Cryptococcosis ဆိုသည်မှာ Cryptococcus neoformans ဟုခေါ်သော မှိုတစ်မျိုးကို ရှူသွင်းမိခြင်း ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကျန်းမာသော သူများတွင် ဤရောဂါဖြစ်ပွားခြင်းမှာ ရှားပါးပြီး ထိုရောဂါ သည် ကိုယ်ခံအားစနစ် ချို့ယွင်းမှု ရှိသူများတွင် ပို၍ဆိုးရွား နိုင်ပါသည်။ ထိုမှိုကူးစက်မှုကို တိုက်ခိုက်နိုင်စွမ်းမရှိသော ကြောင့်ဖြစ်သည်။
C.neoformans ကူးစက်ခံရမှုသည် ကျန်းမာသောသူများ တွင် အလွန်ဖြစ်ခဲပါသည်။ C.neoformans ကူးစက်ခံရမှု အ များစုသည် အထူးသဖြင့် HIV/AIDS ရှိသော ကိုယ်ခံအား စနစ် အားနည်းသူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
ကျန်းမာသော သူများတွင် မှိုကူးစက်သော်လည်း ရောဂါ လက္ခဏာ မပေါ်ပါ။ ကူးစက်မှုသည် ကိုယ်ခံအားစနစ် အား နည်းသူများ၏ ဦးနှောက်ဆီသို့ ပျံ့နှံ့သွားပါသည်။ အာရုံကြော (ဦးနှောက်) ဆိုင်ရာ လက္ခဏာများ ဖြည်းညင်းစွာ ပေါ်လာပါ သည်။ ကူးစက်ခံရသော လူအများစုသည် ရောဂါ စစ်ဆေး အဖြေရှာသော အခါ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမ ရောင်ခြင်း ရှိပါသည်။ အခြား ရောဂါလက္ခဏာများမှာ
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
ဤရောဂါဖြစ်စေသော မှိုသည် Cryptococcus neoformans ဖြစ်ပါသည်။ ၎င်းတို့သည် များသောအားဖြင့် မြေ ကြီးထဲတွင် တွေ့ရပါသည်။ ၎င်းတို့ကို ရှူသွင်းမိသော အခါ အဆုတ်ကို ထိခိုက်စေပါသည်။ ရောဂါပိုးကူးစက်မှု သည် သူ့အလိုလိုသက်သာ သွားနိုင်ပါသည်။ အဆုတ်တွင် သာ ကျန်ရှိပြီး သို့မဟုတ် ခန္ဓါကိုယ်အနှံ့ ပျံ့နှံ့သွားခြင်း ဖြစ်နိုင်ပါသည်။ ရောဂါပိုးကူးစက်မှုသည် ကိုယ်ခံအားစနစ် အားနည်း သောသူများတွင် အများဆုံး တွေ့ရပါသည်။ Cryptococcus သည် AIDS ရှိသောသူများတွင် အသက်အန္တရာယ် ရှိနိုင် သော အဖြစ်များသည့် မှိုကူးစက်မှု ဖြစ်ပါသည်။
ရောဂါပိုးကူးစက်မှုသည် ကိုယ်ခံအားစနစ် အားနည်းသူ များတွင် မကြာခဏတွေ့ရပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် Cryptococcus ကို ခန္ဓါကိုယ်စစ်ဆေး ခြင်း နှင့် အောက်ပါအခြားစစ်ဆေးမှုများဖြင့် အတည်ပြု အဖြေရှာနိုင်ပါသည်။
အချို့ရောဂါကူးစက်မှုသည် ကုသရန် မလိုပါ။ သို့သော် ရောဂါကူးစက်မှုသည် မပျံ့နှံ့တော့သည်ကို သေချာရန် တစ် နှစ်ပတ်လုံး ပုံမှန် စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ အဆုတ် ပျက်စီးခြင်း သို့မဟုတ် ရောဂါပျံ့နှံ့ခြင်း ဖြစ်ပါက မှိုကို နိုင် သော ဆေးများ သောက်ရန် ညွှန်ကြားပါလိမ့်မည်။ ထိုဆေး များသည် အချိန်ကြာစွာသောက်ရန် လိုအပ်ပါသည်။ ဆေးများမှာ-
Amphotericin B သည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Cryptococcosis ကို ထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။