက် အချင်းချင်း ထိတွေ့မှု ပိုကောင်းပါတယ်။ အချင်းချင်း နမ်းရှုံ့နိုင်ပြီး ရိုမန်တစ်အခြေအနေကို ရရှိနိုင်ပါတယ်။ မနက်ခင်း အိပ်ရာနိုးစ အတူနေတဲ့အခါ သိပ်မလှုပ်ချင်သေးဘူးဆိုရင် ဒီပုံစံက အကောင်းဆုံးလို့ ဆိုကြပါတယ်။
ကျန်းမာရေးရှုထောင့်:
-သားအိမ် သွေးလုံးကြောင့် နာကျင်မှု သက်သာခြင်း
အမျိုးသမီးက အမျိုးသားကို ဘေးတိုက်ခွထားတာဖြစ်တဲ့အတွက် လိင်တံဘယ်လောက်နက်နက် ဝင်မလဲဆိုတာကို ထိန်းချုပ်နိုင်ပါတယ်။ သူ့အနေနဲ့ မခံနိုင်ဘူးဆိုရင် ဘယ်လိုသက်သာအောင် နေမလဲဆိုတာကိုပါ ပြုပြင်လို့ရပါတယ်။ မျက်နှာချင်းဆိုင်ပဲ ဖြစ်ဖြစ်၊ Spoonလို့ခေါ်တဲ့ အမျိုးသားကို ကျောပေးပြီး နေတဲ့ပုံစံပဲဖြစ်ဖြစ် နေလို့ရပါတယ်။
-အဆစ်အမြစ်နာသက်သာခြင်း
နှစ်ယောက်စလုံးက သက်သောင့်သက်သာ နေနိုင်တဲ့အတွက် ခါးနဲ့ အဆစ်အမြစ်နာနေတဲ့ သူတွေအတွက်လည်း သင့်တော်ပါတယ်။ အချင်းချင်း နီးကပ်နေတဲ့အတွက် အားသိပ်သုံးစရာ မလိုဘဲ ဆက်ဆံလို့ရပါတယ်။
မှောက်ရက်ဆက်ဆံတာ (Facedown position)
ဒါကို Modified doggy style လို့လည်း ခေါ်ပါတယ်။ လေးဖက်ထောက်တာမျိုး မဟုတ်ဘဲ တင်ပါးကို ချပြီး မှောက်ရက်လှဲလိုက်တဲ့ ပုံစံပါ။ အမျိုးသမီးက မှောက်ရက်လှဲလိုက်ပြီး အမျိုးသားကလည်း ထပ်ရက်လှဲလိုက်တာမျိုးပါ။
ဒီ လိင်ဆက်ဆံတဲ့ပုံစံ မှာ အမျိုးသမီးက ခြေထောက်နှစ်ဖက်ကို စုထားတာဖြစ်တဲ့အတွက် ပြီးမြောက်ဖို့ လွယ်ကူပါတယ်။ ပြီးမြောက်မှုကိုလည်း အပြည့်အဝခံစားရပါတယ်။ သက်သောင့်သက်သာလည်းဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်ဖွယ်ဆက်ဆံနည်းလည်း ဖြစ်ပါတယ်။
ကျန်းမာရေးရှုထောင့်:
-ခါးနာသက်သာစေခြင်း
မှောက်ရက်လှဲနေတဲ့အတွက် အမျိုးသမီးက သူ့ခါးကို မနာအောင် ပြောင်းလွယ်ပြင်လွယ်နေလို့ ရပါတယ်။ လိုအပ်ရင် ဆီးခုံအောက်မှာ မျက်နှာသုတ်ပဝါကို လိပ်ပြီး ခုထားလို့ရပါတယ်။ ဒါလည်း အဆင်မပြေသေးဘူးဆိုရင် တံတောင်ထောက်ပြီး နေလို့ရပါတယ်။ သူ့အနေနဲ့ အဆင်ပြေတဲ့ပုံစံကို အလွယ်တကူပြောင်းနိုင်ပါတယ်။
-သားအိမ် သွေးလုံးကြောင့် နာကျင်မှု သက်သာခြင်း
ဒီပုံစံနဲ့ဆိုရင် အမျိုးသမီး တင်ပါးခံနေတာ ဖြစ်တဲ့အတွက် အမျိုးသားလိင်တံက အတွင်းနက်နက်ထဲထိ မရောက်နိုင်ပါဘူး။ ဒါကြောင့် အတူနေတဲ့အခါ နာကျင်တာမျိုး မဖြစ်နိုင်ပါဘူး။
-အဆစ်အမြစ်ကိုက်တာ သက်သာစေခြင်း
လူက အဖြောင့်တိုင်း လှဲရက်ဖြစ်နေတာကြောင့် ဒူးဆစ်၊ ခြေကျင်းဝတ်၊ လက်ဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုး သက်သာစေပါတယ်။
အကောင်းဆုံးလိင်ဆက်ဆံနည်း ကို သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ။
လိင်ဆက်ဆံပုံအမျိုးအစားများတွေ အများကြီးရှိပေမယ့် အကုန်လုံးက ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ သူများအတွက် ဒါမှမဟုတ် ကိုယ့်အဖော်အတွက် အဆင်ပြေရင်တောင်မှ ကိုယ့်အတွက် ကသိကအောင် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတာကို ပုံစံပြောင်းပြောင်း ကြည့်ပါ။
ကိုယ်နဲ့ ကိုယ့်အဖော်အတွက် ခံစားချက်ကောင်းစေပြီး သက်သောင့်သက်သာဖြစ်ဖို့ဆိုရင် ပုံစံတွေကို ပြောင်းပြီးဆက်ဆံကြည့်ဖို့ လိုပါတယ်။ ခုပြောခဲ့တဲ့ လိင်ဆက်ဆံပုံ ၅ခုကတော့ စုံတွဲတွေကြားထဲမှာ အသုံးများတဲ့နည်းလမ်းတွေပါ။ ဒါတွေတင် မဟုတ်ဘဲ တခြားနည်းလမ်းတွေကိုလည်း စမ်းသပ်ကြည့်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။