backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)

နာတာရှည် လေပြွန်ကျဉ်းရောဂါ (Chronic obstructive pulmonary diseases) ဆိုတာ လေပြွန်ကို ကျဉ်းစေပြီး အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုပဲ ဖြစ်တယ်။ ဒီရောဂါရှိတဲ့ လူနာများဟာ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးတတ်ပါတယ်။ အဓိကရောဂါ၂မျိုး ရှိပါတယ်။ ဒါပေမယ့် COPDရှိသူဟာ အဲဒီပြဿနာ၂မျိုးလုံး ရှိတတ်ကြပါတယ်။

  • နာတာရှည် လေပြွန်ရောင်ခြင်း – အဆုတ်လေပြွန် နံရံတလျှောက်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။
  • အဆုတ်လေအိတ်များပျက်စီးခြင်း – အဆုတ်လေအိတ်တွေဟာ တဖြည်းဖြည်းပျက်စီးလာတတ်ပြီး အသက်ရှူရခက်ခဲစေပါတယ်။

နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာတွေကဖြစ်စေတာလဲ

အဓိကက အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ပုံမှန်ရှူသွင်းနေရာက ကြာလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • ဆေးလိပ်ငွေ့များ (တဆင့်ခံဆေးလိပ်ငွေ့များ အပါအဝင်)
  • ဓာတုဓာတ်ငွေ့များ
  • အမှုန်များ
  • အိမ်တွင်း လေထုညစ်ညမ်းခြင်း (ညှော်နံ့များ)
  • ပြင်ပလေထုညစ်ညမ်းခြင်း
  • လုပ်ငန်းခွင်မှ အမှုန်များ၊ ဓာတုငွေ့များ
  • ကလေးဘဝတွင် အသက်ရှူလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့လက္ခဏာတွေက ဘာတွေလဲ

အသက်ရှူလမ်းကြောင်းပြသနာဖြစ်တာကြောင့် အသက်ရှူရာမှာ မကြာခဏ အခက်အခဲဖြစ်စေပါတယ်။ အောက်ပါလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

  • အချိန်ကာလကြာမြင့်စွာ ချောင်းဆိုးခြင်း
  • အဖြူရောင်၊ အဝါရောင်ရင့်ရင့် (သို့) အစိမ်းရောင် သလိပ်များထွက်ပြီး ချောင်းဆိုးခြင်း (တစ်ခါတရံ သွေးမျှင်လေးတွေပါ ပါတတ်ပါတယ်)
  • အသက်ရှူလမ်းကြောင်း မကြာခဏ ပိုးဝင်ခြင်း
  • အသက်ရှူရခက်ခြင်း (အထူးသဖြင့် ကိုယ်လက်လှုပ်ရှားချိန်)
  • ရင်ဘတ်တင်းကျပ်ခြင်း
  • အသက်ရှူစဉ် တရွှီရွှီမြည်ခြင်း
  • အားမရှိခြင်း
  • ချမ်းတုန်ဖျားခြင်း

နာတာရှည် လေပြွန်ကျဉ်းရောဂါ ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဖြစ်နိုင်ခြေမြင့်စေပါတယ်။

နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ သင့်ကို ဆေးလိပ်ငွေ့တွေ၊ အဆုတ်ကို အန္တရာယ်ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုရှိလား မေးပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေ ရှိမရှိ နားကြပ်နဲ့ နားထောင်ပါလိမ့်မယ်။

  • အဆုတ်လုပ်ငန်းစစ်ဆေးခြင်း –  လေဘယ်လောက် ရှူသွင်းနိုင်သလဲ၊ ဘယ်လောက်မြန်မြန်ရှူနိုင်လဲ၊ သွေးထဲကို အောက်ဆီဂျင်ဘယ်လောက် ရောက်သလဲ စတဲ့အချက်တွေ စစ်ဆေးခြင်း ဖြစ်ပါတယ်။
  • လေမှုတ်ကိရိယာဖြင့်စစ်ဆေးခြင်း –  အသက်ပြင်းပြင်းရှူပြီး ဘယ်လောက်ထိ ပြန်မှုတ်ထုတ်နိုင်လဲ တိုင်းတာတဲ့ ကိရိယာဖြစ်ပါတယ်။
  • ရင်ဘတ်ဓာတ်မှန် (သို့) စီတီရိုက်ခြင်း – ရင်ဘတ်ထဲက အဆုတ်၊ နှလုံး ပုံရိပ်တွေအပြင် COPD ရဲ့ လက္ခဏာတွေပါ တွေ့နိုင်ပါတယ်။
  • သွေးလွှတ်ကြောတွင်းမှာ ဓာတ်ငွေ့ စစ်ဆေးခြင်း –  အောက်ဆီဂျင်ပါဝင်မှုကို စစ်ဆေးပါတယ်။

နာတာရှည် လေပြွန်ကျဉ်းရောဂါ ကို ဘယ်လိုကုသပါသလဲ

COPD ကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပေမယ့် သက်သာအောင်တော့ ပြုလုပ်နိုင်ပါတယ်။ ကုသခြင်းရဲ့ ရည်မှန်းချက်တွေကတော့

  • ဝေဒနာများကို သက်သာစေရန်
  • ရောဂါဆိုးရွားလာမှုကို နှေးကွေးစေရန်
  • လှုပ်ရှားတက်ကြွစွာ နေထိုင်နိုင်စေရန်
  • နောက်ဆက်တွဲပြသနာများ ကာကွယ်ကုသနိုင်ရန်ပဲ ဖြစ်ပါတယ်။

ဆေးဝါးများ

  • လေပြွန်ကျယ်စေသောဆေးများ –  အသက်ရှူလမ်းကြောင်းကို ကျယ်စေပြီး အသက်ရှူရပိုမိုလွယ်ကူစေဖို့ ဖြစ်ပါတယ်။
  • လေပြွန်ကျယ်စေသော ဆေးများနဲ့ ကော်တီကိုစတီးရွိုက်ဆေးများ ပေါင်းစပ်ပေးခြင်း

ကာကွယ်ဆေးများ

အမောသက်သာစေရန်

  • အောက်ဆီဂျင်ပေးခြင်း

ခွဲစိတ်ခြင်း

ဆေးဝါးကုသမှုများနဲ့ မသက်သာရင် ခွဲစိတ်မှုပြုလုပ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာ အဆုတ်လဲလှယ် အစားထိုးခြင်း ပြုလုပ်ပါတယ်။ အဆုတ်ကို အပိုင်းလိုက်ဖယ်ထုတ်ခြင်း၊ အဆုတ်ပမာဏလျှော့ချရန် ခွဲစိတ်ခြင်း၊ အဆုတ်အစားထိုးခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။

ရေရှည်မှာ ဘယ်လိုနည်းလမ်းတွေနဲ့  သက်သာအောင် နေရမလဲ

COPDမှာ နာတာရှည်ရောဂါဖြစ်တဲ့အတွက် ရေရှည်မှာ ရောဂါပိုမဆိုးလာအောင် ဂရုစိုက်နေထိုင်ဖို့ လိုပါတယ်။

  • ဆေးလိပ်အပါအဝင် အဆုတ်ကို အန္တရာယ်ဖြစ်စေမည့် အရာများကို ရှောင်ကြဉ်ခြင်း

လက်ရှိမှာ ဆေးလိပ်သောက်နေရင် ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ COPDရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ အောက်ဆီဂျင်အိုးနဲ့ ရှူနေရတဲ့သူဆို မဖြစ်မနေ ဖြတ်ရပါမယ်။ မီးလောင်လွယ်စေလို့ပါ။

ဒါ့ပြင် တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကိုရှူမိခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဓာတုငွေ့များ၊ အမှုန့များ စတာတွေကို ရှူရှိုက်ခြင်း ရှောင်ကြဉ်ရပါမယ်။ အိမ်မှာရှိရင်လည်း ရှင်းလင်းထားသင့်ပါတယ်။

  • ဆေးကုသမှုအမြဲခံယူခြင်း

ဆရာဝန်ညွှန်တဲ့ ဆေးတွေ၊ ဆောင်ရန် ရှောင်ရန်အချက်တွေကို လိုက်နာရပါမယ်။ ရက်ချိန်းမှန်မှန်ပြရပါမယ်။

  • ရောဂါကာကွယ်ခြင်း

COPDလူနာတွေဟာ အဆုတ်ထိခိုက်ထားတဲ့အတွက် သူများထက် ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့

-ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ လုံလောက်စွာပါတဲ့ စားသောက်မှုပုံစံကို စားသုံးရပါမယ်။

-တက်ကြွစွာနေထိုင်ပြီး လေ့ကျင့်ခန်း ပုံမှန် လုပ်သင့်ပါတယ်။

-ကိုယ်လက်လှုပ်ရှားမှုတွေဟာ အသက်ရှူတဲ့ ကြွက်သားတွေကို အားကောင်းစေပါတယ်။

-ချက်ပြုတ်၊ သန့်ရှင်းရေး စတဲ့အိမ်မှုကိစ္စနေတွေကို သက်သောင့်သက်သာ လုပ်ကိုင်ပါ။ ပစ္စည်းတွေ ရွှေ့စရာရှိရင် အကူအညီရှာပါ။

-သက်သာချောင်ချိပြီး ဝတ်ဆင်ရလွယ်ကူတဲ့ အဝတ်အစား ဖိနပ်တွေ ဝတ်ဆင်ပါ။

-ရောဂါပြင်းထန်မှု အခြေအနေတွေပေါ် မူတည်ပြီး မိမိအလုပ်တွေကို ကူညီနိုင်ဖို့ မိသားစုများ၊ မိတ်ဆွေများဆီမှာ အကူအညီတောင်းပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement