backup og meta

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ


Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ

    အသက်ရှုရခက်ခဲနေသူများသည် နေ့စဉ်အလုပ်ကို လုပ်ဖို့ မဆိုထားနှင့်၊ အစားအသောက်စားလျှင်ပင် ပင်ပန်းနေပါလိမ့်မည်။ ထို့ကြောင့် အဆုတ်ပွခြင်းနှင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအပါအဝင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကိုခံစားနေရသူများအတွက် ကျန်းမာစေမည့် အစားအသောက်များကို စားရန် အရေးကြီးပါသည်။ ထို့ပြင် အကျိုးရှိအောင်စားသောက်ရမည့် နည်းလမ်းများကိုလည်း လိုက်နာသင့်ပါသည်။

    စိတ်အပန်းဖြေပါ။

    အစားအစာများ စားချိန်တွင် သင့်ကို စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ စားပါ။ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိမိတစ်ယောက်တည်းဖြစ်စေ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နေရာကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်ကောင်းတွင် အတွေ့အကြုံကောင်းများကို ရယူပြီး သင်နှစ်သက်သော အစားအစာများကို စားသင်ပါသည်။

    ရိုးရှင်းစွာ ပြုလုပ်ပါ။

    ပြင်ဆင်ရလွယ်သော အစားအစာများကို ရွေးချယ်ခြင်းက အစားအစာများပြင်ဆင်ရခြင်းဝန်ကို ပေါ့စေပါသည်။ ရိုးရှင်းသော အစားအစာဖြစ်လေလေ သင့်အတွက် ကောင်းလေလေဖြစ်ပါသည်။ အလုပ်မရှုပ်စေဘဲ ဟင်းအမျိုးမျိုးဖြင့်စားနိုင်သော အစားအစာများကို ရွေးချယ်ပါ။ အစားအစာများ ပိုလျှံနေပါက နောက်တကြိမ်တွင် ပြင်ဆင်ချိန် လျော့သွားစေရန် သိမ်းထားလိုက်ပါ။

    ဆေးသောက်ပါ။

    အကယ်သင်သည် အသက်ရှုလမ်းကြောင်းအတွက် ဆေးများသောက်နေရပါက အစားမစားမီတွင် ဆေးသောက်ပါ။ အောက်ဆီဂျင်ရှုနေရပါက အစာစားနေချိန်တွင် ရှုနိုင်ပါသည်။ အစားစားနေချိန်တွင် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ပိုလိုအပ်သောကြောင့် ဖြစ်ပါသည်။

    နည်းနည်းချင်းစီ စားပါ။

    အဆုတ်ပွသောရောဂါရှိသူများသည် တနေ့လျှင် အကြိမ်ရေများစွာ နည်းနည်းစီစားပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထိုလူနာများတွင် ရင်ခေါင်းအမြှေးက အစာအိမ်ပေါ်သို့ ဖိအားသက်ရောက်နေခြင်းရှိသည့်အတွက် အစာအိမ်တွင် အစာပြည့်တင်းသွားလျှင် ဖိအားများ ပြန်လည်ဖြစ်ပေါ်လာပြီး လူနာအား အသက်ရှုကျပ်စေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တနေ့တာအတွက် လိုအပ်သော အာဟာရများကို တနေ့လျှင် ၆ ကြိမ်ခန့်ခွဲပြီး နည်းနည်းချင်းစီ စားပေးသင့်ပါသည်။

    အများဆုံးစားသော အစားအစာများကို စောစောစားပါ။

    များများစားချင်လျှင် စောစောစားပါ။ ထိုသို့စားလိုက်ခြင်းက တနေ့တာအတွက် လိုအပ်သော စွမ်းအင်များကို ဖြည့်ပေးပြီး တနေ့တာကုန်ဆုံးသွားချိန်တွင် သင်သည်အစာများများစားရန် မလိုအပ်တော့ပါ။

    အစားစားနေစဉ် ရေမသောက်ပါနှင့်။

    အစားစားပြီးသည်အထိ ရေကို မသောက်ပါနှင့်။ ရေမဟုတ်ဘဲ အချိုရည်များကို အစားစားနေချိန်တွင် သောက်ခြင်းက သင့်ကို ပိုပြီး ပြည့်အင့်စေပါသည်။ အစားစားချိန် တစ်ခုနှင့်တစ်ခုကြားတွင် အာဟာရဖြည့် အရည်များသောက်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။

    လေပွစေမည့် အစာများကို ရှောင်ကျဉ်ပါ။

    ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ပဲအမျိုးမျိုး၊ အကြော်များ၊ ဆီများသော အစားအစာများသည် လေပွစေပါသည်။ အစာအိမ်လေပွလျှင် ဖိအားများ အဆုတ်ပေါ်သို့ ဖိအားများဖြစ်ပေါ်လာပြီး လူနာအား အသက်ရှုကျပ်စေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုအစားအစာများနှင့် အခြား လေပွစေသော အစားအစာများကို လျှော့စားပါ။

    အမျိုးအမည်စုံအောင် စားပါ။

    ဗီတာမင်နှင့် အာဟာရဓါတ်များ ရရှိရန်အတွက် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ပစ္စည်းများ၊ အစေ့အဆန်များ၊ အသားများကို စားပေးရပါမည်။ ထို့ပြင် ဓါတ်တိုးဆန့်ကျင်ဓါတ်များသော ဘယ်ရီသီးများ နှင့် အစေ့များသည်လည်း ကောင်းမွန်ပါသည်။ သုတေသန ပြုချက်များအရ ထိုအစားအစာများသည် အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း တွေ့ရပါသည်။

    အချုပ်ဆိုရသော် သင်သည် နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါကို ခံစားနေရလျှင် မှန်ကန်စွာ စားသောက်ခြင်းက သင့်ကို စွမ်းအင်ပြည့်ဝစေပါမည်။ အကယ်၍ သင်သည် ကိုယ်အလေးချိန်ကျဆင်းနေပါလျှင် သင့်အတွက် အားရှိစေမည့် အစားအစာများကို စားရန်လိုအပ်ပါသည်။ အာဟာရရှိသော အစားအစာများကို မှန်ကန်စွာ စားသောက်ခြင်းက သင့်ကိုလျှင်မြန်စွာ ကျန်းမာလာစေမည်ဖြစ်ပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement