ဘယ်လိုလူတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။
စအိုဝဖြင့် လိင်ဆက်ဆံခြင်းမှာ
- လိင်ကွဲနှင့် ဆက်ဆံသော အမျိုးသားတွေ (Heterosexual)
- လိင်တူချင်း ဆက်ဆံသော အမျိုးသားတွေ (Homosexual)
- လိင်တူ၊ လိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ (Bisexual)
- ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) (Receptive Partner) အကုန်လုံးမှာ HIV ပိုး ကူးစက်နိုင်ခြေ ရှိပါတယ်။
အထူးသဖြင့် နည်းလမ်းတစ်မျိုးထက်ပိုအသုံးပြုပြီး လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် များလွန်းတာ၊ အကာအကွယ်ကို လုံးဝအသုံးမပြုတာ၊ လိင်ဆက်ဆံတဲ့အခါ ချောဆီမသုံးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါ၊ လိင်တံထိပ်အရေပြား ဖုံးနေတဲ့ အမျိုးသားတွေမှာ ပိုပြီး ထိခိုက်ပွန်းပဲ့မိဖို့ လွယ်ကူတာကြောင့် ကူးစက်နိုင်ခြေ ပိုများပါတယ်။
အကာအကွယ် (ကွန်ဒုံး) မပါဝင်ဘဲ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတဲ့အခါ ပျမ်းမျှအားဖြင့်
ထိုးသွင်းဆက်ဆံတာနဲ့ အပြုခံတာ ၂မျိုးလုံး လုပ်တဲ့ အမျိုးသားတွေ = ၃၉.၉ ရာခိုင်နှုန်းအထိ
ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားတွေ = ၂၁.၇ ရာခိုင်နှုန်း
ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) တွေ = ၄၀.၄ ရာခိုင်နှုန်းအထိ ကူးစက်နိုင်ခြေရှိပါတယ်။
စအိုဝဖြင့် ထိုးသွင်းဆက်ဆံခြင်းမှ ရောဂါပိုးကူးစက်နိုင်ခြေ လျှော့ချနိုင်မယ့် နည်းလမ်းများ
၁။ အကာအကွယ် အသုံးပြုခြင်း
ကွန်ဒုံးကို မှန်ကန်တဲ့နည်းစနစ်နဲ့ အသုံးပြုတဲ့အခါ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးဝယ်ရမှာ မရှက်ပါနဲ့။ နည်းစနစ်မှန်နဲ့ အသုံးပြုပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ၊ ကွန်ဒုံး ၂ထပ် စွပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က ကွန်ဒုံးအသုံးမပြုချင်ကြောင်း ပြောလာခဲ့ရင် ကျန်းမာရေးနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်အကြောင်း ပြောပြပြီး ကွန်ဒုံးအသုံးပြုဖို့ သေချာဖျောင်းဖျပါ။
၂။ ချောဆီ အသုံးပြုခြင်း
ယောနိနဲ့ မတူဘဲ စအိုမှ သဘာဝချောဆီ ထွက်မလာတဲ့အတွက် ပေါက်ပြဲထိခိုက်ဖို့ လွယ်ကူပါတယ်။ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတော့မယ်ဆိုရင် ချောဆီ အသုံးပြုဖို့ လိုအပ်ပါတယ်။ ရေဓါတ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ ချောဆီတွေကို သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် ကွန်ဒုံးကို ထောင်မတ်နေတဲ့ လိင်တံပေါ် အရင်စွတ်ပါ။ ပြီးသွားမှ ကွန်ဒုံးပေါ်မှာ ချောဆီကို လိုအပ်သလောက် သုတ်လိမ်းထားပါ။ စအိုပတ်လည်မှာလည်း ချောဆီ များများ သုတ်လိမ်းပေးဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။