backup og meta

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

အရွယ်ရောက်ပြီးသူတွေက လိင်မှုရေးရာနဲ့ ကင်းကွာခဲကြပါတယ်။ ဒီလိုမျိုး လိင်မှုရေးရာကိစ္စတွေကို လုပ်ဆောင်တဲ့အခါ ပြီးမြောက်သွားချိန်မှာ ခံစားရတဲ့ လိင်စိတ် အထွတ်အထိပ်ရောက်မှုက တော်တော်လေး စိတ်ကျေနပ်စေတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ လေ့လာမှုတွေအရ သိရတာက လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းက စိတ်ကျန်းမာရေးကိုရော ကိုယ်ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ အရွယ်ရောက်ပြီးသူတွေ ကင်းကွာလို့ မရတဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက လေ့လာလိုက်ရအောင်လား။

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး

လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

  • ပျော်ရွှင်စေတယ်

အတူနေချိန်မှာ ဆန္ဒပြီးမြောက်တဲ့ စုံတွဲတွေက အခြားစုံတွဲတွေထက် ပိုပြီး ပျော်ရွှင်ကြပါတယ်။ ဒီလိုမျိုး လိင်စိတ်အထွတ်အထိပ် ရောက်ချိန်မှာ ခန္ဓာကိုယ်က ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း က စိတ်ခံစားမှု ကောင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေဖို့ ထောက်ကူပေးပါတယ်။

  • ချစ်ခြင်းတိုးစေတယ်

ဆန္ဒပြီးမြောက်မှုကို ခံစားရတဲ့ စုံတွဲတွေက တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မှုတွေ တိုးပွားကြသလို ယုံကြည်မှုတွေလည်း ပိုကောင်းကြပါတယ်။ တစ်ဦးနဲ့ တစ်ဦးကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေး ဖြစ်စေဖို့လည်း အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

  • အိပ်ရေးဝစေတယ်

အတူနေပြီးလို့ ဆန္ဒပြီးမြောက်သွားချိန်မှာ ခန္ဓာကိုယ်က အောက်ဆီတိုစင်လို့ ခေါ်တဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းက စိတ်ရောကိုပါ် ထိခိုက်နာကျင်နေတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကို အနားရစေပါတယ်။ အာရုံကြောတွေကို အနားရစေတာ စိုးရိမ်စိတ်များတာ လျှော့ချပေးပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ မယ်လ်လာတိုနင် ဟော်မုန်း ထွက်ရှိမှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ဆန္ဒပြီးမြောက်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြတာပါလို့ သုတေသီတွေက ဆိုပါတယ်။

  • ယုံကြည်မှု တိုးစေတယ်

ဆန္ဒပြီးမြောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုကိုလည်း တိုးပွားစေနိုင်ပါတယ်။ နှစ်ဦးကြား ဆက်ဆံရေးကိုလည်း ခိုင်မာစေပြီး တစ်ဦးချင်းကိုလည်း ယုံကြည်မှုပြည့်ဝစေမှာပါ။

  • စိတ်ဖိစီးမှု လျော့ကျစေတယ်

ဆန္ဒပြီးမြောက်ချိန်မှာ သွေးကြောတွေထဲမှာ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ပျော်ရွှင်စေတာကြောင့် စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေကို ကာကွယ်တွန်းလှန်ပေးနိုင်မှာပါ။

  • အသားအရေ ကြည်လင်စေတယ်

ဆန္ဒပြီးမြောက်ချိန်မှာ ခန္ဓာကိုယ်က သွေးစီးဆင်းမှု ကောင်းသလို သွေးကြောတွေထဲကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေတာကြောင့် အရေပြားက သွေးနဲ့ အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝ ရရှိပြီး အရေပြားပေါ်က အမဲစက်တွေ သက်သာလျော့ပါးလို့ ကြည်လင်လှပစေမှာပါ။

  • နာကျင်မှုတွေကို သက်သာစေတယ်

ဆန္ဒပြီးမြောက်ခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူး တစ်ခုကတော့ ခန္ဓာကိုယ်က နာကျင်မှုတွေကို လျော့ပါး သက်သာစေတာပါ။ အတူနေချိန်နဲ့ ဆန္ဒပြီးမြောက်ချိန်မှာ ထွက်ရှိတဲ့ endorphin ဟော်မုန်းက သဘာဝ အကိုက်အခဲပျောက်ဆေး တစ်မျိုးပါတဲ့။

  • ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလျှော့ချပေးတယ်

ပုံမှန် အတူနေလေ့ရှိတဲ့ အမျိုးသားတွေ ဆီးကျိတ်ကင်ဆာ ခံစားရနိုင်ခြေ လျှော့နည်းပါတယ်။ အတူနေစဉ်မှာ သုက်လွှတ်လိုက်ခြင်းက ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

ပုံမှန်အတူနေဖြစ်သူတွေက ကိုယ်ခံအား ကောင်းစေပါတယ်။ အကြောင်းကတော့ အတူနေတာက ကိုယ်တွင်းက antibodies တွေကို အားဖြည့်ပေးရာ ရောက်လို့ပါတဲ့။

  • ရာသီသွေး မှန်စေတယ်

ပုံမှန် အတူနေဖြစ်တဲ့ အမျိုးသမီးတွေက ရာသီသွေး မမှန်တာတာမျိုး မဖြစ်ကြပါဘူး။ အတူနေတာနဲ့ အတူနေစဉ်မှာ ဆန္ဒပြီးမြောက်ခြင်းက လေဒီလေးတွေကို ရာသီသွေး မှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • နှလုံးကျန်းမာစေတယ်

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက နှလုံး ကျန်းမာစေနိုင်သလို အတူနေတာနဲ့ အတူနေချိန်မှာ ဆန္ဒပြီးမြောက်ခြင်းကလည်း နှလုံးကျန်းမာစေဖို့ ထောက်ကူပေးသလို နှလုံးရောဂါ ဖြစ်နိုင်ခြေ နဲ့ အမျိုးအစား – ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Orgasms for a Better Life: The Surprising Benefits of Sexual Pleasure https://www.everydayhealth.com/sexual-health-pictures/orgasms-for-a-better-life-the-surprising-benefits-of-sexual-pleasure.aspx Accessed Date 14 November 2022

7 Benefits of Orgasms https://www.health.com/sex/benefits-of-orgasm Accessed Date 14 November 2022

Orgasm https://my.clevelandclinic.org/health/articles/22969-orgasm Accessed Date 14 November 2022

9 Orgasm Benefits That Might Surprise You https://www.prevention.com/health/health-conditions/a39609738/orgasm-benefits/ Accessed Date 14 November 2022

What Are the Psychological Benefits of an Orgasm? https://www.verywellmind.com/psychological-benefits-of-an-orgasm-5235580 Accessed Date 14 November 2022

ယခုပုံစံ

10/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 10/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement