HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ရောဂါပိုးရှိသောသူ ခန္ဓါကိုယ် အလေးချိန် ကျဆင်းမှုကို မည်သို့ ထိန်းသိမ်းမည်နည်း

HIV ရောဂါပိုးရှိသော လူများသည် အထူးပြုလုပ်ထားသော အစားအစာများကို စားသုံးရန် မလိုသော်လည်း မိမိသည် နေမကောင်းသည်ဟု ခံစားရလျှင် မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းမျိုး ဖြစ်သောအခါတွင် အထူးပြုထားသော အစားအစာများကို စားသုံးရပါမည်။ ကိုယ်အလေးချိန် ကျဆင်းခြင်းသည် အရေးကြီးပါသည်။ အစားအသောက် ကောင်းကောင်းမစားလျှင် ပို၍ နေမကောင်း ဖြစ်နိုင်ပါသည်။ အစားအသောက် ရွေးချယ်ခြင်း မိမိသည် ကယ်လိုရီ အနည်းဆုံးနှင့် လုံလုံလောက်လောက် ရှိသော အစားအစာကို ကိုယ်အလေးချိန် ထိန်းသိမ်းရန် အသုံးပြုရပါမည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း ကိုလက်စ်ထရော ထိန်းသိမ်းရန် အရေးကြီးပါသည်။ တစ်နေ့သုံးကြိမ် မစားနိုင်လျှင် အစားအစာကို အနည်းငယ်နှင့် တစ်နေကုန် စားသုံးရပါမည်။ ထိန်း၍ စားသောက်ရသော အစားအစာသည် ဝိတ်ကျစေသော အစားအစာနှင့် တူတူပင်ဖြစ်ပါသည်။ အစားအသောက်ကို အစီအစဉ်ချ၍ စားခြင်းသည် မိမိပုံမှန်စားသော […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါရှိလျှင် တခြားသော ရောဂါပိုးများ မဝင်အောင်မည်သို့ ကာကွယ်မည်နည်း

မိမိတွင် HIV ရောဂါရှိလျှင် ပထမဦးဆုံးမှာ တခြားသော သူများကို မကူးစက်အောင် မည်သို့ ကာကွယ်မည်လဲ ဆိုသည့် မေးခွန်းပဲ ဖြစ်ပါသည်။ ထိုသည်မှာ မိမိနှင့် မိမိ၏မိသားစု အသိုင်းအဝိုင်းကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များသည် မည်သို့ကာကွယ်မည်နည်း ဆိုသောအချက်များ ဖြစ်ပါသည်။ HIV ရောဂါသည် မည်သို့ ကူးစက်နိုင်သနည်း။ ရှေးဦးစွာ ထိုရောဂါသည် မည်သို့ ပျံ့နှံ့ပုံကို သိရပါမည်။ နားလည်ပုံချင်း လွဲမှားသည်မှာ များသောကြောင့် မိမိကိုယ်တိုင် အရင်သိအောင် ပြုလုပ်ရပါမည်။ ထိုရောဂါသည် ပါးစပ်၊ နှာခေါင်း၊ ယောနိ၊ စအို၊ လိင်တံတို့တွင် အပေါက်အပြဲရှိပါက ကူးစက်နိုင်ပါသည်။ ထို့အပြင် ရောဂါရှိသော သွေး၊ နို့ရည်၊ သုတ်ရည်နှင့် တခြားသော အရည်များနှင့်လည်း ကူးစက်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများမှလည်း ကူးစက်နိုင်ပါသည။် သွေးများ၊ […]


HIV နှင့် AIDS ရောဂါ

မိမိတွင် HIV ရောဂါရှိပါက ကလေးကို မကူးစက်အောင် မည်သို့ ကာကွယ်မည်နည်း။

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၏ စစ်တမ်းများအရ အသက် ၁၅ နှစ်အောက် ကလေး ၃.၂ သန်းသည် AIDS ရောဂါ ရှိနေသည်ဟု ၂၀၁၃ ရလဒ်များက ဖော်ပြနေပါသည်။ HIV ရောဂါပိုးသည် AIDS ဖြစ်စေနိုင်သော ရောဂါပိုး ဖြစ်ပါသည်။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ကလေးများတွင် ဖြစ်ပါသည်။ ကလေးများကို မည်သို့ ကာကွယ်သင့်သည်ကို ဖော်ပြပါမည်။ ရောဂါပိုးရှိသော ကလေးများသည် မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးစဉ်၊ နို့တိုက်ချိန်များတွင် ကူးစက်ခြင်း ဖြစ်ပါသည်။ တခြားသော ဖြစ်လေ့ဖြစ်ထ သိပ်မရှိသော အကြောင်းရင်းများမှာ - • သွေးသွင်းခြင်း - ကလေးများသည် ရောဂါပိုးရှိသော သွေး၊ သန့်စင်ထားခြင်း မရှိသောသွေးများကို သွင်းမိပါက HIV ပိုးဝင်ခြင်းနှင့် AIDS ရောဂါ ဖြစ်ပွားနှုန်း […]


HIV နှင့် AIDS ရောဂါ

HIV ဗိုင်းရပ်ပိုးမွှား ကာကွယ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများ

AIDS ရောဂါသည် HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါသည်။ ခုခံအားစနစ်ကို ထိခိုက်စေပါသည်။ HIV အတွက် ဆေးအမျိုးအစား ၆ မျိုး ရှိပါသည်။ ထိုဆေးများမှာ HIV ၏ ဖြစ်ပေါ်မှု အဆင့်ဆင့်တွင် တားပေးပါသည်။ များသောအားဖြင့် ခန္ဓါကိုယ် လုပ်ဆောင်မှု အပိုင်းကို ထိခိုက်စေပါသည်။ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် နည်းလမ်းများ အစားအသောက်ပျက်ခြင်း Abacavir (Ziagen) ဆေးကြောင့်ဖြစ်သော ဘေးထွက် ဆိုးကျိုးများကြောင့် ဖြစ်ပါသည်။ အစားအသောက် ပျက်ခြင်းအတွက် တစ်နေ့ကို နည်းနည်းချင်း အနပ်များများ စားရပါမည်။ ခါတိုင်းကဲ့သို့ တစ်နေ့သုံးနပ်ပဲ စား၍ မရပါ။ အားဖြည့်ဆေးများ၊ သစ်သီးဖျော်ရည်များ သောက်သုံး၍ ဗီတာမင် သက်စောင့်ဓါတ်များ ရနိုင်ပါသည်။ အစားစားချင်စိတ် ဖြစ်ပေါ်စေသော ဆေးများ၊ ရိုးရိုးရေ သောက်မည့်အစား အသီးဖျော်ရည်လေး သောက်သုံးခြင်းဖြင့် အစားစားချင်စိတ် ဖြစ်ပေါ်နိုင်ပါသည်။ […]


HIV နှင့် AIDS ရောဂါ

AIDS ရောဂါဘယ်လိုကူးစက်နိုင်သလဲ

AIDS ဆိုတာ ခုခံအားကျဆင်းမှုကူးစက်ရောဂါရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဒီရောဂါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိတော့တာဖြစ်ပါတယ်။ AIDS ဟာ HIV ဗိုင်းရပ်စ်ကူးစက်ရပြီးနောက်ဆုံးအဆင့် ဖြစ်ပါတယ်။ HIV/AIDS ကို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမှုတို့ကတဆင့် အများဆုံး ကူးစက်ပါတယ်။ တကယ်တော့ HIV ဟာ ပျံ့နှံ့လွယ်တဲ့ရောဂါပိုး မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ သွေး၊သုက်ရည်၊ ကနဦး သုက်ရည်၊စအိုမှအရည်၊မိန်းမကိုယ်အရည်နဲ့မိခင်နို့ တို့လို ခန္ဓါကိုယ်ကထွက်ရှိတဲ့အရည်တွေမှာ ပါဝင်နေနိုင်တာ ဖြစ်ပါတယ်။ အဲဒီအရည်တွေက အရေပြားပေါက်ပြဲအနာတစ်ခုခုကို တိုက်ရိုက်ထိတွေ့ မှသာ ဒါမှမဟုတ် သွေးကြောထဲကို ထိုးသွင်းခံရမှသာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ အများအားဖြင့်တော့ HIV ပိုးရှိသူတစ်ဦးနဲ့ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူတွေမှာ HIV ကူးစက်ခံရတတ်ပါတယ်။ စအိုမှလိင်ဆက်ဆံခြင်းနဲ့ လိင်အင်္ဂါမှလိင်ဆက်ဆံခြင်းတို့ ဟာ အန္တရာယ်အများဆုံးလိင်မှုရေးရာလှုပ်ရှားဆက်ဆံမှု တွေလို့ယူဆရပါတယ်။ HIV ပိုးရှိသူနဲ့အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ ရေအတူဆေးကြောခြင်း၊ နဲ့ […]


HIV နှင့် AIDS ရောဂါ

HIVရောဂါအကြောင်း မှားယွင်းယုံကြည်ချက်များကိုရှင်းလင်းပြောပြခြင်း

HIV ရောဂါကြောင့် သေဆုံးသူဦးရေဟာ ယခုလက်ရှိအချိန်မှာ ခန့်မှန်းခြေ ၃၉ မီလီယံ ရှိနေပြီဖြစ်တဲ့အတွက် အချိန်ကြာလာတာနှင့်အမျှ ကမ္ဘာတစ်ဝန်းလုံးမှာ အဖြစ်အများဆုံး ရောဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့သော် လူအများဟာ ၎င်းရောဂါကြောင့် ဖျားနာတဲ့အခါ ကူးစက်ခံရတဲ့ အဓိကအကြောင်းအရင်းများကို နားမလည်ခြင်း၊ ခန္ဓါကိုယ်ကိုဘယ်လိုဒုက္ခပေးတယ်၊ ကူးစက်လာတဲ့အခါ ဘယ်လိုတွေ တွေ့ရတယ် စတာတွေကို ယခုထိ နားမလည်နိုင်ကြသေးပါဘူး။ ယခု ဆောင်းပါးကနေ သင် သို့မဟုတ် လူအများကို HIV ရောဂါအကြောင်း အမှတ်မှားနေကြသည်များကို ဖွင့်ဟပြောပြပြီး ကူညီနိုင်ပါလိမ့်မယ်။ လူအများ၏ ယုံမှားသံသယများကိုလည်း ဖြေရှင်းရန် ကူညီပေးနိုင်ပါတယ်။   လွဲမှားယုံကြည်ခြင်း နံပါတ်(၁) - လူအများဟာ တက်တူးထိုးခြင်းသို့မဟုတ် ခန္ဓါကိုယ်အရေပြားကို တစ်စုံတစ်ခုဖြင့် ဖောက်ခြင်း စတာတွေကနေ HIVပိုး မကူးစက်နိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။ သင်ဟာ HIVပိုးရှိသူ တစ်စုံတစ်ဦးနှင့် အပ်ကို […]


HIV နှင့် AIDS ရောဂါ

ဆယ်ကျော်သက်အရွယ် လူငယ်တွေ HIV ရောဂါပိုး နဲ့ ပတ်သက်ပြီး ဘာတွေသိဖို့ လိုအပ်သလဲ။

HIV ပိုးရှိသူတွေမှာ ဆယ်ကျော်သက်ဦးရေ ပိုပိုပြီးများပြားလာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ HIV ရောဂါပိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာမသိခဲ့ရင် သူတို့ဟာလည်း ရောဂါပိုးကူးစက်ခြင်းခံရနိုင်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာ HIV ရောဂါပိုးနှင့်ပတ်သက်တဲ့ အသိပညာ၊ ဗဟုသုတတွေကို ပေးနိုင်ဖို့ရာအတွက် အရမ်းအရေးကြီးပါတယ်။ သို့မှသာ သူတို့ကိုယ်တိုင် တစ်ကမ္ဘာလုံးပျံ့နှံ့ နေတဲ့ ရောဂါဆိုးကြီးကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ HIVဆိုတာဘာလဲ။ ဆယ်ကျော်သက်လူငယ်အရွယ်တွေ အရင်ဆုံးသိရမယ့် အကြောင်းအရာကတော့ HIVဆိုတာ ဘာလဲဆိုတာပဲ ဖြစ်ပါတယ်။ HIV ရောဂါဆိုတာ လူသားများရဲ့ ခုခံအားစနစ် ကိုကျဆင်းစေတဲ့ ဗိုင်းရပ်စ်ရောဂါ ပိုးဖြစ်ပြီး ၎င်းရောဂါပိုးဟာ လူရဲ့ ခုခံအားစနစ် ကို အားနည်းယုတ်လျော့လာအောင် လုပ်ပါတယ်။ ၎င်းရောဂါပိုး ဝင်လာတဲ့အခါ ခန္ဓါကိုယ်မှ ခုခံ တိုက်ခိုက်တဲ့ အရေးကြီးတဲ့ဆဲလ် တွေကို ဖျက်ဆီးပစ်ပါတယ်။ အဲဒီနောက် HIV […]


HIV နှင့် AIDS ရောဂါ

HIVရောဂါရှိနေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီမလဲ။

တကယ်လို့သင့်သူငယ်ချင်းထဲက တစ်ယောက်ယောက်ဟာ HIVရောဂါပိုးရှိတယ်လို့ ဆေးစစ်ပြီး သိရတဲ့အခါ သူတို့ဟာအရမ်းကို စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးတည်းသီးခြားနေနိုင်ပြီး အလွန်ကြောက်ရွံ့ စိုးရိမ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာသင်ဟာ သူတို့အတွက် ယုံကြည်စိတ်အချရဆုံးနှင့် ရင်ဖွင့်စရာ သူငယ်ချင်း အဖော်ကောင်း တစ်ယောက်အဖြစ် သင်ရှိနေနိုင်ပါတယ်။ သို့သော်တကယ်လို့ သင်ဟာ သူတို့ကိုကောင်းကောင်းမကူညီနိုင်ဘူးဆိုရင်တော့ သင်လုပ်ပေးသမျှတွေက သူတို့ကိုပိုပြီးထိခိုက်စေ စိတ်ဓါတ်ကျစေတာလည်း ဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချို့က သင်ဟာ သင့်ရဲ့ HIV ရောဂါပိုးရှိတဲ့ သူငယ်ချင်းကို ကူညီပေးနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။   မိမိကိုယ်ကို မိမိယုံကြည်မှုရှိခြင်းဟာ အကောင်းဆုံးဆိုတာကို သတိရအောင် ပြောပြပေးပါ။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို သင့်ကို ဖွင့်ပြောလာပါက ဒါဟာ သင့်ကို အယုံကြည်ဆုံးမို့လို့ပြောပြခြင်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မယုံကြည်ရတဲ့သူတွေအကြောင်းကိုလည်း သင့်ကိုပြောပြနိုင်ပါတယ်။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို ဖွင့်ဟပြောဆိုမယ့်လူကို သူကိုယ်တိုင်ပဲရွေးချယ်ရတာဖြစ်ပါတယ်။ […]


HIV နှင့် AIDS ရောဂါ

HIV နဲ့ပတ်သက်လို့ မိဘတွေဘာသိထားသင့်သလဲ

သင်ဟာ မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ကလေးကို အထူးသဖြင့် HIVကဲ့သို့ ရောဂါဆိုးကြီးမှ ကင်းဝေးပြီး အမြဲကျန်းမာအောင် ကာကွယ်ချင်မှာပါ။ ယခုခေတ်ကာလမှာ HIV ရောဂါပိုး ရှိတဲ့လူငယ်လူရွယ် အရေအတွက်ဟာ အရမ်းကို များပြားလာပြီဖြစ်တဲ့အတွက် သင့်ကလေးမှာ ဒီလိုရောဂါပိုး ကူးစက်ခြင်းမှ ရှောင်ကြဉ်ဖို့ရာ နည်းလမ်းများကို သင်ကိုယ်တိုင် ရှာဖွေစုဆောင်းထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် တကယ်လို့ သင့်ကလေးမှာ HIVရောဂါပိုး ရှိလာမယ်ဆိုရင်လည်း ဘယ်လိုကူညီထောက်ပံ့မှုပေးရမယ်ဆိုတာကို လေ့လာထားဖို့ရာ အရမ်းအရေးကြီးပါတယ်။   သင့်ကလေးကို HIVရောဂါပိုးအကြောင်း ဘယ်လိုပညာပေးမလဲ။ သင်ဟာ သင့်ကလေးရဲ့ စံနမူနာကောင်း ဖြစ်အောင် နေထိုင်ပါ။ သင့်ကလေးဟာ သင့်ရဲ့ အပြုအမူအလေ့ အထတွေကို အတုခိုးပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သင်အနေနှင့်လည်း သင့်လျော်တဲ့အပြုအမူအနေအထိုင် အလုပ်အကိုင် စသဖြင့် စံပြုရလောက်အောင် ဖြစ်နေဖို့လိုအပ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေကနေ ပြဿနာ ဖြေရှင်းရာ၊ ဆုံးဖြတ်ချက်ချရာ […]


HIV နှင့် AIDS ရောဂါ

လိင်တူဆက်ဆံသူများနှင့် လိင်လုပ်သားများအပြင် HIV ပိုးကူးစက်နိုင်ခြေများသော အုပ်စုလေးခု

အိပ်ခ်ျအိုင်ဗီရောဂါပိုးဟာ ကူးစက်တတ်ပြီး ကူးစက်ခံရရင် ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဘယ်သူမဆို ကူးစက်ခံနိုင်ပါတယ်။ ဒါပေမယ့် တချို့ဟာ ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ လိင်တူဆက်ဆံသူနဲ့ လိင်အလုပ်သမားများအပြင် ကူးစက်နိုင်ခြေ ပိုမြင့်သူများအကြောင်းကို ဆက်လက် ဖော်ပြပေးပါမယ်။ မူးယစ်ဆေးထိုးသူများ မူးယစ်ဆေးကို အကြောထဲထိုးသူများဟာ အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။ သူတို့ဟာ အပ်၊ ဆေးထိုးပိုက်နဲ့ တခြားပစ္စည်းတွေကို ဝေမျှသုံးစွဲ ကြပါတယ်။ တယောက်ယောက်မှာ အိပ်ခ်ျအိုင်ဗီ ရောဂါပိုးရှိနေရင် သူ့ရဲ့သွေးကတဆင့် ကူးစက်နိုင်ပါတယ်။ ထိုးသွင်းတဲ့ဆေးတွေဟာလည်း လိင်ကိစ္စကို လှုံ့ဆော်မှုတွေ ရှိနိုင်ပြီး လိင်မှတဆင့် ကူးစက်နိုင်ခြေကို မြင့်တက်စေပါတယ်။ အကာအကွယ်မသုံးမိတဲ့အပြင် အိပ်ခ်ျအိုင်ဗီရောဂါပိုး ကိုဆန့်ကျင်တဲ့ဆေးတွေ မသောက်မိကြပါဘူး။ လိင်လုပ်သားတွေနဲ့ ဆက်ဆံမိတာ၊ အဖော်များစွာနဲ့ ဆက်ဆံမိတာ ဖြစ်နိုင်ပါတယ်။ ဆေးသုံးသူတွေဟာ ငယ်ရွယ်သူတွေ များပါတယ်။ ဒါကြောင့် လူငယ်ပိုင်းတွေဟာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်နိုင်ခြေ များပါတယ်။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း