အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ဆိုတာလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ပါ သိထားသင့်တဲ့ အချက်တွေပါပဲ။ လေ့လာချက်တစ်ခုအရ အမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့် လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။   စအိုမှ လိင်ဆက်ဆံ ခြင်းဆိုတာ ဘာလဲ အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။   စအိုမှ လိင်ဆက်ဆံ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မကြာခဏလိင်ဆက်ဆံခြင်းက ဆိုးသလား

လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ ရှောင်လွှဲမရနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးအပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ ရှုထောင့်အတော်များများကို တိုးတက်စေပါတယ်။ လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ပျော်ရွှင်စေတယ်လို့ ပြောကြပေမယ့် တခြားလေးနက်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံခြင်းရဲ့ အကျိုးသက်ရောက်မှုအကြောင်း အပိုပြောကြတာတွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ကောင်းပါတယ်။ ၁.လိင်ဆက်ဆံမှုလွန်ကဲခြင်းဟာ နှလုံးရပ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါဟာ အဖြစ်မများပေမယ့် အချို့လူတွေမှာ လိင်ဆက်ဆံစဉ် နှလုံးနာကျဉ်ခြင်းကို ခံစားရတတ်ပါတယ်။ လူအများစုအတွက်ကတော့ လိင်ဆက်ဆံခြင်းဟာ နှလုံးသွေးကြောအတွက် ကောင်းမွန်တယ်လို့ ပြောကြပေမယ့် နှလုံးရောဂါ အခံရှိသူတွေကတော့ သတိပြုသင့်ပါတယ်။ ၂.မောပန်းခြင်းဆိုတာဟာ လိင်ဆက်ဆံမှု လွန်ကဲခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ လိင်ဆက်ဆံမှု လွန်ကဲခြင်းဟာ ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ အလုပ်အပါအဝင် သင့်ဘဝကို လွှမ်းမိုးနိုင်ပါတယ်။ ပင်ပန်းခြင်းကြောင့် သင်အလုပ်ကို ကောင်းကောင်းလုပ်ဖို့နဲ့ လိုအပ်ချက်တွေ အကုန်ပြည့်စုံဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား

အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ..... လိင်ဆက်ဆံခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါပေမယ့်လည်း လိင်ဆက်ဆံမှုအကြိမ် အရေအတွက် များလွန်းခြင်းကတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုရင် အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား အလွန်အကျွံ လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေသလား ..... ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ သွေးခြည်ဥခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများ အဝတ်နဲ့ ဒါမှမဟုတ် ခန္ဓာကိုယ်ချင်း ပွတ်တိုက်မှုတွေကြောင့် သွေးခြည်ဥတာတွေ၊ အမှတ်အသားတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံထားတဲ့၊ ပြောရရင် ပြင်းပြင်းလေး ဆက်ဆံထားတဲ့ လက္ခဏာတွေပါပဲ။ ပွန်းပဲ့မှုများကတော့ ပိုပြီး ထင်သာမြင်သာ ပါတယ်။ အဲဒါတွေကြောင့် တချို့သော လိင်ဆက်ဆံမှုပုံစံတွေမှာ မသက်မသာ ဖြစ်စေပြီးသတိထားမိတဲ့အချိန်မှာ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုသွေးခြည်ဥခြင်း၊ ပွန်းပဲ့ခြင်းများ ဖြစ်စေတဲ့ ပုံစံမျိုးတွေနဲ့ မဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့ အမျိုးသမီးတွေသိထားသင့်တဲ့ အချက် ၁၃ ချက်

အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်။ အောက်ပါအချို့အချက်များကိုသိထားခြင်းဟာသင့်ကို ပြီးပြည့်စုံတဲ့ လိင်ဆက်ဆံမှုတစ်ခုကိုရရှိစေပါလိမ့်မယ်။   (၁) ယောက်ျားတစ်ယောက်မှာယောက်ျားအင်္ဂါအပြင် အရေးကြီးတာတွေရှိပါသေးတယ်။ လိင်တံဟာလိင်စိတ်နဲ့ တိုက်ရိုက်စက်သွယ်မှုရှိပြီးသူ့ရဲ့ ယောက်ျားပီသမှုကိုဖော်ပြတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် ခံစားမှုလွယ်ကူပြီးသူ့ကိုအလွယ်တကူလိင်စိတ်တက်ကြွအောင်လုပ်နိုင်တဲ့ အခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေ ရှိပါသေးတယ်။ နှုတ်ခမ်း၊ လည်ပင်း၊ နား၊ ရင်ဘတ်၊ နောက်ကျော၊ ကုပ်ပိုး၊ ပေါင်အတွင်းဘက်နဲ့ ပေါင်ခြံတွေလိုမျိုးကိုနမ်းရှုပ်ခြင်း၊ ထိတွေ့ခြင်းနဲ့ ညင်သာစွာပွတ်သပ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။   (၂) သင့်ရဲ့ ချို့ယွင်းချက်တွေကိုသူသတိမထားမိပါဘူး။ လိင်ဆက်ဆံစဉ်မှာယောက်ျားတစ်ယောက်ရဲ့ လိင်စိတ်ဟာပျော်ရွှင်စရာခံစားမှုတွေနဲ့ ဖုံးလွှမ်းခံရတဲ့အတွက် သင့်ချို့ယွင်းချက်တွေကိုသူသတိထားမိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ခန္ဓါကိုယ်နဲ့ ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကိုမေ့လိုက်ပါ။ သင်ဟာသင့်ပုံစံနဲ့ သင်လှပနေတယ်ဆိုတာကိုသတိရပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိတဲ့သူဟာသူ့ရဲ့ မျက်လုံးထဲမှာလည်းလှပနေမှာဖြစ်ပြီးလိင်စိတ် တက်ကြွစေမှာပါ။   (၃) ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ ပထမအကြိမ် လိင်ဆက်ဆံခြင်းဟာ ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ နှစ်ယောက်လုံးမှာနာကျင်မှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စည်းချက်ညီညီလှုပ်ရှားမှုတွေမှာအခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအတွေ့အကြုံနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံမှု ဆိုင်ရာ အမေးအများဆုံး မေးခွန်းများ

လိင်ဆက်ဆံမှု ဆိုင်ရာ အမေးအများဆုံး မေးခွန်းတွေရဲ့ အဖြေတွေကတော့ စိတ်ဝင်စားစရာ ကောင်းလှတာကို တွေ့ရပါတယ်။ ဘယ်လိုမေးခွန်းတွေပါလိမ့်။ ကြည့်လိုက်ကြရအောင်နော်..။ လိင်ဆက်ဆံမှု ဆိုတာ ကိုယ်လက်လှုပ်ရှားမှု တစ်ခုလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု အများကြီးတော့လည်းမဟုတ်ပါဘူး။ သင့်ရဲ့ပုံမှန် လိင်ဆက်ဆံမှုတစ်ခုအတွင်းမှာ ကယ်လိုရီအများအပြားမလောင်ကျွမ်းနိုင်ပါဘူး။ ပုံမှန်ကို ငါးမိနစ်ကနေ ၁၅ မိနစ်လောက်အထိလို့ ယူဆကြရင် သင်ဟာ တစ်မိုင်ကို မိနစ်နှစ်ဆယ်နဲ့ လမ်းလျှောက်ခြင်းနဲ့ ညီမျှတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရရှိမှာဖြစ်ပါတယ်။ အပေါ်မှာနေတဲ့ လိင်ဆက်ဆံသူဟာ နှလုံးခုန်နှုန်း ၁၂၀ လောက်အထိ ရောက်ရှိနိုင်ပါတယ်။ အောက်မှာနေတဲ့သူကတော့ ၁၁၀ အထိ ရောက်ရှိနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် လိင်ဆက်ဆံခြင်းကနေ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ကိုသာ ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါကိုသင့်ရဲ့ တစ်ခုတည်းသောလေ့ကျင့်ခန်းအဖြစ် မမှီခိုသင့်ပါဘူး။ ငါဟာ ပုံမှန်ရောဟုတ်ရဲ့လား။ လူတွေဟာ သူတို့ရဲ့ ဆန္ဒတွေ၊ တုံ့ပြန်မှုတွေ၊ စိတ်ကူးယဉ်မှုတွေနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသားတွေဟာ ညစ်ညမ်းခွေတွေကို ဘာလို့ ကြိုက်ကြတာလဲ။

သင့်ရည်းစားအပါအဝင် အမျိုးသားတွေဟာညစ်ညမ်းခွေတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အမျိုးသမီးတွေရောပါပဲ။ အမျိုးသားတွေဟာအမြင်အာရုံခံစားမှုတွေကို ကြိုက်နှစ်သက်တာကြောင့် ညစ်ညမ်းခွေကြည့်သူတွေအများစုဟာအမျိုးသားတွေ ဖြစ်နေတတ်ပါတယ်။ Pew Internet and American Life Project ရဲ့ စစ်တမ်းတစ်ခုအရအမျိုးသားအင်တာနက် အသုံးပြုသူတွေရဲ့ ၂၆ရာခိုင်နှုန်းဟာညစ်ညမ်းတဲ့ ဝက်ဘ်ဆိုဒ်တွေကိုဝင်ကြည့်ကြပြီးတော့ အမျိုးသမီးတွေကတော့ ၃ရာခိုင်နှုန်းသာရှိပါတယ်။ ၂၀၀၆ မှာညစ်ညမ်းကားလုပ်ငန်းဟာဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့ပါတယ်။ ဒါဟာမသိကျွမ်းသူတွေနဲ့ လိင်ဆက်ဆံတာထက်စာရင် ပိုစိတ်ချရပါတယ်။ ဒါဟာအိမ်ထောင်မကျသေးတဲ့ အမျိုးသားတွေကိုရည်ညွှန်းပေမယ့်လည်းမှန်ကန်နေပါတယ်။ တွေ့တဲ့သူနဲ့ တွဲပြီးလိင်ဆက်ဆံတာဟာလိင်မှတစ်ဆက်ကူးစက်တတ်တဲ့ ရောဂါတွေ ပိုမို ဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လိုအပ်ချက်တွေကိုရောဂါမရရှိစေပဲဖြည့်ဆည်းနိုင်ဖို့အတွက်ညစ်ညမ်းကားတွေဟာလုံခြုံစိတ်ချရတဲ့ အစားထိုးတွေ ဖြစ်ပါတယ်။ အမျိုးသားတွေဟာအမြင်အာရုံနှိုးဆွခြင်းအားဖြင့် သာယာမှု ရရှိနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်ဟာလိင်မှုဆိုင်ရာသာယာမှုကိုအလွယ်တကူရရှိနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာဘယ်လိုအချိန်မျိုးဖြစ်ဖြစ် လိင်ဆက်ဆံရန် အဆင်သင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။ အလွယ်တကူရရှိနိုင်တဲ့ အွန်လိုင်းညစ်ညမ်းကားတွေနဲ့အတူအခွင့်အရေးတွေဟာအမြဲရှိနေပါတယ်။ ဒါ့ပြင် အမျိုးသားတွေကလည်းဒါတွေကို ကြည့်ချင်ပါတယ်။ ခန္ဓါကိုယ်အနေအထားပြောင်းလဲမှုကိုအမျိုးသားတွေကြိုက်နှစ်သက်ပါတယ်။ ညစ်ညမ်းကားကြည့်နေချိန်မှာအမျိုးသားတွေ ထိုင်ပြီး ကြည့်ကာသာယာနေစဉ်မှာပဲကင်မရာဟာသူ့အလုပ်သူလုပ်ပါတယ်။ စိတ်ကူးအာရုံတွေကိုပျံသန်းခွင့်ပေးလိုက်ပါ။ လူတွေဟာသူတို့မြင်ရတဲ့ အရောတွေနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းနဲ့ပတ်သက်တဲ့ သင်မသိသေးတဲ့အရာလေးခု

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (ပေး/ ၊ယူ) မလုပ်ခင် ဗဟုသုတမရှိခြင်းကြောင့်ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်တွေကိုကာကွယ်ဖို့ တချို့အချက်တွေကိုသင်သိထားသင့်ပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လူတွေ ပါးစပ်ကတစ်ဆင့် HPV ပိုးကူးစက်ခံရခြင်းကိုလေ့လာတဲ့ သုတေသနအနည်းငယ်သာရှိသော်လည်းလေ့လာမှုတွေကအဖြေအမျိုးမျိုး ပြကြပါတယ်။ အချို့သောသုတေသီတွေကoral HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာပါးစပ်နဲ့ လိင်ဆက်ဆံမှု (ပါးစပ်မှ စားအိုဝကိုဖြစ်စေ၊ ပါးစပ်မှ လိင်အင်္ဂါတွေကိုဖြစ်စေ)၊ဒါမှမဟုတ် ပါးစပ်ဖွင့်နမ်းခြင်း (French Kiss) ကတစ်ဆင့် ကူးစက်နိုင်တယ်လို့ ယုံကြည်သလိုအချို့ကလည်းယုံကြည်ခြင်းမရှိပါဘူး။ ဒါ့ကြောင့် HPV ဟာလူတစ်ယောက်နဲ့ တစ်ယောက်ကိုကူးစက်နိုင်ပါသလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုသိရှိခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အချိန် အကြာကြီးအတူရှိနေခဲ့တဲ့ လိင်ဆက်ဆံဘက်တွေဟာရောဂါပိုးကူးစက် ခံရနိုင်ပါတယ်။ (နှစ်ယောက်လုံးမှာရောဂါပိုးရှိနိုင်ပါတယ်)။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမပြုလုပ်မီမှာကင်ဆာ (လည်ချောင်း၊ ပါးစပ်) ရရှိနိုင်ခြေကိုသေချာစွာတွေးတောသင့်ပါတယ်။   ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ လူတွေ ထင်နေသလိုမျိုးပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာလူတိုင်းအတွက် မဟုတ်ပါဘူး။ နောက်တစ်နည်းပြောမယ်ဆိုရင် အချို့သူတွေကပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာသူတို့ရဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲတွင် နေနိုင်သလား

သိပ္ပံပညာရှင် များက စောစောပိုင်းတွင် အီဘိုလာဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသော အမျိုးသားများ၏ သုက်ရည်ထဲ၌လအနည်းငယ်သာ အသက်ရှင်နိုင်သည်ဟု တွေးထင်ခဲ့ကြသည်။ ယခုအခါတွင်မူ Lancet Global Health စာစောင်တွင် ဖော်ပြခဲ့သော လေ့လာမှုအသစ်တစ်ခုက သေဆုံးမှုမြင့်မားသော ဗိုင်းရပ်စ်ပိုးသည် သုက်ရည်ထဲ၌ ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုမိုကြာရှည်စွာနေနိုင်သည်ဟု ဖော်ပြခဲ့ပါသည်။   (၁)လေ့လာမှုအသစ်ပါဖော်ပြချက် လိုင်ဘီးရီးယား အမျိုးသားကျန်းမာရေး စစ်ဆေးမှုတွင် အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသား ၄၄၆ ဦး၏ သုက်ရည်တို့ကိုလေ့လာခဲ့ကြသည်။ ထိုအထဲမှ ၃၈ ဦးသည် ရောဂါသက်သာပြီး အနည်းဆုံး ၁နှစ်ကြာအထိ သုက်ရည်ထဲတွင် အီဘိုလာပိုးရှိနေသည်ကို တွေ့ရသည်။ မှတ်တမ်းများအရ အများစုမှာ အသက် ၄၀ ကျော် အမျိုးသားများ ဖြစ်ကြသည်။ အံ့အားသင့်စရာမှာ အမျိုးသားတစ်ဦးသည် ရောဂါလုံးဝပြန်လည်ကောင်းမွန်ပြီး ၅၆၅ ရက်ကြာအထိ သူ၏ သုက်ရည်ထဲတွင် ဗိုင်းရပ်စ်ပိုး ရှိနေခြင်းဖြစ်သည်။ ထိုတွေ့ရှိချက်မတိုင်မီက ဗိုင်းရပ်စ်ပိုးသည် ရောဂါသက်သာပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်မှုအတွက် ဖြေရှင်းနည်းများ

လိင်မှုကိစ္စသည်လက်ထပ်ခြင်းတွင်အလွန်အရေးပါသည်။ ခင်ပွန်းနှင့်ဇနီး သည်ကြား မျှဝေခံစားခြင်း ဖြစ်သကဲ့သို့အခြားသူများနှင့်မတူသော နှစ်ဦးကြား နက်ရှိုင်းသည့်ပတ်သက်မှုလည်းဖြစ်သည်။ သို့သော်လည်း အချို့စုံတွဲများသည် လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကို တွေ့ရသည်။ အကြောင်းမှာလိင်ဆက်ဆံနေစဉ် လွန်စွာနာကျင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့်ထိုအခက်အခဲအတွက် ဖြေရှင်းနည်းများကိုရှာဖွေနေပါက ဤဆောင်းပါးကိုဖတ်ရှုပါ။   လိင်ဆက်ဆံစဉ်နာကျင်ရသောအကြောင်းရင်းများ ချောမွေ့မှုမရှိခြင်း အချို့အမျိုးသမီးများ၏မွေးလမ်းကြောင်းသည် ခြောက်သွေ့နေတတ်သည့်အတွက်လိင်ဆက်ဆံမှုပြုရန်ခက်ခဲသည်ကိုတွေ့ရမည်။ ချောမွေ့မှုမရှိပါက လိင်ဆက်ဆံမှုပြုရာတွင်နာကျင်နိုင်ပါသည်။   စိတ်ဖိစီးမှုများ လုပ်ငန်းခွင် အခက်အခဲပေါင်းများစွာက သင့်ကိုစိတ်ဖိစီးစေသည်။ အိပ်ယာဝင်ချိန်အထိပင်ပန်းနွမ်းနယ်စေသည်။ ထိုကဲ့သို့သောသူများတွင်လိင်မှုရေးရာ၌ပျော်ရွှင်သာယာမှုရရန်ခက်ခဲသည့်အပြင်တစ်ခါတရံနာကျင်ခြင်းကိုပါခံစားရတတ်သည်။   လိင်အဂါၤကူးစက်ရောဂါများ လိင်အင်္ဂါတွင်ကူးစက်ရောဂါများဖြစ်ပွားနိုင်သည်။( ဥပမာ - လိင်အင်္ဂါရေယုန်၊ ထရိုင်ခိုမိုနာ ရောဂါ ) ထိုရောဂါများသည်အမျိုးသမီးအင်္ဂါစပ်နှင့်မွေးလမ်းကြောင်းတို့ကိုနာကျင် ရောင်ရမ်းစေသည့်အတွက် လိင်ဆက်ဆံရာတွင် အဆင်မချောခြင်း၊ နာကျင်ခြင်းတို့ကိုဖြစ်စေသည်။   Endometriosis (သားအိမ်ဆဲလ်များ သားအိမ်ပြင်ပရောက်နေသော ရောဂါ) ဟုခေါ်သည့်မီးယပ်ရောဂါ ပုံမှန်အားဖြင့်သားအိမ်အတွင်းရှိသောဆဲလ်များသည် သားအိမ်ပြင်ပအခြား နေရာများသို့ရောက်ရှိပါက Endometriosis ရောဂါကိုခံစားရသည်။ အမျိုးသမီးများ၏ ၇ ရာခိုင်နှုန်း ခန့်တွင်ထိုရောဂါကိုတွေ့ရတတ်ပြီး လိင်ဆက်ဆံရာတွင်နာကျင်ခြင်းကိုဖြစ်စေတတ်ပါသည်။   မီးယပ်သွေးဆုံးအခြေအနေ မီးယပ်သွေးဆုံးခါနီး(သို့မဟုတ်)သွေးဆုံးပြီးချိန်များတွင်ဟော်မုန်းဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်သည့်အတွက်ထိုအချိန်များတွင်လိင်ဆက်ဆံမှုပြုပါကနာကျင်စေတတ်ပါသည်။   နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (IBS ) နာတာရှည် အူလမ်းကြောင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား။

အဓမ္မပြုကျင့်ခြင်းဆိုတာလူတစ်ယောက်ရဲ့ဆန္ဒမပါဘဲတခြားလူတစ်ယောက်ကအတင်းအကျပ်လိင်ဆက်ဆံခြင်းသို့မဟုတ် အလိုမတူဘဲသားမယားပြုကျင့်ခံရခြင်းကိုခေါ်ပါတယ်။ နစ်နာသူကိုအရက်သေစာဒါမှမဟုတ် မူးယစ်ဆေးဝါးတိုက်ကျွေးထားတဲ့အချိန်မှာလည်းဒီဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ အဓမ္မပြုကျင့်ခြင်းမှာယောနိ၊ စအိုသို့မဟုတ် ပါးစပ်တို့မှ လိင်ဆက်ဆံခြင်းတို့ပါဝင်ပါတယ်။ မုဒိမ်းမှုဟာရာဇဝတ်ပြစ်မှုကြီးဖြစ်ပါတယ်။ ဆိုလိုတာကလူတစ်ယောက်ကျူးလွန်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာအကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် အမျိုးသားတွေလည်းမုဒိမ်းကျင့်ခံရနိုင်ပါတယ်။ အကြိမ်များစွာမှာမုဒိမ်းကောင်ကနစ်နာသူကိုအတင်းအကျပ်လိင်ဆက်ဆံဖို့ အကြမ်းဖက်မှုကိုသုံးပါတယ်။ ကျူးလွန်သူဟာမုဒိမ်းမှုကိုကျူးလွန်ဖို့ ကြောက်ရွံ့စိတ်တစ်ခုတည်းကိုလည်းအသုံးချသွားနိုင်ပါတယ်။ မုဒိမ်းမှုကြောင့် နစ်နာသူမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နစ်နာစေပါတယ်။ ုဒိမ်းမှုကနစ်နာသူကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေပါတယ်။ မုဒိမ်းမှုကြောင့်ဖြစ်လာရတဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေထဲမှာ- အရိုးကျိုးခြင်း၊ ပေါက်ပြဲဒဏ်ရာများ၊ပြတ်ရှဒဏ်ရာများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့်ရတဲ့ တခြားထိခိုက်ဒဏ်ရာများ၊ လိင်အင်္ဂါ သို့မဟုတ် စအိုမှာထိခိုက်ဒဏ်ရာရခြင်း၊ လိင်ဆက်ဆံရာမှ ကူးစက်နိုင်သောရောဂါများကိုထိတွေ့ခဲ့ရခြင်း- (အေအိုင်ဒီအက်စ် ဖြစ်စေသော HIV ဗိုင်းရပ်ပိုး၊ ရေယုန်၊ ဆီးပူညောင်းကျဂနိုရောဂါ၊ဆစ်ဖလစ်ရောဂါ) မလိုလားသည့် ကိုယ်ဝန် တို့ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမှာ- အရှက်ရမှု၊ ရှက်ရွံ့မှု အပြစ်ရှိသူလိုခံစားရခြင်း တန်ဖိုးမဲ့သွားရသလိုခံစားရခြင်းတို့ဖြစ်ပါတယ်။ အောက်ပါအချက်တွေနဲ့ပတ်သက်ပြီးသင့်မှာပြဿနာရှိလာနိုင်ပါတယ်- ကြောက်ရွံ့မှု စိတ်ဓါတ်ကျခြင်း ဒေါသဖြစ်ခြင်း ယုံကြည်မှု ယောကျာ်းတွေကိုစိတ်ဝင်စားမှု(ကျူးလွန်သူတရားခံကယောကျာ်းဖြစ်ခဲ့ရင်) ဘဝနောက်ပိုင်းမှာအလိုဆန္ဒတူလိင်ဆက်ဆံခြင်း( အနိုင်ကျင့်မှုမပါဘဲလိင်ဆက်ဆံခြင်းမှာစိတ်ပါနိုင်စွမ်းမရှိခြင်း) ပြန်မြင်ယောင်နေခြင်း( မုဒိမ်းမှုအကြောင်းကိုစိတ်ထဲမှာ ပြန်ပေါ်နေခြင်း) အိပ်မက်ဆိုးများ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)