အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ အရမ်းအန္တရာယ်ကြီးပြီး သူ့နာမည်အတိုင်းပဲ လိင်ဆက်ဆံရာကတစ်ဆင့် တစ်ဦးက နောက်တစ်ဦးဆီ ကူးသွားနိုင်တယ်ဆိုတာ ပြောနေစရာတောင်လိုမယ် မထင်ပါဖူး။ ဆိုတော့ ဒီရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတော့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ ကာမပိုင် လင်မယား အချင်းချင်းကလွဲပြီး တခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှု မရှိအောင် နေထိုင်ရပါမယ်။ ကိုယ့် အိမ်ထောင်ဖက်မှာလည်း လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေမရှိဘူး။ ပြီးတော့ တစ်လင်တစ်မယားစနစ်ကိုလည်း ကျင့်သုံးမယ်ဆိုရင် ဒီလိုကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ စိတ်အချရဆုံးသော နည်းလမ်းဖြစ်မှာပါ။ ဒါပေမယ့် လင်မယား နှစ်ယောက်လုံးမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ ရှိမနေဖို့တော့ အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စော်ကားခံရပြီးနောက် ပြစ်တင်ဝေဖန်ခံစားရခြင်းတွေကို ဘယ်လိုဖြေရှင်းမလဲ။

လိင်ပိုင်းဆိုင်ရာ စော်ကားခံစားပြီးရင် လူတွေဟာ သူတို့ကိုယ်သူတို့ victimization လို့ ခေါ်တဲ့ မတရားဖိနှိပ်ခံရမှု အခြေအနေတစ်ခုကို ကျော်ဖြတ်ကြရပါတယ်။ ပြန်ကောင်းတဲ့အဆင့်ဟာ ရက်သတ္တတ်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားမှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအဆင့်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်တွေ ဖေါ်ပြထားပါတယ်။ ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ရှော့ခ်ရခြင်းနဲ့ ထုံထိုင်းသွားခြင်း ဟာ အနိုင်ကျင့်ခံရပြီးပြီးချင်း စတင်ကြုံတွေ့ရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ကြောက်စရာကောင်းပြီး ဘာမှ မတတ်နိုင်တဲ့ အခြေအနေတစ်ခုကို ကျော်ဖြတ်ပြီးရင် အချို့ စော်ကားခံရသူတွေဟာ ရုတ်တရက် ရှော့ခ်ရသွားတတ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ဘာဖြစ်သွားမှန်းကို မသိတော့ပါဘူး။ ပြီးတော့ စော်ကားခံရသူတွေမှာ flight or flight (သဘာဝတရားအရ အလိုအလျောက်တုံ့ပြန်မှု) လို့ခေါ်တဲ့ ရောဂါအခြေအနေတစ်ခုကိုလည်း ခံစားရပါတယ်။ ဒီအခြေအနေဟာ ထိုသူက ထိန်းချုပ်လို့မရတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်တံကို ထိခိုက်စေနိုင်တဲ့ ဆက်ဆံမှုပုံစံများ

လိင်ဆက်ဆံခြင်းဆိုတဲ့ ကိစ္စဟာ လူတွေရဲ့ ဘဝမှာ ချန်ထားခဲ့လို့ မရတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒီလို ဆက်ဆံတဲ့အခါ တချို့သော ဆက်ဆံမှုပုံစံတွေဟာ ကိုယ့်ရဲ့ အမျိုးသားလိင်တံကို ထိခိုက်မိစေနိုင်တယ်။ အဲဒါတွေက ဘာတွေလဲ။ အန္တရာယ် ဖြစ်နိုင်တဲ့ ပုံစံ(၄)မျိုးကို ပြောပြချင်ပါတယ်။ ၁။ Eager Chef Position လိင်တံကျိုးခြင်းကိစ္စတွေရဲ့ အများစုဟာ ပြင်းထန်တဲ့ ဆက်ဆံမှုကြောင့် ဖြစ်တာပါ။ လိင်တံကျိုးတယ် ဆိုတာကတော့ လိင်တံထောင်မတ်လာချိန်မှာ သွေးတွေနဲ့ ပြည့်နေတဲ့ ပြွန်တွေ ကျိုးကုန်တာကို ဆိုလိုတာပါ။ အဖော်ကို စားပွဲတစ်ခုခုပေါ်မှာ ရှိနေမယ်၊ ကိုယ်က မတ်တပ်ရပ်ပြီး ဆက်ဆံတဲ့ အခုပုံစံမှာ လိင်တံထိခိုက်မှု ဖြစ်တတ်ပါတယ်။ ၂။ Doggy Style ကိုယ့်အဖော်က ဒူးထောက်ပြီး ရှေ့ကိုကုန်းထားမယ်၊ ကိုယ်က နောက်ကနေပြီး ထိုးသွင်းဆက်ဆံမယ်။ အဲဒီပုံစံမှာ တကယ်လို့ ကိုယ့်ရဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သင့်ရဲ့ လိင်အဂါၤတောင့်တင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိသော အစားအသောက်များ

မှန်ကန်သင့်တင့်မှုမရှိသော အစားအသောက်များစားခြင်းဟာ အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအပေါ်မှာ မကောင်းသော အကျိုးသက်ရောက်မှု တွေကိုစေနိုင်တဲ့ အဓိကအချက်တစ်ခု ဖြစ်တယ်ဆိုတာ သိထားရပါမယ်။ အချို့သော အစားအသောက် အမျိုးအစားတွေဟာ အမျိုးသားများရဲ့ testosterone ဟော်မုန်းပမာဏကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး သက်ရောက်လျက်ရှိပါတယ်။ ကောင်းမွန်တဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ရရှိစေရန် သို့မဟုတ် လိင်အဂါၤကောင်းမွန်စွာ တောင့်တင်းစေရန်အတွက် လိင်အဂါၤတောင့်တင်းမှု ကိုထိခိုက်စေတဲ့ အစားအသောက်များ ရှောင်ကြဉ်ခြင်းဟာ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ သင်တို့အမျိုးသားတွေကို အဆိုးဝါးဆုံးဖြစ်စေမယ်လို့ ယူဆရပါတယ်။   အသားများ အမျိုးသားများရဲ့ နှလုံးပေါ်ကို ထိခိုက်စေတဲ့ အစားအသောက်တွေဟာ သူတို့ရဲ့ လိင်အဂါၤ တောင့်တင်းမှုပေါ်မှာလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ သုသေတနပြုချက် များအရ သက်သေပြလျက်ရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်ခြင်းဟာဆိုရင် လိင်အဂါၤကို ကောင်းစွာထောင်မတ်စေနိုင်ပြီး ကျန်းမာရေးကောင်းမွန်ရန် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ ...... လူအတော်များများက အပျိုစင်ဘဝ လူပျို၊ အပျိုဘဝကို ဆုံးရှုံးဖို့ မှန်ကန်တဲ့အချိန်ဟာ လက်ထပ်တဲ့ ညလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအချိန်အထိစောင့်ဖို့ဟာ မလွယ်ကူမှန်း သိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက သူ (သို့) သူမ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံဟာ ဘယ်လောက်ကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့ရင်ပဲ ဖြစ်ပါတယ်။ အဖြေကတော့ သင့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေနဲ့ ဘာသာတရား လက်ခံမှုအပေါ်မှာ မူတည်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့အချင်းချင်းဆက်ဆံမှုမှာ ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ရင့်ကျက်လာပြီး ချစ်သူနဲ့ စတင်ချိန်းတွေ့ချိန်တွေမှာ ဖြစ်ပါတယ်။ လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ လိင်ဆက်ဆံမှု အစပြုသင့်တဲ့ အသက်အရွယ်ရယ်လို့ အတိအကျ မရှိပါဘူး။ လူတချို့က […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မဆက်ဆံခင် ရှောင်ရှားသင့်သော အချက်၅ချက်

လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် လိုအပ်တယ်လို့ သိပ္ပံပညာရှင်များက သက်သေပြခဲ့ကြပါတယ်။ ကျွန်ုပ်တို့ လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်အနေနဲ့ လိင်မှုကိစ္စ လိုအပ်ပါတယ်။ လိင်မှုကိစ္စမပြုလုပ်ခင် အမှန်တကယ်ကို ရှောင်ရှားသင့်တဲ့ အရာများစွာရှိပါတယ်။ ၎င်းတို့အနက်မှ ၅ခုအကြောင်းကို ယခု ဆောင်းပါးတွင် ကျွန်ုပ်တို့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အစားအများကြီး မစားပါနဲ့ သင့်ဗိုက်ထဲမှာ အစာတွေအများကြီး (အထူးသဖြင့် ကစီဓါတ်နဲ့ အမျှင်ဓါတ်များတဲ့ အစာ) ရှိခြင်းဟာ သင့်ကို အိပ်ငိုက်စေပြီး လေးလံထိုင်းမှိုင်းစေပါတယ်။ အသီးအရွက်တွေနဲ့ သက်သတ်လွတ် အစာတွေဟာ သင့်ကျန်းမာရေးအတွက် ကောင်းစေသော်လည်း လိင်မှုကိစ္စမပြုလုပ်မီ ၂နာရီ ၃နာရီအလိုမှာ ကစီဓါတ်နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေကို အလွန်အကျွံ မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မရည်ရွယ်ဘဲ ဗိုက်ထဲမှာ လေပွပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင်စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ

အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အမျိုးသမီးများ တစ်ကိုယ်ရည်အာသာဖြေခြင်းနှင့်ပတ်သက်၍ သင်သိသင့်သည့်အကြောင်းအရာများ

အမျိုးသားတွေလိုပဲ အမျိုးသမီးတွေဟာလည်း လိင်စိတ်ဖြေဖျောက်ကြပါတယ်။ The Journal of Sex Research ရဲ့ လေ့လာမှုအသစ်တစ်ခုက အမျိုးသမီး အတော်များများဟာ အနည်းဆုံး တစ်ပတ်ကို တစ်ခါ လိင်စိတ်ဖြေဖျောက်ကြတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသမီး လိင်စိတ်ဖြေဖျောက်ခြင်း အကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။   လိင်စိတ်ဖြေဖျောက်ခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အမျိုးသမီးတစ်ယောက် လိင်စိတ်ဖြေဖျောက်တဲ့အခါမှာ ကိုယ်ခန္ဓါအနှံ့ သွေးလည်ပတ်မှုဟာ တိုးတက်လာပြီးတော့ နေလို့ကောင်းစေတဲ့ ဦးနှောက်ရဲ့ ဓါတုပစ္စည်းတစ်ခုဖြစ်တဲ့ Endorphins ထွက်လာပါတယ်။ ဒီ ဓါတုပစ္စည်းဟာ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု လျှော့ချပေးခြင်းက စလို့ ရာသီလာချိန်မှာ ဗိုက်နာခြင်းကို သက်သာစေခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိနိုင်ပါတယ်။ အမျိုးသမီးတွေကတော့ လိင်စိတ်ဖြေဖျောက်ခြင်းကို သဘာဝအတိုင်း နာကျင်မှုလျော့ကျစေတဲ့နည်းလို့ ယူဆကြပါတယ်။ ရာသီလာရင် ခံစားရတဲ့ လက္ခဏာတွေဖြစ်တဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သုက်ဟာ ဘာအရသာရှိသလဲ။

သုက်ပိုးဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးတော့ ကလေးရရှိဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သုက်ဟာ ဘာအရသာရှိသလဲ။ လို့ တွေးတောဖူးပါသလား။ အဖြေကတော့ အချို့အရာတွေက အရသာအပေါ် အကျိုးသက်ရောက်မှု ရှိတဲ့အတွက် လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ အဲဒီအရာတွေထဲမှာတော့ သင်စားတဲ့အစားအသောက်ဟာ သုက်ပိုးရဲ့ အရသာကို အကျိုးသက်ရောက်မှု ရှိပါတယ်။ သုက်ဟာ ဘာအရသာရှိသလဲ။ သုက်ဟာ ဘာအရသာရှိသလဲ။ သုက်ပိုးရဲ့အရသာဟာ သုက်မှာပါဝင်တဲ့ ပစ္စည်းတွေပေါ်မှာ မူတည်ပါတယ်။ သုက်မှာ ရေ၉၆% နဲ့ သုက်ကောင် ၂% ပါဝင်ပါတယ်။ ကျန်တဲ့ ၂% ကတော့ သုက်ကောင်တွေကို အာဟာရဖြစ်စေတဲ့ Fractose၊ သုက်ပိုးတွေကို မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်ရှိတဲ့ ပတ်ဝန်းကျင်ကနေ ကာကွယ်ပေးတဲ့ sodium bicarbonate၊ သုက်ပိုးတွေကို ပိုကျန်းမာစေတဲ့ vitamin […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား

ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ...... သုက်ပိုးတွေဟာ လူအချို့အတွက် ရမ္မက် နှိုးဆွဖွယ် ဖြစ်ပေမယ့် ကျန်တဲ့သူတွေအတွက်တော့ ရွံစရာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေထဲမှာ လိင်ဆက်ဆံစဉ်မှာ လိင်ဆက်ဆံဖက်ရဲ့ မျက်နှာပေါ် (သို့) ပါးစပ်ထဲကို သုက်လွှတ်ခြင်းလည်း ပါဝင်ပါတယ်။ လိင်ဆက်ဆံသူဟာ သူ့ရဲ့ သုက်ပိုးတွေကို အကုန်ထွက်သွားပြီး အကုန်ပြန်ယူသွားတာကို လိုချင်တာဖြစ်ပါတယ်။ ဒီလိုရွေးချယ်မှုကတော့ လူပေါ်မူတည်ပါတယ်။ သို့သော်လည်း လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ လိင်ဆက်ဆံဖက်နဲ့ နားလည်မှုရှိခြင်းအားဖြင့် သုက်ပိုး မျိုချမှုနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ရှာဖွေနိုင်ပါတယ်။ ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါ သုက်ရည်တွေကို မျိုချသင့်သလား ဆိုတော့ သုက်ရည်တွေကို မျိုချနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမလုပ်ခင် သင်ရော လိင်ဆက်ဆံသူပါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ မရှိဖို့ အရေးကြီးပါတယ်။ ဘယ်သူမှ မစစ်ဆေးထားရသေးရင်တာ့ အကာအကွယ်သုံးသင့်ပါတယ်။ သုက်ရည်ဆို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)