HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက်

HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။ HIV ပိုးဟာ သုက်ရည်၊ မိန်းမကိုယ်မှထွက်တဲ့အရည်နဲ့ သွေးမှတစ်ဆင့်အများဆုံး ကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာတွေမှာဆိုရင် ဖြစ်ပွားသူလူနာ ၈ယောက်မှာ ၁ယောက်ဟာ သူကူးစက်ပုံကို သတိမထားမိကြပါဘူး။ ဒါ့အပြင် HIV ပိုးဟာ ကုသလို့ အပြီးမပျောက်ဘဲ virus မပြန့်ဖို့နဲ့ အသက်ရှည်အောင်သာ ထိန်းလို့ရတဲ့ရောဂါဖြစ်ကြောင်း သင်သိဖို့လိုပါတယ်။ ဒါကြောင့် သင် HIV ပိုးအကြောင်းကို သိပြီး အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါတယ်။ အခုဖော်ပြမှာတွေကတော့ HIV ရှိသူလူနာတွေ အစပိုင်းမှာခံစားရတဲ့ တူညီတဲ့ လက္ခဏာ ( ၁၀)ချက်ဖြစ်ပါတယ်။ HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ ချက် HIV ကူးစက်ရောဂါနှင့်ပတ်သက်ပြီး သတိပြုစရာ လက္ခဏာ ၁၀ […]


HIV နှင့် AIDS ရောဂါ

သွေးအမျိုးအစားများ နဲ့ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော လိင်ပိုင်းဆိုင်ရာကျန်းမာရေးဗဟုသုတများ

ထူးဆန်းတယ်လို့ထင်ရပေမယ့် သွေးအမျိုးအစားများနှင့် လိင်ပိုင်းဆိုင်ရာ မျိုးပွားမှု ကျန်းမာရေးဟာ ဆက်နွယ်မှုရှိပါတယ်။ သွေးအမျိုးအစားပေါ်မူတည်ပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာကို အောက်ဖော်ပြပါအချက်အလက်များဖြင့် သိရှိနိုင်ပါတယ်။ နောက်ခံသမိုင်း ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း Tehran-Iron ရှိ သွေးဌာနတွင် လှူဒါန်း ထားသောသွေးများတွင် ABO နှင့် Rh သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြား ဆက်နွယ်မှုရှိမရှိ လေ့လာမှု (၁)ခု ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက်ကတော့ သွေးအမျိုးအစားများနှင့် သွေးမှတစ်ဆင့်ကူးစက်သောရောဂါများကြား ဆက်နွယ်မှုရှိ/မရှိကို လေ့လာခြင်းပဲဖြစ်ပါတယ်။ လေ့လာမှုမှာ ပါဝင်တဲ့ ကူးစက်ရောဂါတွေကတော့ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) နှင့် ကာလသား ရောဂါတို့ ဖြစ်ပါတယ်။ လေ့လာမှုနည်းလမ်းများ လေ့လာမှုကို Tehran Blood transfusion Centre (TBTC) မှာနောက်ပြန်ခြေရာကောက်စစ်ဆေးမှုပုံစံနှင့် […]


HIV နှင့် AIDS ရောဂါ

HIV / AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)

HIV ဆိုတာ ကမ္ဘာတလွှားက လူအတော်များများရဲ့ဘဝကို ပျက်စီးစေလျက်ရှိတဲ့ အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သွေးနဲ့ လိင်ဆက်ဆံမှုကတဆင့်လည်း ကူးစက်လွယ်တဲ့ရောဂါဖြစ်ပါတယ်။ HIV / AIDS ရောဂါအကြောင်းကို အောက်မှာ ထပ်ဖော်ပြထားပါတယ်။   HIV/ AIDS အကြောင်း ဘာတွေသိထားသလဲ HIV ဆိုတာ လူ့ခန္ဓာကိုယ်အတွင်းမှာ ရောက်ရှိလာတာနဲ့ ကျန်းမာရေးကို စတင်ပြီး ထိခိုက်ယိုယွင်းစေနိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ပိုပြီးအသေးစိတ်ပြောရရင် သူ့ရဲ့ပစ်မှတ်က ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဲဒီနောက် အအေးမိတာလိုမျိုး အသေးစားဝေဒနာကနေ အဖျားတက်ခြင်းလိုမျိုး ပြင်းထန်တဲ့အခြေအနေတွေအထိ ရောဂါဝေဒနာတွေကို ကိုယ်ခံအားစနစ်က တုံ့ပြန်ခုခံနိုင်စွမ်း အားနည်းသွား စေပါတယ်။ ဒီရောဂါပိုးကို အကာအကွယ်ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ HIV ပိုးရှိနေရင် သူ့ရဲ့ကလေးမှာလည်း ရောဂါကူးစက်ခံရဖို့ များပါတယ်။ AIDS ရောဂါဟာ […]


HIV နှင့် AIDS ရောဂါ

HIV ကိုဘယ်လိုကာကွယ်မလဲ

HIV/AIDS ရောဂါဟာ အရမ်းကိုအန္တရာယ်များပြီး ကူးစက်ခံရတဲ့လူကိုသေစေနိုင်ပါတယ်။ ဒီတော့ HIV ကူးစက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ။ HIV က လူလူချင်း ဘယ်လိုကူးစက်နိုင်သလဲ HIV က လူလူချင်းကူးစက်နိုင်တဲ့ သိသာထင်ရှားတဲ့ အကြောင်းရင်းတစ်ခုကတော့ ကာယကံရှင်က HIV ပိုးရှိသူတစ်ဦးနဲ့ လိင်ဆက်ဆံခြင်း ဒါမှမဟုတ် ဆေးထိုးအပ်တစ်ခုတည်းကို မျှဝေသုံးစွဲခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် HIV/AIDS ရောဂါရှိတဲ့အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်စဉ်အတွင်း၊ ဒါမှမဟုတ် ကလေးမွေးဖွားစဉ် ဒါမှမဟုတ် နို့တိုက်ကျွေးစဉ် အတွင်း ကလေးဆီကို HIV ပိုးကူးစက်ရရှိနိုင်ပါတယ်။ ဒီကူးစက်မှုမျိုးကို မိခင်မှကလေး HIV ကူးစက်ပြန့်ပွား မှုလို့ ခေါ်ပါတယ်။ အရင်ကတော့ HIV ရှိသူအလှူရှင်တစ်ဦးဆီက သွေးသွင်းမိရင်၊ ကိုယ်တွင်းအင်္ဂါ ဒါမှမဟုတ် တစ်ရှူး အစားထိုးကုသမိရင် HIV ကူးစက်ရရှိနိုင်ပါတယ်။ အခုခေတ်မှာတော့ သွေးသွင်းခြင်းနဲ့ အစားထိုးကုသမှု တွေ မလုပ်ခင်မှာ စည်းကမ်းတင်းကျပ်မှု၊ […]


HIV နှင့် AIDS ရောဂါ

HIVရောဂါရှိနေတဲ့ သူငယ်ချင်းကို ဘယ်လို ကူညီမလဲ။

တကယ်လို့ သင့်သူငယ်ချင်းထဲက တစ်ယောက်ယောက်ဟာ HIVရောဂါပိုးရှိတယ်လို့ ဆေးစစ်ပြီးသိရတဲ့အခါ သူတို့ဟာအရမ်းကို စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးတည်းသီးခြားနေနိုင်ပြီး အလွန်ကြောက်ရွံ့ စိုးရိမ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာသင်ဟာ သူတို့အတွက် ယုံကြည်စိတ်အချရဆုံးနှင့် ရင်ဖွင့်စရာ သူငယ်ချင်း အဖော်ကောင်း တစ်ယောက်အဖြစ် သင်ရှိနေနိုင်ပါတယ်။ သို့သော်တကယ်လို့ သင်ဟာ သူတို့ကိုကောင်းကောင်းမကူညီနိုင်ဘူးဆိုရင်တော့ သင်လုပ်ပေးသမျှတွေက သူတို့ကိုပိုပြီးထိခိုက်စေ စိတ်ဓါတ်ကျစေတာလည်း ဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချို့က သင်ဟာ သင့်ရဲ့ HIV ရောဂါပိုးရှိတဲ့ သူငယ်ချင်းကို ကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။   မိမိကိုယ်ကို မိမိယုံကြည်မှုရှိခြင်းဟာ အကောင်းဆုံးဆိုတာကို သတိရအောင် ပြောပြပေးပါ။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို သင့်ကို ဖွင့်ပြောလာပါက ဒါဟာ သင့်ကို အယုံကြည်ဆုံးမို့လို့ပြောပြခြင်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မယုံကြည်ရတဲ့သူတွေအကြောင်းကိုလည်း သင့်ကိုပြောပြနိုင်ပါတယ်။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို ဖွင့်ဟပြောဆိုဖို့ရာလူကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်