အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

H1N1 Flu (ဝက်တုပ်ကွေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်H1N1 Flu (ဝက်တုပ်ကွေး) ကဘာလဲ။ H1N1တုပ်ကွေး တစ်နည်းအားဖြင့် ဝက်တုပ်ကွေးလို့ခေါ်တဲ့ရောဂါကို H1N1ဗိုင်းရပ်ကြောင့်ဖြစ်ပါတယ်။ ရိုးရိုးတုပ်ကွေးနဲ့အလားတူလက္ခဏာတွေကို ဖြစ်စေတဲ့ အသွင်ပြောင်းတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာစပေါ်လာခြင်းဖြစ်ပြီး လူလူချင်းအဓိကကူးစက်ပါတယ်။ လူတွေမှာ လတ်လလောတွေ့နေရတဲံ ရာသီတုပ်ကွေးဗိုင်းရပ်ဖြစ်ပါတယ်။ ဝက်တွေမှာရှင်သန်ပေမဲ့လည်း ချက်ပြုတ်ထားတဲ့ဝက်သားကိုစားခြင်းဖြင့် ရောဂါမရနိုင်ပါဘူး။ ဝက်တုပ်ကွေးဟာ ၂၀၀၉ခုနှစ်မှာ လူတွေမှာစတင်တွေ့ရှိခဲ့ပြီး ကူးစက်ပျံ့နှံ့မှုကြီးကျယ်တာကြောင့် သတင်းခေါင်းကြီးပိုင်းဖြစ်ခဲ့ပါတယ်။ ကူးစက်ပျံ့နှံ့ရောဂါဆိုတာ တစ်ချိန်တည်းမှာ တစ်ကမ္ဘာလုံးသို့ တိုက်နယ်အများအပြားမှာ ကူးစက်ပြန့်နှံ့ပြီး ဖြစ်ပွားတဲံရောဂါဖြစ်ပါတယ်။ H1N1 Flu (ဝက်တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများH1N1 Flu (ဝက်တုပ်ကွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝက်တုပ်ကွေးရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း ဖျားခြင်း လည်ချောင်းနာခြင်း နှာရည်ယိုခြင်း တစ်ကိုယ်လုံးကိုက်ခဲခြင်း ခေါင်းကိုက်ြခ်င်း ချမ်းတုန်ခြင်း မောပန်းခြင်း ဝမ်းလျှောခြင်း မူးဝြေခ်ငးအော့အန်ခြင်း ရိုးရိုးရာသီတုပ်ကွေးလက္ခဏာတွေနဲ့ အတော်လေးတူပါတယ်။ ရာသီတုပ်ကွေးလိုပဲ ဝက်တုပ်ကွေးကလည်း အဆုတ်ရောင်ခြင်း၊ အဆုတ်ကူးစက်ပိုးဝင်ခြင်းနဲ့ အခြားအသက်ရှူပြဿနာတွေအပါအဝင် ပြင်းထန်တဲ့အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဆီးချိုနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ပိုဆိုးသွေားစေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ […]


ပန်းနာရင်ကျပ်

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုထိန်းချုပ်မလဲ

သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို အချိန်ဘယ်လောက်ကြာကြာထိန်းချုပ်ထားနိုင်မလဲဆိုတာဟာ အချက်အလက်များစွာအပေါ် မူတည်ပါတယ်။ ဥပမာ ကလေးရဲ့ အသက်အရွယ်။ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုအခြေအနေ။ ပန်းနာထတတ်တဲ့ အကြိမ်ရေ။ ဆရာဝန်ညွှန်ကြားတဲ့ကုသမှုအတိုင်း ဘယ်လောက်ထိ အတိအကျလိုက်နာသလဲ စတာတွေပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုတွေအပြင် သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်ဖို့အတွက် သင်ကိုယ်တိုင်ကူညီဆောင်ရွက်ပေးနိုင်တဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။   ဘယ်အကြောင်းအရာတွေက ပန်းနာထစေသလဲ။ အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကိုဖြစ်စေတဲ့အရာတွေက ပန်းနာထစေပါတယ်။ အဖြစ်အများဆုံးအချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ဖုံနဲ့ အမှုန်တွေ (အိမ်ထဲမှာ၊ကောဇောတွေမှာ၊ခေါင်းအုံးတွေမှာ တွေ့ရတတ်တဲ့ ဖုံအမှုန်တွေပေါ့)၊ပန်းဝတ်မှုံတွေ၊တိရ စ္ဆာန်အညစ်အကြေးတွေနဲ့ တံတွေးတွေ၊မှို၊အချို့သော အစားအစာနဲ့ ဆေးဝါးတွေ။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။ မီးခိုးငွေ့၊အခန်းထဲဖြန်းတဲ့ air freshener တွေ၊ရေငွေ့တွေ၊သုတ်ဆေးအမှုန်တွေ၊ဆံပင်ဖြန်းဆေးတွေနဲ့ ရေမွှေးတွေ။ လေ့ကျင့်ခန်းလုပ်ခြင်း။ ရေအေးအေး။ ရာသီဥတုအပြောင်းအလဲ။ ဘယ်အရာ(တွေ)က သင့်ကလေးရဲ့ ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလဲဆိုတာ သိနိုင်ဖို့ အချိန်ပေးပြီးလေ့လာရမှာဖြစ်သလို သင့်ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုလည်း စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အချက်တွေကို သိရှိသွားပြီဆိုတာနဲ့ သူတို့ကို ရှောင်ရှားစေခြင်းအားဖြင့် သင့်ကလေးပန်းနာထခြင်းကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။   ကျောင်းမှာ ပန်းနာထခဲ့ရင် ဘယ်လိုလုပ်မလဲ။ သင့်ကလေးအနေနဲ့ […]


ပန်းနာရင်ကျပ်

ကလေးများတွင်ဖြစ်သောပန်းနာရင်ကြပ်

အဆုတ်ပန်းနာရင်ကြပ်သည် စိတ်ပူရမည့်ရောဂါမျိုးဖြစ်သည်။ ဒီရောဂါသည် ကလေးများ၌ဖြစ်တတ်သော နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါသည်။ လူကြီးများထက် ဖြစ်ပွားနှုန်း ၂ ဆနီးပါးရှိ၏။ (ကလေး ၁၀% ဆို လူကြီး ၅%) ကလေးများတွင်ဖြစ်သော ပန်းနာရင်ကြပ်သည် ရောဂါအမည်တပ်ရာတွင် နောက်ကျတတ်၏။ အထူသဖြင့် အသက် ၂ နှစ်အောက်တွင် ပိုနောက်ကျတတ်သည်။ ထိုကိစ္စသည် ဖြစ်ကိုဖြစ်တတ်တာမျိုးကြောင့် ကုသမှု၏ အာနိသင်ကို ထိခိုက်နိုင်ပါသည်။ ကလေးတက်သွားခြင်း၊ ဆေးရုံတင်ရခြင်းနှင့် တစ်ခါတစ်ရံ အသက်ဆုံးရှုံးခြင်းတို့ထိ ဖြစ်နိုင်ပါသည်။   ပန်းနာရင်ကြပ်ဆိုတာဘာလဲ။ ၎င်းသည် နာတာရှည် လေပြွန်ရောင်ရမ်းနာတစ်မျိုးဖြစ်သည်။ ထိုရောင်ရမ်းခြင်းသည် လေပြွန်အား အမျိုးမျိုးသော လှုံ့စော်မှုများကို အထိမခံဖြစ်စေနိုင်၏။ လေပြွန်မှ ထိုလှုံ့စော်မှုများနှင့်ထိမိသည့်အခါ ဖောင်းကြွလာမည်၊ ကျုံ့လာမည်။ ချွဲများနှင့် ပြည့်လာလိမ့်မည်။ လေပြွန်ပိတ်သွားပြီး ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ အသက်ရှုမဝခြင်းများ ဖြစ်လာ၏။ ပန်းနာရင်ကြပ်ရောဂါသည် မျိုးရိုးလိုက်တတ်ပြီး မကူးစက်တတ်သည့်ရောဂါဖြစ်ပါသည်။   သင့်ကလေးမှာ ပန်းနာရင်ကြပ်ရှိမရှိ ဘယ်လိုသိမလဲ။ ကလေးကိုသတိထားစောင့်ကြည့်ရမည့် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါကြွချိန်များကို ကာကွယ်နိုင်မည့် နည်းလမ်းများ

နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ခံစားနေရသူများမှာ ရောဂါကြွချိန်ဆိုတာရှိပါတယ်။ ဒီလိုအချိန်မှာရောဂါလက္ခဏာများမှာ ယခင်ကထက် ပိုမိုဆိုးရွားတတ်ပြီး ကူးစက်ရောဂါပိုးများ ဝင်ရောက်နိုင်ချေ ယခင်ကထက်များပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဆေးရုံတက်ပြီး ကုသမှုခံယူရမှာဖြစ်ပါတယ်။ ရောဂါကြွချိန် အကြိမ်အရေအတွက်များလာတာနှင့်အမျှ လူနာရဲ့ အခြေအနေမှာ ပိုမိုဆုတ်ယုတ်သွားတတ်ပါတယ်။ ကံအားလျော်စွာ ရောဂါကြွချိန်များ လျော့နည်းလာအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများရှိပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါဆိုတာဘာလဲ။ ရောဂါကြွနေချိန်ကို ဘယ်လိုသိရှိနိုင်မလဲ။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါမှာ အမျိုးသားရော အမျိုးသမီးတွင်ပါ ဖြစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါမှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင်အပါအဝင် သင့်မိသားစုဝင်များဟာ မိမိတို့ရဲ့ အဆုတ်ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။ နာတာရှည်အဆုတ်ပြွန်ရောင်ရောဂါ ကိုဖြစ်စေတဲ့ အဓိက တွေ့ရအများဆုံး အကြောင်းအရင်းက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ နာတာရှည်အဆုတ်လေပြွန်ရောင်ရောဂါ ဖြစ်ပွားအောင် ပိုမိုအားပေးတဲ့ အကြောင်းအရာများကတော့ · ဆေးလိပ်သောက်သူ (သို့) အသက် (၄၀)နှစ်ကျော်သည်အထိဆေးလိပ်သောက်ခဲ့ဖူးသူဖြစ်ခြင်း · မိသားစုဝင်များတွင် နာတာရှည […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မောခြင်းက အဆုတ်ရောဂါရဲ့ အဖြစ်အများဆုံးလက္ခဏာ တစ်ခု ဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးအားနည်းရောဂါ၊ ဟော်မုန်းပြဿနာတွေလည်း မောနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ အဆုတ်ရောဂါကြောင့် မောတာကို အဓိကထားပြီး ပြောပါမယ်။ မောခြင်းကို ကုသတဲ့အခါ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ကုသရပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ မောခြင်းကို ဘယ်လိုဖြေရှင်းမလဲ ဆိုတော့ ဆေးလိပ်ဖြတ်ပါ။ သင်က ဆေးလိပ်သောက်သူဆိုရင် မောတာကို သက်သာဖို့ အရေးအကြီးဆုံးပြောင်းလဲသင့်တဲ့ အချက်ကတော့ ဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း ၂-၃ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အဆုတ်ရဲ့ စွမ်းဆောင်ရည်က ဆေးလိပ်ဖြတ်လိုက်ရင် ပြန်ကောင်းလာတတ်ပါတယ်။ ဒါကြောင့် COPDလို့ခေါ်တဲ့ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းလူနာတွေမှာ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ လက္ခဏာတွေ ပြန်ကောင်းလာတာဖြစ်ပါတယ်။ လေ့ကျင့်ခန်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) ကဘာလဲ။ မီးလောင်မှုဖြစ်ပွားရာတွင် သေဆုံးရခြင်း၏ အကြောင်းများအနက် လောင်ကျွမ်းရာမှ ထွက်လာသည့် မီးခိုးငွေ့ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ပြီး သေဆုံးခြင်းသည် အများဆုံးဖြစ်သည်။ အပူကြောင့် ပစ္စည်းများလျှင်မြန်စွာ လာင်ကျွမ်းခြင်းကို မီးလောင်ခြင်းဟုခေါ်သည်။ မီးခိုးငွေ့ ဆိုသည်မှာ အပူကြောင့်ဖြစ်သော အမှုန်များနှင့် ဓါတ်ငွေ့များပေါင်းစပ်ထားခြင်းဖြစ်ပြီး မီးခိုးငွေ့တွင် ပါဝင်သော အမှုန်များကို မျက်စိနှင့် မမြင်နိုင်ပါ။ ပစ္စည်များ အပူနှင့် ထိတွေ့ရာမှ ဖြစ်ပေါ်လာသော အရာများနှင့် လေထဲမှအောက်ဆီဂျင်များ သည်မီးလောင်သော အခါ မီးခိုးငွေ့ အဖြစ်သို့ပြောင်းလဲသွားသည်။ Inhalation Injury (အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မီးလောင်ခြင်းကြောင့် သေဆုံးရသူများ၏ ၅၀- ၈၀ % သည် မီးလောင်နာကြောင့် သေဆုံးခြင်းထက် မီးခိုးငွေ့များကို ရှုမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်ခြင်းကြောင့် သေဆုံးခြင်းပိုဖြစ်ကြောင်းတွေ့ရသည်။ သို့သော် ထိုဖြစ်စဉ်ကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Byssinosis (ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကဘာလဲ။ ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါသည် ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များပြုလုပ်သော စက်ရုံ အလုပ်ရုံများရှိအလုပ်သမားများတွင် ဖြစ်သောရောဂါဖြစ်ပြီး Monday fever, brown lung disease, mill fever or cotton workers’ lung စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ထိုရောဂါဖြစ်ပွား မှုနှုန်းသည် ဥရောပတွင် ကျဆင်းလာသော်လည်း ကမ္ဘာအနှံ့တွင်မူ ဖြစ်နှုန်းပိုများလာကြောင်း တွေ့ရသည်။ ထိုရောဂါသည် ချည်ကို အပ်ချည် နှင့် အခြားအသုံးအဆောင်များ ပြုလုပ်သောစက်ရုံများရှိအလုပ်သမားများတွင်သာ တသတ်မတ်တည်းဖြစ်ခြင်း မျိုးမဟုတ်ပါ။ ထိုရောဂါသည် အဖြစ်များသော အဆုတ်ရောဂါမဟုတ်ပါ။ ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များမှ အမှုန်များကိုရှုမိလျှင်ဖြစ်သောကြောင့် အညိုရောင်အဆုတ်ရောဂါဟုလည်း ခေါ်ကြသည်။ ထိုရောဂါသည် အလုပ်လုပ်ရင်းဖြစ်သောရင်ကျပ်ပန်းနာရောဂါဖြစ်ပြီး အမေရိကတွင်မူ အဓိကအားဖြင့် ဝါဂွမ်းနှင့်အဓိကထိတွေ့ရသော လုပ်သားများတွင် အဖြစ်များပြီး ဝါဂွမ်းထုတ်များကို ဖြေရသည့် ပထမအဆင့်တွင် […]


ရာသီတုပ်ကွေး

H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) ကဘာလဲ။ H7N9 တုပ်ကွေးရောဂါသည် တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပုံမှန်အားဖြင့် လူများတွင် ထိုဗိုင်းရပ်စ်ကို မတွေ့ရဘဲ ဌက်များတွင်တွေ့ရပါသည်။ H7N9 တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်မျိုးကွဲများစွာရှိသည့်အနက် တရုတ်ပြည်တွင် ဖြစ်သွားခဲ့သော H7N9 တုပ်ကွေးရောဂါသည် အသွင်မတူညီသော ဗိုင်းရပ်စ်မျိုးကွဲ အသစ်တခုကြောင့် လူနှင့် ဌက်များအားကူးစက်ခြင်းဖြစ်ကြောင်းတွေ့ရသည်။ H7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ H7N9 တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင် ပြီး အသက် ၆၀ကျော်လျှင် ပိုဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများH7N9 Flu (အိပ်ခ်ျဆဲလ်ဗင်းအန်နိုင်း တုပ်ကွေးရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါကူးစက်ခံရပြီး ၂ရက်မှ ၈ ရက်အတွင် ရောဂါလက္ခဏာများစတင်နိုင်ပါသည်။ ယင်းတို့သည် ဖြစ်နေကျ […]


ရာသီတုပ်ကွေး

H5N1 Influenza (ကြက်ငှက် တုပ်ကွေး)

အဓိပ္ပါယ်ဖွင့်ဆိုချက်H5N1 Influenza (ကြက်ငှက် တုပ်ကွေး) ကဘာလဲ။ H5N1 တုပ်ကွေးရောဂါသည် ကြက်ငှက်များတွင်ဖြစ်သော ပြင်းထန်သည့် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါမဖြစ်သည်။ ကြက်ငှက်တုပ်ကွေးကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများစွာရှိသော်လည်း H5N1 နှင့် H7N9 ဗိုင်းရပ်စ်ပိုးများသည် ဆရာဝန်များ အထူးဂရုထားသော ရောဂါပိုးများဖြစ်ပါသည်။ ထိုဗိုင်းရပ်စ်ပိုးများကို ငှက်ရိုင်းများတွင် စတွေ့ရပြီး ထိုရောဂါဖြစ်စော ကြက်၊ ငှက်၊ ဘဲများကို ဘူတို့စားသုံးမိရာမှ လူတို့တွင် ကူးစက်ပြီး သေစေနိုင်ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် H5N1 ရောဂါဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဘဂ်လားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ ဖြစ်သည်။ H5N1 Influenza (ကြက်ငှက် တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ H5N1 တုပ်ကွေး သည် ငှက်များတွင် အဖြစ်များပြီး အမြစ်ပျောက်အောင်နှိမ်နင်းရန် ခက်ခဲသော ရောဂါဖြစ်သည်။ ထို့ပြင် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ H7N9 […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကဘာလဲ။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် အဖြစ်များသောရောဂါဖြစ်ပြီး ၎င်းတွင် နှာခေါင်းလမ်းကြောင်းပတ်ပတ်လည်ရှိ လေအိတ်ခေါင်းများ ရောင်ရမ်း ထကြွခြင်းသည် ကုသမှုခံယူနေသော်လည်း ၁၂ ပတ်ထိ ဖြစ်ပွားနိုင်ပါသည်။ နာတာရှည် နှာစေးနှာပိတ်ခြင်းဟုလဲခေါ်ပြီး နှာရည်စီဆင်းခြင်းကိုနှောက်ယှက်ကာ အကျိအချွဲများကို စုပုံစေနိုင်ပါသည်။ နှာခေါင်းပေါက်ဖြင့် အသက်ရှူရခက်နိုင်ပါသည်။ မျက်လုံးပတ်ပတ်လည်နှင့် မျက်နှာတစ်ဝိုက်တွင် ရောင်ခြင်းများ ခံစားရနိုင်ပြီး မျက်နှာနာကျင်ခြင်းများကိုလည်း ခံစားရနိုင်ပါသည်။ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် ပိုးကူးစက်ခြင်း၊ လေအိတ်ခေါင်းများမှ အသားပိုများ သို့မဟုတ် နှာနုရိုးနေရာလွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဒီအခြေအနေကို လူငယ်များ သက်လတ်ပိုင်းများတွင် အတွေ့ရများသော်လည်း ကလေးငယ်များတွင်ပါ ဖြစ်တတ်ပါသည်။ Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်