HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

အိတ်ခ်ျအိုင်ဗီရှိနေသူတွေအတွက် အန္တရာယ်ကင်းတဲ့ စားသောက်နေထိုင်နည်း

အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိနေပြီဆိုတာနဲ့ ဘဝဆုံးပြီလို့ စိတ်ဓာတ်ကျစရာမလိုပါဘူး။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်နိုင်ရင် ရောဂါပိုးမရှိသူတွေထက်တောင် သက်တမ်းစေ့နေသွားနိုင်တာ သင်သိပါသလား။ သူများတွေထက် ကိုယ်ခံအားနည်းလို့ ရောဂါပိုးမဝင်အောင် ဂရုစိုက်နိုင်ဖို့ပဲလိုပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ဆင်ခြင်စရာအချက်လေးတွေကို ဒီဆောင်းပါးထဲမှာ အကြံပေးလိုက်ပါမယ်။ မီးဖိုချောင်ကို သန့်ရှင်းအောင်ထားပါ အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းတာကြောင့် ဘက်တီးရီးယားတွေရန်က ကာကွယ်နိုင်ဖို့ ခက်ပါတယ်။ ချက်တဲ့ပြုတ်တဲ့နေရာတွေနဲ့ မီးဖိုခန်း၊ ထမင်းစားပွဲ စတဲ့မျက်နှာပြင်တွေကို ပွတ်တိုက်သန့်စင်ပါ။ သန့်စင်တဲ့ ဇွန်း၊ ပန်းကန်၊ အိုးတွေပဲသုံးပါ။ ဘယ်အစားအစာကိုပဲဖြစ်ဖြစ် မထိတွေ့ရသေးခင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။ ဘူဖေးဆိုင်တွေ သိပ်မသွားနဲ့ ဒီလိုနေရာတွေမှာ အရသာရှိတဲ့စားကောင်းသောက်ဖွယ်တွေ အဝစားနိုင်သလို လူလည်းစုံ၊ ရောဂါပိုးမွှားလည်းစုံ နိုင်ပါတယ်။ ဘယ်သူကိုင်ထားမှန်းမသိတဲ့ ဇွန်း၊ ညှပ်တွေရဲ့ လက်ကိုင်တွေကနေ ရောဂါပိုးရနိုင်တယ်။ ဒါကတော့ ပါတီတွေနဲ့ အလှူပွဲတွေ၊ ကိုယ်တိုင်ယူစနစ် စားသောက်ဆိုင်တွေလည်း […]


HIV နှင့် AIDS ရောဂါ

စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ HIV ပိုးအပြင် တခြားလိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ သုက်ရည်၊ သွေး၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးကြောထဲသို့ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ စတင်ကူးစက်သွားပါပြီ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ရောဂါကူးစက်မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခု ဖြစ်တဲ့ စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း လိင်ဆက်ဆံခြင်းလို့ ဆိုရာမှာ ၁။ ထိုးသွင်းဆက်ဆံမှုမရှိဘဲလက်၊ ပါးစပ်ဖြင့် လိင်တံ၊ ယောနိ၊ စအိုကို လှုံ့ဆော်ခြင်း (Masturbation, Oral Sex) ၂။ လိင်တံဖြင့် မိန်းမကိုယ်ကို ထိုးသွင်းဆက်ဆံမှု […]


HIV နှင့် AIDS ရောဂါ

ကိုယ်ဝန်ဆောင်နေစဉ် ART ဆေး သောက်သင့်လား

HIV နဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။ HIV ပိုးဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း ရောဂါပိုးရှိသော သွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးလမ်းကြောင်းထဲ ဝင်ရောက်ရာမှ ကူးစက်တာမျိုးလည်း ရှိသလို ရောဂါပိုးရှိသူ အမျိုးသမီး ကိုယ်ဝန်ဆောင်နေစဉ်၊ မိခင်နို့တိုက်နေစဉ် ကိုယ့်ရဲ့ကလေးကို ကူးစက်နိုင်ပါတယ်။ HIV ပိုးကို လက်ရှိမှာ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးတွေ မပေါ်ထွက်သေးပါဘူး။ Antiretroviral Therapy (ART) ဆေးဝါးဖြင့်သာ သွေးထဲမှာ ရှိတဲ့ HIV ပိုးကို ထိန်းပေးထားပြီး တခြားသူကို ကူးစက်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။ ART ဆေးကို နေ့စဉ်ပုံမှန်သောက်ပေးပြီး ကျန်းမာရေးကို သေချာဂရုစိုက်သွားမယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ကြာစွာ နေထိုင်သွားနိုင်ပါတယ်။ HIV ပိုးရှိနေရင် ကိုယ်ဝန်ဆောင်လို့ ရလား။ ရပါတယ်။ […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါပိုးနှင့် ART ဆေးအကြောင်း သိထားသင့်သမျှ

ART (Antiretroviral Therapy) ဆိုတာ သွေးနဲ့ ကိုယ်ခန္ဓာတွင်း အရည်တွေထဲမှာ ရှိနေတဲ့ HIV ရောဂါပိုးတွေကို ဆက်လက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်တဲ့ အဓိကဆေးဖြစ်ပါတယ်။ လက်ရှိမှာ HIV ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသနိုင်တဲ့ ဆေးဝါး မပေါ်သေးပေမယ့်လည်း ART ဆေးကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ်ခံအားကောင်းပြီး သာမန်လူသားတစ်ယောက်လိုပဲ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ HIV ရောဂါပိုးနဲ့ ပတ်သက်ပြီး အထွေအထူး ပြောပြစရာ လိုမယ်တောင် မထင်ပါဘူး။ အသက်အရွယ်၊ ကျား၊ မ၊ လူမျိုးမရွေး ကူးစက်နိုင်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိသူရဲ့ သွေး၊ အရည်ဟာ ကိုယ့်ရဲ့ သွေးလမ်းကြောင်းထဲကို တစ်နည်းနည်းနဲ့ ဝင်ရောက်သွားခြင်း၊ ရောဂါပိုးရှိသူ မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ မိခင်နို့တိုက်ရာမှ […]


HIV နှင့် AIDS ရောဂါ

ကိုယ့်မှာ HIV ရောဂါပိုးရှိကြောင်း ဖွင့်ပြောတော့မယ်ဆိုရင်

HIV ရောဂါပိုး ရှိကြောင်း ဖွင့်ပြောဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ့်မှာ ရောဂါပိုးရှိမှန်း သိလိုက်ရတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာ ကြီးမားတဲ့ ပြောင်းလဲမှု၊ တုန်လှုပ်ခြောက်ခြားမှု များစွာ ဖြစ်နိုင်တာ သဘာဝပါပဲ။ ရှေ့ဆက် ဘာတွေ လုပ်မလဲဆိုတာ အစီအစဉ်ပြန်ချရမယ်။ မိသားစုတွေနဲ့ သူငယ်ချင်း၊ ချစ်သူတွေကို ဖွင့်ပြောပြရမယ်။ သူတို့တွေဆီကလည်း ဘယ်လိုတုံ့ပြန်မှုမျိုးတွေ ပြန်လာမလဲ၊ ကိုယ့်ရဲ့ အခြေအနေကို လက်သင့်ခံနိုင်ပါ့မလားဆိုပြီး စိတ်ပူရင်း ဖုံးကွယ်ထားမိတာ ဖြစ်တတ်ပါတယ်။ HIV ရှိကြောင်း ဖွင့်ပြောသင့်လား။ ရောဂါပိုးရှိသူတွေအတွက် စိုးရိမ်ထိတ်လန့်မှု၊ ကြောက်လန့်မှု၊ စိတ်အားငယ်မှု၊ သိမ်ငယ်စိတ် ဖြစ်နိုင်တာ သဘာဝပါပဲ။ ကိုယ် သိထားရမှာက ကိုယ့်ရဲ့ အခြေအနေကို နားလည် လက်ခံပေးမယ့်သူရှိသလို ကဲ့ရဲ့အပြစ်တင်မှုတွေလည်း ရှိလာနိုင်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာထက်စာရင် ဖွင့်ပြောပြလိုက်တာ […]


HIV နှင့် AIDS ရောဂါ

သုက်ရည်ကို မျိုချမိတဲ့အခါ HIV ပိုး ကူးစက်ခံရနိုင်လား

HIV ပိုးဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။ လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုပဲ လိင်ဆက်ဆံရင် HIV ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။ လူသိအများဆုံးသော လိင်ဆက်ဆံခြင်းနည်းလမ်းများ ၁။ ပါးစပ်၊ လျှာဖြင့် လိင်တံ၊ မိန်းမကိုယ်ကို နှိုးဆွခြင်း၊ စုပ်ယူခြင်း (Oral Sex) ၂။ လိင်တံဖြင့် မိန်းမကိုယ်ထဲသို့ ထိုးသွင်းဆက်ဆံခြင်း (Vaginal Sex) ၃။ လိင်တံဖြင့် စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ဆိုပြီး ၃မျိုး ရှိပါတယ်။ ဘယ်လိုလိင်ဆက်ဆံခြင်းက HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံးလဲ။ ကွန်ဒုံးအသုံးမပြုပဲ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းဟာ ကူးစက်နိုင်ခြေအမြင့်ဆုံး ဖြစ်ပြီး ဒုတိယနေရာမှာတော့ ကွန်ဒုံးမပါပဲ မိန်းမကိုယ်တွင်း ထိုးသွင်းဆက်ဆံခြင်းကြောင့် ကူးစက်နိုင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံတာကိုတော့ […]


HIV နှင့် AIDS ရောဂါ

HIV နဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တဲ့ အချက်တွေ

HIV နဲ့ AIDS ဆိုတာ လူတော်တော်များများနဲ့ ပတ်ဝန်းကျင်က ကြောက်လန့်တတ်တဲ့ ရောဂါအခြေအနေထဲမှာ ပါပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါတွေလို မဟုတ်ပဲ ဆေးကို ပုံမှန်သောက်သုံးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်မယ်၊ နေ့စဉ် စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပြောင်းလဲမယ်ဆိုရင်တော့ ပုံမှန်လူတစ်ယောက်လိုပဲ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတွေအမေးများကြတဲ့ မေးခွန်းတွေ၊ သိထားသင့်တဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ ၁။ HIV ဘယ်လိုကူးစက်တတ်လဲ။ လူတွေ ထင်ထားသလို တံတွေးကနေတစ်ဆင့်၊ အသားချင်း၊ ပစ္စည်း အသုံးအဆောင် မျှဝေသုံးစွဲရုံနဲ့ မကူးစက်နိုင်ပါဘူး။ အဓိက သွေး၊ လိင်အင်္ဂါမှ ထွက်တဲ့အရည်ဟာ ကိုယ်ခန္ဓါ သွေးလမ်းကြောင်းထဲ ဝင်မှသာ ကူးစက်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိတဲ့ မိခင်မှတစ်ဆင့် […]


HIV နှင့် AIDS ရောဂါ

ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ

HIV ဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပြီး ကိုယ်ခံအားကို အဓိကထား တိုက်ခိုက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ မိခင်မှတစ်ဆင့်၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ သုက်၊ သွေးကို ထိတွေ့မိရာကနေ ကူးစက်ပါတယ်။ HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 လို့ ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ သေချာမကုသတဲ့အခါမှာ ကိုယ်ခံအားစနစ်ဟာ ကျဆင်းလာပြီး တခြားရောဂါတွေ အလွယ်တကူဝယ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ခုခံအားကျဆင်းမှုရောဂါ AIDS အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သွေးစစ်ကြည့်လိုက်တယ်။ ကိုယ့်မှာ HIV ရောဂါပိုးရှိတယ် ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။ ၁။ ART ဆေး စတင်သောက်ပါ။ လက်ရှိမှာတော့ […]


HIV နှင့် AIDS ရောဂါ

HIV ပိုး ကူးစက်ခံရတာ သိနိုင်မယ့် ရှေ့ပြေးလက္ခဏာတွေ

HIV ပိုး ဟာ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့နဲ့ ရောဂါတွေ အလွယ်တကူ ဖြစ်မလာအောင် ခုခံတားဆီးပေးနိုင်တဲ့ CD4 ဆဲလ်တွေကို အဓိက ဖျက်ဆီးပါတယ်။ ခုခံအားဆဲလ်တွေထဲကို ဝင်နေတာ ဖြစ်တဲ့အတွက် ကိုယ်ခံအားစနစ်က ပြန်တိုက်ဖို့ ခက်ပါတယ်။ ဒီပိုးဟာ သွေးကနေ တစ်ဆင့် ကူးစက်နိုင်သလို၊ ရောဂါပိုးရှိတဲ့ မိခင်ကနေလည်း ကလေးကို ကူးစက်နိုင်ပါတယ်။ နောက်ထပ် ကူးစက်နိုင်တဲ့ နည်းလမ်းကတော့ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကနေ သုက်၊ သွေးတွေဟာ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီး ကူးစက်နိုင်ပါတယ်။ HIVကူးစက်ခံရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေဟာ လူတစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ပါဘူး။ တချို့တွေမှာ ရောဂါလက္ခဏာတွေ အမျိုးမျိုး ပြနိုင်သလို လက္ခဏာလုံးဝမပြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်က […]


HIV နှင့် AIDS ရောဂါ

HIV နှင့် သတိပြုဖွယ်များ

HIV နှင့် သတိပြုဖွယ်များ အကြောင်း လေ့လာလိုက်ရအောင်နော်။ HIV နှင့် သတိပြုဖွယ်များ “ကျွန်တော်ပြောရတာတော့စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ဆေးစစ်ကြည့်တာတွေ အရတော့အကို့မှာ HIV ပိုးရှိနေပါတယ်။” “ဟုတ်ရဲ့လား ဆရာ၊ သေချာရဲ့လား” “ဆရာတို့ဘက်က သေချာအောင်သုံးကြိမ်စစ်ထားပါတယ်။ သေချာပါတယ်” “တကယ်လား ဆရာရယ်၊ ကျွန်တော်ဘဝမှာ မကောင်းတာဆိုလို့တစ်ကြိမ်လောက်ပဲ အပျော်အပါးလိုက်စားဖူးတာပါ။ ကောင်မလေးပုံစံကလည်းသန့်သန့်လေးပါ” “HIV ပိုးက တစ်ကြိမ်တည်းနဲ့လည်းကူးနိုင်ပါတယ်၊ ရောဂါပိုးရှိမရှိဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသေချာတာဆိုတော့၊ အဲ့တုန်းက ကွန်ဒုံးတော့မသုံးလိုက်ဘူးမဟုတ်လား” “ကျွန်တော့အမျိုးသမီးကိုတော့အသိမပေးပါနဲ့ဆရာရယ်၊ သူကျွန်တော့ကိုစိတ်ဆိုးမှာ” “မဟုတ်သေးဘူးအကို၊ သူ့မှာလည်း ရောဂါပိုးကူးစက်ခံထားရနိုင်တယ်၊ သူ့ကိုသေချာနားလည်အောင်ပြောပြပြီး သွေးစစ်ခိုင်းဖို့လိုပါတယ်” HIV ပိုးရှိမှန်း အခုမှတွေ့ရှိသွားသူနှင့်သူ၏ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။ HIV ရောဂါကူးစက်ခံရခြင်း အားလုံးသိပြီးသားအတိုင်းပင်၊ HIV ရောဂါပိုးသည် • လိင်တူလိင်ကွဲ အကာအကွယ်မဲ့ဆက်ဆံခြင်း • ရောဂါပိုးရှိသော သွေးကိုသွင်းမိခြင်း • ရောဂါပိုးရှိသူသုံးပြီးသား အပ်ကိုထပ်မံသုံးစွဲမိခြင်း • ရောဂါပိုးရှိသူမိခင်မှသားသမီးထံသို့ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့်အဓိက ကူးစက်ပါသည်။ ရောဂါပိုးသည်သွေးနှင့်ကိုယ်ခန္ဓါမှထွက်သော အရည်များတွင်ပါဝင်တတ်သောကြောင့်တစ်ယောက်နဲ့တစ်ယောက်ထိုသို့အရည်များထိတွေ့နိုင်သော တခြားနည်းလမ်းများဖြင့်လည်းကူးနိုင်ပါသည်။ ရောဂါပိုးသည်အနာမရှိသော အရေပြားကိုမဖောက်ဝင်နိုင်သော်လည်း ပွန်းပဲ့နေသော အရေပြားကို ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ သွေးပေနေသော ဓါးဖြင့်နောက်တစ်ယောက်ရှမိပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့်လည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်