HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

Post-exposure prophylaxis သို့မဟုတ် PEP

Post-exposure prophylaxis သို့မဟုတ် PEP လွန်ခဲ့တဲ့ တပတ်လောက်က အလုပ်သင်ဆင်းနေတဲ့ တပည့်လေးတယောက် HIV positive လူနာကို ထိုးထားတဲ့ အပ်စူးမိလို့ ဆေးသောက်နေရတဲ့အကြောင်း ကျွန်တော့်ကို လှမ်းပြောပါတယ်။ သူသောက်နေရတဲ့ ဆေးကုထုံးကို Post-exposure prophylaxis သို့မဟုတ် PEP လို့ခေါ်ပါတယ်။Exposure ဆိုတဲ့အဓိပ္ပါယ်က တစုံတခု/တစုံတယောက်နဲ့ ထိတွေ့ခြင်းဖြစ်ပြီး 'post' ကတော့ 'ပြီးနောက်' လို့ အဓိပ္ပါယ်ရပါတယ်။'Prophylaxis' ကတော့ 'ကြိုတင်ကာကွယ်ခြင်း'လို့ အဓိပ္ပါယ်ထွက်တဲ့အတွက် အားလုံးကို ခြုံငုံပြီး ဘာသာပြန်လိုက်ရင် တစုံတခု/တစုံတယောက်နဲ့ ထိတွေ့အပြီး ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်ခြင်းလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာတော့ HIV ပိုးမကူးအောင် ကြိုတင်ကာကွယ်တာပေါ့။ ယေဘုယျအားဖြင့် ဒီကုထုံးမှာ ဆေးနှစ်မျိုး/သုံးမျိုးခန့် ပါဝင်တတ်ပြီး မှန်မှန်ကန်ကန် သောက်သုံးမယ်ဆိုရင် (အကယ်၍ မတော်တဆ ကူးခဲ့သည်ရှိသော်) ဗိုင်းရပ်စ်ပိုးကို ရပ်တန့်တားဆီးဖို့အခွင့်အလမ်း […]


HIV နှင့် AIDS ရောဂါ

HIV/AIDS နဲ့ ပတ်သတ်ပြီး လူတွေ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်များနဲ့ ချေပရှင်းလင်းချက်

HIV/ AIDS ဟာ လူအများစု ရောထွေးစွာ နားလည်ထားကြတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အခြေခံအချက်တွေက စရှင်းရမယ်ဆိုရင် HIV ဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS ကတော့ ရောဂါ အမည်ဖြစ်ပါတယ်။ HIV ရဲ့ အရှည်ကောက်ဟာ human immunodeficiency virus ဖြစ်ပြီး ဒီဗိုင်းရပ်စ်က သွေးဖြူဆဲလ်တွေကို ဖျက်ဆီးပြီး ကိုယ်ခံအား စနစ်ကို ထိခိုက်စေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓါကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ အဲ့ဒီအချိန် ခန္ဓါကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ HIV ဗိုင်းရပ်စ် ကူးစက်ခံရတာ ကြာပြီး မကုသဘဲ ထားမယ်ဆိုရင် AIDS ရောဂါ ဖြစ်လာပါတယ်။ […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

ခုခံအားကျဆင်းမှုရောဂါပိုး (HIV) ကူးစက်ခံရခြင်းဟာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတဲ့ အယူအဆကနေ ဒါဟာ ထိန်းချုပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်ဆီကို ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းဖြစ်တာမို့ HIV ပိုး ကူးစက်ခံနေရသူတွေအနေနဲ့ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးဖွားလာမယ့် ကလေးဆီကို ရောဂါပိုးမကူးစက်ဘဲ ကလေးယူလို့ ရနိုင်မယ့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်ပါတယ်။ HIV ပိုးကို ကုသရာမှာ တိုးတက်ဖြစ်ထွန်းထွက်ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို Mount Elizabeth Novena ဆေးရုံရဲ့ ကူးစက်ရောဂါကုဆရာဝန် Dr Leong Hoe Nam က အခုလို မျှဝေပေးခဲ့ပါတယ်။ HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား ဆိုတော့ "လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်ဆီကို လူနာတစ်ယာက် လွှဲလိုက်တယ်ခင်ဗျ။ […]


HIV နှင့် AIDS ရောဂါ

HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀)

HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ တော်တော်များများ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ HIV ဗိုင်းရပ်စ် အကြောင်း ခြုံငုံသုံးသပ်ချက် HIV ဗိုင်းရပ်စ် ခန္ဓာကိုယ်ထဲမှာရှိရင် ကိုယ်ခံအားစနစ် လျော့နည်းလာပါတယ်။ ဒါကြောင့် အဲ့ဒီအချိန် ခန္ဓာကိုယ်ထံ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ HIV ဗိုင်းရပ်စ်ဟာ ခန္ဓ,ကိုယ်ရဲ့ CD4 ဆဲလ်တွေလို့ခေါ်တဲ့ ကျန်းမာတဲ့ ကိုယ်ခံအားစနစ် ထိန်းသိမ်းရာမှာ အရေးကြီးဆုံးဆဲလ်တွေကို တိုက်ခိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပုံမှန်သောက်သုံးမယ်၊ ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်လက်နေထိုင်မှုရှိမယ်ဆိုရင် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။ HIV (AIDS) ရဲ့ နောက်ဆက်တွဲရောဂါ အခု (၂၀) Opportunistic infections (OIs) […]


HIV နှင့် AIDS ရောဂါ

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကဘာလဲ။ Human Immunodeficiency Virus သို့မဟုတ် HIV သည် AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေသော ဗိုင်းရပ်စ် ဖြစ်သည်။ HIV သည် ကိုယ်ခံအားစနစ်ကို အပြင်းအထန် ကျဆင်း စေနိုင်သည်။ ထို့ကြောင့် အခြားရောဂါများ၊ ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို ဖြစ်စေသည်။ HIV ကို သင့်ခန္ဓါကိုယ်မှအပြည့် ဖယ်ရှား မပစ်နိုင်ပါ။ HIV တစ်ခါ ကူးစက်ပါက တစ်သက်လုံးရှိနေမည် ဖြစ်သည်။ AIDS သည် HIV ရောဂါ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အခြားရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာနှင့် ကိုယ်ခံအား စနစ် အားနည်းလာသောကြောင့် ရောဂါပိုးပေါင်းစုံ ဝင်ခြင်းတို့ဖြင့် သတ်မှတ်နိုင်သည်။ Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ၂၀၁၄ […]


HIV နှင့် AIDS ရောဂါ

HIV အတွက် ကုထုံးများ

HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ ကာကွယ်ပေးပါသည်။ […]


HIV နှင့် AIDS ရောဂါ

HIV နှင့် မူးယစ်ဆေး

၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး မှတ်တမ်းများအရ လူ ၃၆.၉ သန်းသည် HIV ရာဂါပိုး ရှိနေပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးကြောင့် ဖြစ်ပါသည်။ ဆေးအလွဲသုံးစား လုပ်ခြင်းသည်လည်း HIV ရောဂါ ဖြစ်ပွားခြင်း၏ အကြောင်းအရင်း တစ်ခုဖြစ်သည်။ မူးယစ်ဆေး အလွဲသုံးခြင်းသည် ဆေးထိုးမှားခြင်းထက် ပို၍ ကူးစက်နိုင်ခြေများပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးသုံးခြင်းဖြင့် ရောဂါကူးစက်နိုင်ခြေရှိသော ကာမစပ်ယှက်မှု၊ တခြားသူများနှင့် အတူတကွ ဆေးသုံးခြင်းဖြင့် လူတစ်ဦးမှ တစ်ဦးကို HIV ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးရှိသော သွေးသည် ဆေးထိုးအပ်များ ပြန်သုံးရေများ ပြန်သုံးသည့် ဘူးဖုံးများ၊ ဇွန်းများ၊ ပေါင်းအိုးများ၊ အပူပေးရမည့် ဆေးများကို ပြုလုပ်သည့် ပေါင်းခံအိုးများ ပြန်သုံးသည့် ချည်ထည်များ၊ ဆေးထိုးအပ်ကို အသုံးပြုသည့် အဖုံးများ လမ်းပေါ်တွင် […]


HIV နှင့် AIDS ရောဂါ

AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း

AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း ဆိုတာက ဗဟုသုတ အနေနဲ့ လေ့လာလိုက်ပါ။ AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း ဆိုတော့ AIDS ရောဂါ ဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓါ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို […]


HIV နှင့် AIDS ရောဂါ

HIV ဆေး ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေး ( HIV ဆေး ) များ သည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။   ART ဆေး ( HIV ဆေး ) များသည် ခန္ဓာကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။ · သွေးအားနည်းခြင်း · ဝမ်းလျှောခြင်း · ခေါင်းမူး၊ ခေါင်းကိုက်ခြင်း · နုံးချိခြင်း · ပျို့အန်ခြင်း · ကိုယ်လက်နာကျဉ်ခြင်း · ထုံကျဉ်ခြင်း · အနီကွက် အနီစက်များပေါ်ခြင်း · အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း သို့မဟုတ် အဆီစုလာခြင်း · သွေးတွင်းအချိုဓာတ် များပြားလာခြင်း · အရိုးပွခြင်း · သွေးတွင်း lactic […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါမှန်း သိရပြီးချိန်၏ စိတ်အခြေအနေ

HIV ရောဂါမှန်း သိရချိန်တွင် ဘဝတွင် စိတ်အဆင်းရဲဆုံး အခြေအနေနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်ခန္ဓါ ပြောင်းလဲမှုများ အပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါသည်။ ထိုသို့သော စိတ်ဖိစီးမှုများသည် မိမိ၏ ဘဝတက်လမ်းကို ထိခိုက်နိုင်ပါသည်။ ထိုကြောင့် မည်သို့ ခံစားရပုံနှင့် ဘယ်လို ကျော်ဖြတ်ရမလဲ ဟူသော အခြေအနေများကို သိထားသင့်ပါသည်။   ကြောက်ခြင်းနှင့် စိတ်ပူခြင်း ကြောက်ခြင်းသည် လူတိုင်း HIV ရောဂါမှန်း သိရပြီးချိန်တွင် ခံစားရသော ပုံမှန်ခံစားမှုမျိုး ဖြစ်ပါသည်။ အစပိုင်းတွင် ခံစားရသည်များမှာ မိမိ၏ သူငယ်ချင်း၊ မိသားစုများက မိမိကို အထင်သေးမည်၊ ပယ်မည် စသည်ဖြင့် တွေးတောနေခြင်းကြောင့် ဖြစ်သည်ဟု HIV/AIDS စိတ်ကျန်းမာရေးဌာနက ပြောကြားသည်။ ကြောက်ခြင်းသည်လည်း ကြာရှည်စွာ ကုသရမည့် အချက်မျိုး ဖြစ်သည်။ ထိုမှတစ်ဆင့် တခြားသော […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း