backup og meta

ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ

    ကွန်ဒုံး တွေဟာ စနစ်တကျသုံးတတ်မယ်ဆိုရင် သင့်ကို မလိုချင်တဲ့ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးတွေကို အရောင်စုံ၊ အနံ့စုံ၊ အရွယ်အစားအစုံရနိုင်ပြီး မိန်းမကိုယ်သာမက စအိုနဲ့ ဆက်ဆံခြင်းတွေမှာလည်း သုံးလို့ရပါတယ်။ ကိုယ်ဝန်ရနိုင်ခြေကိုလည်း 98% လောက်ထိတားနိုင်တယ် ဆိုပါတယ်။

    ဒါပေမယ့် သင့်ရဲ့သုံးပုံသုံးနည်း မှန်ကန်စနစ်ကျဖို့တော့ အရေးကြီးပါတယ်။ အောက်မှာ ဖော်ပြပေးမှာကတော့ ကွန်ဒုံးတွေကို ဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုမလဲဆိုတာပါပဲ။

    ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ

    •  ကွန်ဒုံး အိတ်ပေါ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးပေါ်မှာ အပေါက်အပြဲရှိမရှိသေချာစစ်ပါ၊၊

    ကွန်ဒုံးအိတ် ဒါမှမဟုတ် ကွန်ဒုံးမှာ အပေါက်အပြဲအပျက်အစီးရှိနေတယ်ဆိုရင် လုံးဝမသုံးသင့်ပါဘူး။ ပျက်စီးနေတဲ့ ဒါမှမဟုတ် သက်တမ်းကုန်နေတဲ့ ကွန်ဒုံးကိုသုံးတာက မလိုချင်တဲ့ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။

    • အထုပ်ကို သေချာဖွင့်ပြီး ကွန်ဒုံးကို ထုတ်ပါ၊၊

    ကွန်ဒုံးထုပ်ကို ဂရုတစိုက်ဖွင့်ပြီးတဲ့အခါ သင့်လက်နဲ့ သေချာထုတ်ယူပါ။ သွားနဲ့ကိုက်ဖောက်တာ၊ ကတ်ကြေးနဲ့ညှပ်ပြီးဖွင့်တာမျိူးဟာ ကွန်ဒုံးကို ပျက်ဆီးစေနိုင်လို့ ရှောင်သင့်ပါတယ်။

    • သင့်လိင်တံမာအောင်စောင့်ပြီး ကွန်ဒုံးကို စွပ်ပါ၊၊

    ကွန်ဒုံးကို စွပ်တဲ့အချိန်မှာ သင့်လိင်တံ ထိုက်သင့်သလောက်မာနေပါစေ။ စွပ်တဲ့အခါ ကွန်ဒုံးနဲ့ သင့်လိင်တံကြားမှာ လေခိုမနေစေဖို့အတွက် ကွန်ဒုံးရဲ့ထိပ်ကို ဖိပြီးမှ ပွင့်နေတဲ့ ကွန်ဒုံးအဝကနေ သင့်လိင်တံမှာစွပ်ပါ။

    • ရေဓာတ်ကိုအခြေခံတဲ့ ချောဆီသုတ်ရင်သုတ်ပါ၊၊ ဆီကိုအခြေခံတဲ့ ချောဆီ ဒါမှမဟုတ် ဆီမှန်သမျှကိုရှောင်ပါ၊၊

    လိင်ဆက်ဆံချိန်ကြာတဲ့အခါ၊ ကြမ်းတဲ့အခါ ပွတ်တိုက်မှုတွေဖြစ်ပြီး မတော်တဆကွန်ဒုံးပေါက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကိုရှောင်နိုင်ဖို့ ရေဓာတ်ကို အခြေခံတဲ့ ချောဆီ ဥပမာ KY jelly လိုမျိုးကို သုံးပေးနိုင်ပါတယ်။

    နောက်ပိုင်းထုတ် ကွန်ဒုံးတော်တော်များများမှာတော့ ချောဆီပါတွဲရက်ပါပြီးသားမို့ သီးသန့်ချောဆီမသုံးလဲရပါတယ်။ အထူးသတိပြုရမှာကတော့ ဆီဓာတ်ကို အခြေခံတဲ့ ချောဆီကို မသုံးမိဖို့ပါပဲ။ သံလွင်ဆီအပါအဝင် ဘယ်ဆီကိုမှ မသုံးသင့်ပါဘူး။ ဒီလိုသုံးခြင်းဟာ ပိုပြီး ကွန်ဒုံးကို လွယ်လွယ်ကူကူ ပေါက်စေနိုင်ပါတယ်။

    • လိင်ဆက်ဆံချိန်တလျှောက်လုံး ကွန်ဒုံး ကိုသုံးပါ

    သုက်ရည်ထွက်ထွက် မထွက်ထွက် သင်လိင်ဆက်ဆံချိန်တိုင်းကွန်ဒုံးကို သုံးသင့်ပါတယ်။

    သုက်ရည်မထွက်ပေမယ့် အရည်ကြည်မှာတောင် သုက်ပိုးပါနိုင်တဲ့အတွက် ကွန်ဒုံးမသုံးရင် ကိုယ်ဝန်ရနိုင်သလို ရောဂါပိုးတွေကူးစက်နိုင်လို့ လိင်ဆက်ဆံချိန်အစကနေ အဆုံးအထိ ကွန်ဒုံးကို မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။

    • ချွတ်တဲ့အခါ သတိပြုပါ

    သင်လိင်ဆက်ဆံမှု ပြီးဆုံးလို့ ဖြစ်ဖြစ်၊ လိင်ဆက်ဆံချိန် ကြာလို့ နောက်ကွန်ဒုံးတစ်ခုလဲတဲ့အခါဖြစ်ဖြစ် ကွန်ဒုံးကို ချွတ်တဲ့အခါ ကွန်ဒုံးရဲ့ ကွင်းအမာဖက်ကနေ အောက်ကို ဖြည်းဖြည်းချင်းဆင်းပြီး လက်တစ်ဖက်က သင့်လိင်တံကိုကိုင်ပြီး ဆွဲချွတ်ပါ။ ဒီလိုချွတ်တဲ့အခါ ကွန်ဒုံးထဲက အရည်တွေ အပြင်ကို မထွက်စေဖို့ ဂရုစိုက်ပါ။

    • အမှိုက်ပုံးထဲ စွန့်ပစ်ပါ

    ချွတ်ပြီးတဲ့ ကွန်ဒုံးကို ကွင်းအမာဖက်ကနေ ပိတ်ချည်ပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ပါ။ စွန့်ပစ်ပြီးတဲ့နောက် သင့်လက်ကို ဆပ်ပြာ ရေတို့နဲ့ သေချာသန့်စင်ပါ..။

    • နှစ်ထပ်မသုံးပါနဲ့

    တချို့တွေ လွဲမှားစွာ ယူဆကြတာက ကွန်ဒုံးနှစ်ထပ်သုံးရင် ပိုအန္တရာယ်ကင်းမယ်လို့ ထင်ကြတာပါပဲ။ လက်တွေ့မှာတော့ ဒါက ပိုမကာကွယ်နိုင်တဲ့အပြင် ကွန်ဒုံးကို ပိုပေါက်လွယ်စေတာမို့ မလုပ်သင့်ပါဘူး။

    တကယ်လို့ သင်နဲ့ သင့်အဖော်က နောက်တစ်ကြိမ်လိင်ဆက်ဆံဖို့ ဆန္ဒရှိနေတယ်ဆိုရင် နောက်ထပ် ကွန်ဒုံးအသစ်ကိုသုံးပါ။  သုက်ရည်ထွက်ထွက်မထွက်ထွက်၊ဘယ်အချိန် လိင်ဆက်ဆံမှုကိုလုပ်လုပ် ကွန်ဒုံးအသစ်ကိုသာ သုံးပါ။ ဒါမှသာ အန္တရာယ်နည်းပါးတဲ့ လိင်ဆက်ဆံမှုကို သင်ပိုင်ဆိုင်နိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement