အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

Asthma (ပန်းနာရင်ကျပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Asthma (ပန်းနာရင်ကျပ်ရောဂါ) ကဘာလဲ။ ပန်းနာရင်ကျပ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းနေမှုကြောင့် သင့်ရဲ့အဆုတ်မှာ ဝင်လေ၊ ထွက်လေ ကန့်သတ်မှုရှိနေတဲ့ရောဂါဖြစ်ပါတယ်။ ၎င်းက ချွဲသလိပ်သံနဲ့ အသက်ရှူရခြင်း(အသက်ရှူတဲ့အခါ တရွှီရွှီမြည်နေခြင်း)၊ ရင်ဘတ်ထဲမွန်းကျပ်နေခြင်း၊ အသက်ရှူမဝခြင်း(ပြတ်တောင်းပြတ်တောင်းအသက်ရှူရခြင်း)၊နဲ့ ချောင်းဆိုခြင်းတို့ ထပ်ကာတလဲလဲ ဖြစ်လာတတ်တဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။ ပန်းနာ ရင်ကျပ်ကို အရှင်းပျောက်ကင်းစေနိုင်တဲ့ဆေးမရှိပေမယ့် သင့်အနေနဲ့ ပုံမှန်အတိုင်း ကျန်းမာတဲ့ဘဝတစ်ခု ပိုင်ဆိုင်စေဖို့ ဒီရောဂါကို ပြုပြင်ကုသနိင်ပါတယ်။ Asthma (ပန်းနာရင်ကျပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကမ္ဘာတလွှားက အသက်အရွယ်မရွေး လူဦးရေသန်း၃၀၀ခန့်ဟာ ပန်းနာရင်ကျပ်ရောဂါခံစားနေရပါတယ်။ ဒီရောဂါက ကလေးဘဝမှာ စတင် ဖြစ်ပွားလာတာများပါတယ်။ လက္ခဏာများAsthma (ပန်းနာရင်ကျပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ • ချောင်းဆိုးတာရှည်ခြင်း • အသက်ရှူသံတရွှီရွှီမြည်ခြင်း • အသက်ရှူမဝခြင်း • ရင်ဘတ်အောင့်လာတဲ့အထိ ရင်ကျပ်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါလက္ခဏာတွေ သင့်မှာ ဒါမှမဟုတ် သင့်ကလေးမှာ စတင်ခံစားနေရပြီဆိုတာနဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြဖို့အကြံပြုလိုပါတယ်။ အကြောင်းရင်းများAsthma (ပန်းနာရင်ကျပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ • ဓါတ်မတည့်မှုဖြစ်စေတဲ့အရာများ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကဘာလဲ။ Pneumothorax (နျူမိုသောရပ်စ်) ဟာ အဆုတ်နဲ့ ရင်ဘတ်နံရံအတွင်းကို လေဝင်တဲ့ အခါမှာ ဖြစ်ပွားပါတယ်။ Pneumothorax နှစ်မျိုး ရှိပါတယ်။ အကြောင်းမဲ့ဖြစ်သော Pneumothorax – အရင်က မဖြစ်ဖူးပဲ ကျန်းမာနေတဲ့သူတွေမှာ ရုတ်တရက်ဖြစ်ပွားခြင်း နောက်ဆက်တွဲဖြစ်သော Pneumothorax – အဆုတ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်ပွားခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သေသေချာချာ မကုသနိုင်ဘူးဆိုရင် ဒီရောဂါကြောင့် သေဆုံးနိုင်ပါတယ်။ Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ အဖြစ်များပြီး ပိန်ပြီး အရပ်ရှည်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Pneumothorax […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Cryptococcosis (မှိုတစ်မျိုးကို ရှူသွင်းမိခြင်းကြောင့်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cryptococcosis ကဘာလဲ။ Cryptococcosis ဆိုသည်မှာ Cryptococcus neoformans ဟုခေါ်သော မှိုတစ်မျိုးကို ရှူသွင်းမိခြင်း ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကျန်းမာသော သူများတွင် ဤရောဂါဖြစ်ပွားခြင်းမှာ ရှားပါးပြီး ထိုရောဂါ သည် ကိုယ်ခံအားစနစ် ချို့ယွင်းမှု ရှိသူများတွင် ပို၍ဆိုးရွား နိုင်ပါသည်။ ထိုမှိုကူးစက်မှုကို တိုက်ခိုက်နိုင်စွမ်းမရှိသော ကြောင့်ဖြစ်သည်။ Cryptococcosis က ဘယ်လောက်အဖြစ်များသလဲ C.neoformans ကူးစက်ခံရမှုသည် ကျန်းမာသောသူများ တွင် အလွန်ဖြစ်ခဲပါသည်။ C.neoformans ကူးစက်ခံရမှု အ များစုသည် အထူးသဖြင့် HIV/AIDS ရှိသော ကိုယ်ခံအား စနစ် အားနည်းသူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများCryptococcosis ရဲ့လက္ခဏာတွေကဘာတွေလဲ ကျန်းမာသော […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကဘာလဲ မှိုပိုး အဆုတ်ရောင်ရောဂါ (Fungal pneumonia ) မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုဖြစ်နေချိန်တွင်ခုခံအားကျ၍ မှိုပိုးအခွင့်ကောင်းယူကာ ဝင်ရောက်လာခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါစွဲကပ်ခြင်းဟာ အမှုန်တွေ၊ conidia တွေ ရှူမိခြင်း သို့ အောင်းနေတဲ့ ရောဂါပြန်ထခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ Fungal pneumonia(မှိုပိုး အဆုတ်ရောင်ရောဂါ )ကိုရောဂါရှာဖွေခြင်းဟာ ခက်ပါတယ်၊ ပြီးတော့ ရောဂါရှာဖွေရာမှာလည်းယုတ္တိတန်တဲ့ အခြေခံစစ်ဆေးမှုတွေနှင့် သာ ရှာဖွေရပါတယ်။ လက်တွေ့စစ်ဆေးမှုတွေ၊ ဓါတ်မှန်ပညာတွေ၊နှင့် အနုကြည့်စစ်ဆေးမှုတွေ ပါဝင်ပါတယ်။ Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဒီကျန်းမာရေး အခြေအနေက အဖြစ်နည်းပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေ လျှော့ချခြင်းဖြင့် ကုသလို့ရပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး) ကဘာလဲ။ လေပြွန်ရောင်ခြင်း ဆိုသည်မှာ ကလေးများတွင် အဓိက ဖြစ်သော အသက်ရှူလမ်းကြောင်း ရောဂါပိုးကူးစက်မှု တစ် မျိုး ဖြစ်ပါသည်။ ထိုရောဂါသည် အသံအိုးနှင့် အဆုတ်တွင်း သို့ ဝင်သွားသော လေပြွန်ကို ယားယံစေပြီး ရောင်စေ ပါသည်။ ပြင်းထန်စွာ ချောင်းဆိုးခြင်းကိုလည်း ဖြစ်စေပါ သည်။ ကြာရှည်စွာ လေပြွန်ရောင်ပါက အဆုတ်ရောင် ရောဂါ သို့မဟုတ် အဆုတ်တွင် ပြင်းထန်သော ဘတ်တီးရီးယား ကူးစက်ခြင်း တို့ဖြစ်နိုင်ပါသည်။ Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ လေပြွန်ရောင်ခြင်းသည် အဖြစ်များပါသည်။ အသက် ၆ လနှင့် ၃နှစ်ကြား ကလေးငယ်များတွင် အများအားဖြင့် ဖြစ် ပွားပါသည်။ အသက် ၁နှစ် အရွယ်တွင် အဖြစ်အများဆုံး ဖြစ် […]


ရာသီတုပ်ကွေး

Influenza (တုပ်ကွေးမိခြင်း )

အဓိပ္ပာယ်ဖွင့်ဆိုချက် Influenza (တုပ်ကွေးမိခြင်း ) ကဘာလဲ။ တုပ်ကွေး ဆိုသည်မှာ အဖြစ်များသော အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ နှစ်စဉ် တုပ်ကွေးဖြစ်မှုပေါင်း ၁၀-၁၅ ရာခိုင်နှုန်းရှိပြီး လူပေါင်း ၂၅၀၀၀၀- ၅၀၀၀၀၀ လောက် ရောဂါခံစားနေကြပါသည်။ တုပ်ကွေးသည် လျင်မြန်စွာ စတင်ဖြစ်ပွားပြီး ၇-၁၀ ရက် အတွင်း ပျောက်သွားနိုင်ပါသည်။ သို့သော် အဆင့်မြင့်သော တုပ်ကွေးရောဂါပိုး ကူးစက်သောသူများတွင် အန္တရာယ် ရှိနိုင်ပါသည်။ လူအတော်အများတွင် တုပ်ကွေးသည် ရုတ်တရက် စဖြစ်တတ်ပြီး ၇-၁၀ လောက် ကြာကာ ပျောက်ကင်း သွား ပါသည်။ လူအများစုသည် လုံးဝပြန်လည်ကျန်းမာလာပါသည်။ သို့သော်လည်း အသက်ကြီးသူများ၊ ကလေးငယ်များနှင့် ကိုယ်ခံအား အားနည်းသူများတွင် ပြင်းထန်နိုင်ပြီး ဆိုးကျိုးများကြောင့် သေဆုံးနိုင်ပါသည်။ Influenza (တုပ်ကွေးမိခြင်း ) က ဘယ်လောက်အဖြစ်များသလဲ တုပ်ကွေးသည် အလွန်အဖြစ်များပြီး […]


အဆုတ်ပွရောဂါ

Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) ကဘာလဲ။ Mycoplasma ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ သည် အဆုတ်အားရောဂါပိုးကူးစက်မှုတစ်မျိုးဖြစ်သည်။ ဤ ရောဂါသည် Mycoplasma pneumoniae ကြောင့် ဖြစ်ပွား ပါသည်။ ဤရောဂါသည် ထုံးစံမဟုတ်သော အဆုတ်ရောင် ခြင်းတစ်မျိုးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် အခြား ဗိုင်းရပ်စ် ကူးစက်မှုကြောင့်ဖြစ်သော အဆုတ် ရောင်ခြင်း၏ ရောဂါလက္ခဏာများ ရှိသောကြောင့် ဖြစ်ပါ သည်။ Mycoplasma Pneumonia (Mycoplasma ကပ်ပါးပိုး ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အသက်၄၀ အောက်လူများတွင် အဖြစ် များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချ ခြင်းဖြင့် ရောဂါ ဖြစ်ပွားခြင်းကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကဘာလဲ။ Cystic fibrosis (CF) ဆိုသည်မှာ ချွေးနှင့် အချွဲအကျိများ ထွက်သောဆဲလ်များကို ထိခိုက်စေသော ဘဝတစ်လျှောက် လုံးဖြစ် သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အချွဲအကျိသည် အမြှေးပါးများကို ချောမွတ်ပြီး ကာကွယ်ပေးသော ချောသော အတော်အတင့် စေးကပ်သော အရည်တစ်မျိုး ဖြစ်ပါသည်။ CF အချွဲအကျိသည် ပုံမှန်မဟုတ်စွာ ထူပြီး စေးကပ်ပါသည်။ အဆုတ်အား ပိတ်ဆို့စေပြီး အဆုတ် ရောဂါပိုးကူးစက်မှုကို ဖြစ်စေပါသည်။ CF သည် ကို လည်း ထိခိုက်စေကာ အစာခြေရန် လိုအပ်သော အင်ဇိုင်းဟုခေါ်သည့် အထူးဓါတု ပစ္စည်းများ ထုတ်လုပ်မှုကို ခက်ခဲစေပါသည်။ အင်ဇိုင်းများ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား

လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။ streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာကတော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်လို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာက သူ့ဘာသာ အလွယ်တကူပျောက်သွားတတ်တဲ့ဝေဒနာဆိုပေမယ့် ဂရုတစိုက်မရှိဘူးဆိုရင်တော့နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာတွေအဖြစ်ကို ကူးပြောင်းသွားနိုင်ပြီး မခံမရပ်နိုင်အောင်လည်ချောင်းနာတာ၊ပြည်တည်တာ၊ အသံမထွက်နိုင်တော့တာနဲ့ အသက်ရှူကြပ်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိနိုင်မလဲ။ လည်ချောင်းနာခြင်းလက္ခဏာတွေက ရောဂါအကြောင်းရင်းကိုမူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ များသောအားဖြင့် - လည်ချောင်းထဲမှာ နာနေ၊ယားနေသလို ခံစားနေရခြင်း မျိုချရင်၊ စကားပြောရင် ပိုနာကျင်ခြင်း အစာ သို့မဟုတ်ရေမျိုချရခက်ခြင်း လည်ပင်း သို့မဟုတ်မေးရိုးအောက် ဂလင်းတွေရောင်ရမ်းခြင်း၊နာကျင်ခြင်း အာသီးရောင်ခြင်း အာသီးမှာ အဖြူဖတ်လေးတွေဖြစ်ခြင်း သို့မဟုတ်ပြည်တည်ခြင်း အသံဝင်ခြင်း တို့ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာစေတဲ့ တချို့အကြောင်းရင်းတွေကတော့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အပါအဝင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် လည်ချောင်းနာရတာလဲ

ဘာတွေကြောင့် လည်ချောင်းနာဖြစ်စေတာလဲ လည်ချောင်းနာပြီဆို ဖျားတော့မယ့်လက္ခဏာလို့ သိထားကြပါတယ်။ ဆားရည်လေးငုံပြီးပလုပ်ကျင်းကြတာပဲ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ခုကတော့ လည်ချောင်းနာဝေဒနာအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ အအေးမိနဲ့ တုပ်ကွေးတို့လို အဲဒီပိုးမျိုးကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က သဘာဝအလျောက် ခုခံတိုက်ဖျက်ပေးမှာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေးတွေမလိုပါဘူး။ လည်ချောင်းနာတာ ကြာရှည်ပြီး ဗိုင်းရပ်စ်ကနေ ဘက်တီးရီးယားတွေဝင်လာပြီဆိုရင်တော့ ရောဂါပိုးကိုတိုက်ထုတ်နိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်းပေးလိုက်တဲ့ ပဋိဇီဝဆေးတွေကိုဆေးပတ်လည်အောင်သောက်ရပါမယ်။ လည်ချောင်းနာဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် - ဗိုင်းရပ်စ်ပိုး - အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားများစွာ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လည်ချောင်းနာစေတာအဖြစ်များပါတယ်။ ဘက်တီးရီးယားပိုး -ဘက်တီးရီးယားကူးစက်ခံရခြင်းက အာသီးပြည်တည်ခြင်း၊ ဆုံဆို့နာ၊ အသံအိုးဖုံးရောင်ရမ်းခြင်း၊အာသီးရောင်ခြင်း၊လည်ချောင်းနာခြင်းဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်ဓာတ်များ/ပြင်ပအကြောင်းရင်းခံများ -ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊လေထုထဲကပါလာတဲ့ဓာတုပစ္စည်းတွေလိုမျိုး ဓာတ်ပစ္စည်းတွေက လည်ချောင်းနာစေပါတယ်။ ဓာတ်မတည့်မှု၊ ချောင်းဆိုးခြင်း၊ အစာချေရည်ပြန်ဆန်တက်ခြင်း(GERD) နဲ့အကျိတ်တို့လို ကျန်းမာရေးအခြေအနေတချို့ကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။ ထိခိုက်မှု […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း