ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆေးပေးခါနီးရင် ဆေးမတည့်တာ ရှိလား။ စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိလဲဆိုပြီး မေးတာ ကြုံဖူးမှာပါ။ ဘာလို့လဲဆိုတော့ ဆေးတွေက အချင်းချင်း ဓာတ်ပြုနိုင်လို့ပါပဲ။ တချို့ဆေးတွေက တွဲသောက်မိရင် အချင်းချင်း ဓာတ်ပြုပြီး တစ်ခုက နောက်တစ်ခုရဲ့ ဆေးအာနိသင်ကို ပိတ်လိုက်တာမျိုး ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဒီဆေးကို ခန္ဓာကိုယ်က မချေဖျက်နိုင်အောင် တားလိုက်တာကြောင့် ဆေးက ကိုယ်ထဲမှာ အကြာကြီး ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို drug interaction လို့ ခေါ်ပါတယ်။
ရာသီစက်ဝန်းကို တွက်ချက်ပါ။