ကလေးမွေးဖွားခြင်း

ကိုးလလွယ် ဆယ်လဖွားရမယ့် ဘေဘီလေးကို မွေးဖွားရတော့မယ် အချိန် နီးကပ်နေပြီလား။ ဒါဆိုရင် ဘေဘီလေးကို လွယ်လွယ်ကူကူနဲ့ ဘေးကင်းချောမွေ့စွာ မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများ လုပ်ဆောင်ရမလဲလို့ သိချင်နေပြီလား။ ဒီကဏ္ဍလေးမှာ ဖတ်ရှု့နိုင်ပါတယ်။ ဘေဘီလေးက မေမေ့မျက်နှာကို ​ကြည့်ဖို့ မကြာခင် လူ့လောကကြီးထဲကို ရောက်လာတော့မှာပါ။

အားဖြည့်ကူညီပေးသူ:

ကျန်းမာရေးဗဟုသုတ

ကလေးမွေးဖွားခြင်း

မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ

မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင်  ဘာဖြစ်တတ်သလဲ။ မိုးရေက အဆိပ်သင့်စေလား။ မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။ ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။ မီးနေသည်များနဲ့ ရေပြဿနာ လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။ အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။ မီးနေသည်တွေ မိုးရေကိုင် ရင် […]

ကလေးမွေးဖွားခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးမွေးဖွားခြင်း ကို ရှာဖွေမည်။

မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

မိခင်တွေရဲ့ ဘဝဟာ ကိုယ်ဝန်စရှိတဲ့အချိန်ကစပြီး မွေးတဲ့အထိ  အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေရတာပါ။ ၉လလုံးလုံး ကလေးလေးကို မထိခိုက်အောင်ကိုယ်ဝန်လွယ်ထားရုံနဲ့ မပြီးသေးပါဘူး။ နောက်ဆုံး မွေးခန်းထဲရောက်တဲ့အထိ ဗိုက်ထဲကနေ ကလေးလေး ကျန်းကျန်းမာမာနဲ့ ထွက်သွားနိင်ဖို့လည်း လိုပါတယ်။ ဒါက နောက်ဆုံးပန်းတိုင်ပါ။ ဒါပေမယ့် ကလေးမီးဖွားချိန် နာရီပိုင်းလောက်မှာလည်း မေမေတို့ အခက်အခဲတွေ၊ မျှော်လင့်မထားတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါတွေက ဘာတွေလဲ။ မေမေတို့ ဘယ်လိုတွေ ဖြေရှင်းကြမလဲ။ ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ မမွေးနိုင်တော့တာ အမေက ပန်းနေပြီ၊ မညှစ်နိုင်တော့ဘူးလို့ ပြောတာ ကြားဖူးမှာပါ။ ကလေးမီးဖွားချိန် မှာ မွေးချိန်က ထင်ထားတာထက် ကြာတဲ့အခါ အမေမညှစ်နိုင်တော့ဘူးလို့ ထင်ကြပါတယ်။ မညှစ်နိုင်တာထက် တခြားအကြောင်းအရင်းတွေ ရှိနေလို့ ကလေးက အပြင်ကို ထွက်မလာသေးတာပါ။ American Pregnancy Association ရဲ့ […]


ကလေးမွေးဖွားခြင်း

မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

မေမေတစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး။ ကျော်ဖြတ်ရတဲ့ အခက်အခဲ များစွာနဲ့ပါ။ ကိုယ်ဝန် စရှိပြီလို့ သိချိန်ကစပြီး ကိုယ်တိုင်ရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်ရတဲ့ အရာတွေက အများကြိးပါ။ အနေအထိုင် အစားအသောက်ကစလို့ပေါ့။ ကိုယ်ဝန်ရှိပြီလို့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဘေဘီလေး ရှိနေပြီလားဆိုတာကို စစ်ဆေးရပါတယ်။ ဆီးစစ်တံ သုံးပြီး စစ်တာရှိသလို ဆေးခန်းကို သွားပြီး ဆီးစစ်တာမျိုး လုပ်ရတာလည်း ရှိပါတယ်။ ကဲ ကိုယ်ဝန်ရှိပြီ သေချာပြီဆိုတော့ မေမေတွေ ထပ်သိချင်တာတစ်ခုက ဘေဘီလေးကို ဘယ်တော့ မွေးမလဲဆိုတာပေါ့။ ဒီတော့ ဘာလုပ်ကြသလဲဆိုရင် ဆရာဝန်ကို ပြသပြီး ( ဗိုက်အပ်ရင်း) မွေးဖွားမယ့်ရက် (Due Date) ကို တွက်တာလေ။ ဒါက တကယ်လည်း သိသင့်တဲ့အရာပါ။ မေမေအနေနဲ့ ဘေဘီလေးကို ဘယ်နေ့ ဘယ်လမှာ […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးကိုဗိုက်ခွဲမွေး ဖို့ချည်း စဉ်းစားနေမယ်ဆို ဒါတွေသိထားသင့်တယ်နော်

မိန်းကလေးတွေအနေနဲ့ ဗိုက်ခွဲကလေးမွေးတာကို ထပ်ခါထပ်ခါရွေးချယ်ဖို့ သင့်တော်ရဲ့လား။ ၂ ကြိမ်၊ ၃ ကြိမ်လောက် ကလေးကိုဗိုက်ခွဲမွေး ပြီးရင် ဘာတွေဖြစ်လာနိုင်လဲ။ ဘာတွေဂရုစိုက်ဖို့လိုအပ်သလဲ စတဲ့သိသင့်တဲ့အချက်လေးတွေကို ဖြေကြားပေးသွားပါ့မယ်။ ကလေးမွေးမယ်ဆို မိန်းမကိုယ်ကနေ ရိုးရိုးမွေးဖွားခြင်း (Normal Labour) နဲ့ ဗိုက်ခွဲကလေးမွေးဖွားခြင်း (C-section) ဆိုပြီး ရွေးချယ်စရာနည်းလမ်း (၂) မျိုးပဲရှိပါတယ်။ တစ်ခုချင်းစီမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကြိမ်ဗိုက်ခွဲမွေးခဲ့ဖူးပြီး နောက်ကိုယ်ဝန်တွေမှာလည်း ဗိုက်ခွဲမွေးဖို့စဉ်းစားထားတဲ့ မိခင်လောင်းတွေ အမေးများတဲ့မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။ ခဏခဏ ကလေးကိုဗိုက်ခွဲမွေး တာသင့်တော်ရဲ့လား အခုချိန်ထိ မိန်းကလေးတစ်ယောက်ဟာ အကြိမ်ရေ ဘယ်လောက်ပဲ ဗိုက်ခွဲမွေးသင့်တယ်ဆိုပြီး အကြံပြုထားတာမျိုးမရှိသေး ပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲမွေးတဲ့အကြိမ်ရေများလာလေ မိခင်နဲ့ ကလေးအတွက် ပိုပြီး အန္တရာယ်များလာလေ ဆိုတာတော့ သေချာပါတယ်။ ဥပမာ (၂) ကြိမ်ဗိုက်ခွဲမွေးဖူးတဲ့သူထက် (၄) […]


ကလေးမွေးဖွားခြင်းအကြောင်း

ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

ကလေးမွေး တဲ့ မေမေတိုင်းက လရင့်လာလေလေ မွေးရမှာ ကြောက်လေပါပဲ။ လူကြီးတွေက ဗိုက်ကြီးသည်တွေက တစ်နေ့ ၃ခါ သင်္ချိုင်းမျက်စောင်းထိုးရတယ်လို့ ပြောကြတာကိုး။ မွေးနေရင်းနဲ့ သွေးတွေများကြီး ထွက်နေမလား။ ကလေးများ ထွက်မလာဘဲ အထဲမှာ အကြာကြီး တစ်နေမလား။ မွေးရင်းတန်းလန်း သတိများ လစ်သွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီကြားထဲမှာ ထူးထူးဆန်းဆန်း ဆရာမရယ် ကလေးတော့ မွေးချင်ပါတယ်။ ဗိုက်တော့မနာချင်ပါဘူးဆိုတဲ့ မေမေတွေလည်း တွေ့ဖူးသား။ ဒါလည်း ဟုတ်တာပဲ။ ကလေးမွေးတဲ့အချိန် ဗိုက်နာတာက ဘာနဲ့မှ ပြောပြလို့မရဘူးတဲ့။ ခန္ဓာကိုယ်က အရိုးတွေ ချိုးခံရသလို နာတာပါတဲ့။ ဒီတော့ မေမေလောင်းလျာလေးတွေလည်း ကြောက်တော့မှာပေါ့။ ခု ကလေးမွေးတဲ့အချိန်မှာ အနာသက်သာအောင် ဘာတွေ လုပ်လို့ ရလဲဆိုတာ ပြောပြပေးမယ်နော်။ ကလေးမွေး ချိန် အနာသက်သာစေမယ့် နည်းလမ်းများ ကလေးမွေးတဲ့အချိန်မှာ ဗိုက်နာသက်သာချင်တယ်ဆိုရင် […]


ကလေးမွေးဖွားခြင်းအကြောင်း

ရေထဲမှာ ကလေးမွေး ခြင်း (Water birth)

ခုခေတ်က တိုးတက်နေပြီဆိုတော့ ကလေးမွေး တာတောင် ရိုးရိုးမွေး၊ ခွဲမွေးတာ အပြင် ရေထဲမှာ ကလေးမွေး တာတဲ့။ ယူကျူ့တို့ ဖေ့စ်ဘွတ်တို့မှာ တွေ့ရင် တွေ့ဖူးကြမှာပါ။ လေထိုးကန်ထဲမှာ ရေဖြည့်ထားပြီး ကလေးမွေးဖို့ ပြင်တာမျိုးပေါ့။ မြန်မာနိုင်ငံမှာ သိသလောက် ပြောရရင် water birth မရသေးပါဘူး။ ဒါပေမယ့် ခုက အဆင့်မြင့်လာပြီဆိုတော့ နိုင်ငံခြားသွားပြီး ကလေးမွေးမယ့် မေမေတွေအတွက် ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။ ရေထဲမှာ ကလေးမွေး တယ်ဆိုတာ လေထိုးကန်လိုမျိုး ကန်ထဲကို ရေနွေးနွေးလေးထည့်ပြီး မွေးတာပါ။ မွေးတယ်ဆိုပေမယ့် ကလေးထွက်တဲ့အထိ ကန်ထဲမှာ နေတာ ရှားပါတယ်။ သားအိမ်ဝကောင်းကောင်းပွင့်ပြီဆိုတာနဲ့ အရင်ပုံစံအတိုင်း ပြန်မွေးကြတာပါ။ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ်ပေါ့။ ဘာဖြစ်လို့ ရေထဲမှာ ကလေးမွေး ကြတာလဲ။ ရေထဲမှာ မွေးတာက အနာသက်သာတယ်။ ထုံဆေး၊ မေ့ဆေးပေးရ သက်သာတယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ကလေးမွေးပြီးရင် သားအိမ်ကျွံ တတ်သလား

ကလေးမွေးပြီးနောက် ဖြစ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ သားအိမ်ကျွံ တာလည်း အပါအဝင်ပါ။ သားအိမ်ကျွံတာက အဖြစ်နည်းပါတယ်။ ကိုယ်ဝန်ဆောင် ၂၀၀၀မှာ ၁ယောက်ပဲ ဖြစ်တာပါ။ အဖြစ်နည်းပေမယ့် ဖြစ်လာခဲ့ရင်လည်း သွေးလွန်တာ၊ သွေးလန့်တာတွေကြောင့် အသက်အန္တရာယ်နီးပါတယ်။ စောစောသိ၊ စောစောကုနိုင်မှ အသက်ရှင်နိုင်မှာပါ။ သားအိမ်ကျွံ တယ်ဆိုတာဘာလဲ။ ပုံမှန်ဆိုရင် ကလေးမွေးပြီး နာရီဝက်လောက် ကြာရင် အချင်းက ကွာကျ လာပါတယ်။ သားအိမ်ကျွံ တယ်ဆိုတာက အချင်းလည်းမကျဘဲ သားအိမ်က အပြင်ကို ကျွံကျလာတာပါ။ များသောအားဖြင့်တော့ မေ့ဆေးပေးပြီး သားအိမ်ကို အထဲပြန်ထည့် အချင်းပြန်ခွာလိုက်ရင် ရပါတယ်။ လိုအပ်ရင်တော့ ခွဲစိတ်တာတွေ လုပ်ရမှာပါ။ သားအိမ်ကျွံတာရဲ့ အဓိက သေစေတဲ့အကြောင်းရင်းကတော့ သွေးလွန်တာနဲ့ သွေးလန့်တာပါ။ သားအိမ်ကျွံ တာဘယ်နှစ်မျိုးရှိလဲ။ သားအိမ်ကျွံတာ၄ဆင့်ရှိပါတယ်။ အဆင့်မြင့်လေလေ ပိုဆိုးလေပါ။ Incomplete inversion - သားအိမ်ရဲ့ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မွေးဖွားပြီးသွေးသွန် ခြင်း

မိခင်သေဆုံးနှုန်းများရတဲ့ အကြောင်းရင်းတွေထဲမှာ မွေးဖွားပြီးသွေးသွန် တာက ထိပ်ဆုံးကပါပါတယ်။ ခုထက်ထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားပြီးသွေးသွန် တာကြောင့် အမေတွေ ဒုက္ခရောက်နေရတုန်းပါ။ ဒါကြောင့် အမေတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရသလို မွေးပြီးပြီးချင်း မီးတွင်းထဲမှာလည်း ဂရုစိုက်ရပါမယ်။ ဒါဆိုရင် ကလေးမွေးပြီးပြီးချင်း ဘာအကြောင်းတွေက သွေးသွန်စေတာလဲ။ ဘယ်လိုကုသမှုတွေပေးနေလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာကို  ရေးသားသွားပါ့မယ်။ မွေးဖွားပြီးသွေးသွန် တယ်လို့ဘယ်အခါ သတ်မှတ်လို့ရလဲ။ မွေးပြီး၂၄နာရီအတွင်းသွေးသွန်တာကို Primary PPHလို့ခေါ်ပြီး ၂၄နာရီနောက်ပိုင်းကနေ မီးတွင်း၁၂ပတ်အတွင်း သွေးသွန်တာကို Secondary PPHလို့ခေါ်ပါတယ်။ သွေးဆင်းရမယ့်ပမာဏကတော့ ရိုးရိုးမွေးရင် ၅၀၀ml၊ ခွဲမွေးရင် ၁၀၀၀ml ဆင်းရပါမယ်။ ဘာကြောင့်သွေးဆင်းရတာလဲ။ ဒါကို အတိုကောက်မှတ်ရင်တော့ T ၄လုံးနဲ့ မှတ်လို့ရပါတယ်။ Tone, Trauma, Tissue, Thrombinဆိုပြီးတော့ပါ။ အသေးစိတ်ကို ဆက်ရှင်းပြပါ့မယ်။ (၁) Tone (သားအိမ်ကျုံ့အား) သားအိမ်မကျုံ့နိုင်တာက မွေးဖွားပြီးသွေးသွန် တာရဲ့ ထိပ်ဆုံးအကြောင်းရင်းထဲမှာပါပါတယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။

မီးဖွားတယ်ဆိုတာ မိန်းမသားတွေအတွက်ကတော့ တကယ့်ကို အကြီးစားစိန်ခေါ်မှုကြီးတစ်ခုပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်ပြောင်းလဲမှုတွေကြုံရမယ် မီးဖွားချိန်ဆိုရင်လည်း ဗိုက်နာကတစ်မျိုး ဒီကြားထဲ မီးဖွားပြီးရင်ရှောင်ရဆောင်ရမယ့် ပြဿနာ ခံစားရမယ့် ဝေဒနာတွေက ရှိသေးတယ်မလား။ ဒီတော့ မီးဖွားပြီးတဲ့ အမျိုးသမီးတိုင်း ဘာတွေ ဆက်ကြုံတွေ့ရနိုင်သလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ကဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဒါတွေသိထားမှ ကိုယ်လည်းကျန်းမာ ကလေးကိုလည်းသေချာ ဂရုစိုက်နိုင်မှာလေ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ။ ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံရမယ့် အခက်အခဲများ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ။ ရိုးရိုးမီးဖွားပြီးတိုင်း ကြုံကိုကြုံတွေ့ရနိုင်တာတွေကတော့ Postpartum hemorrhage မီးဖွားပြီးနောက်ပိုင်း သွေးသွန်တတ်တာကတော့ ကြုံကိုကြုံရမယ့် ကိစ္စ တစ်ခု။ မီးဖွားပြီးပြီးချင်း ၁၀ ရက်လောက်မှာတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာများနေတတ်ပြီး နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်း နည်းသွားပါလိမ့်မယ်။ ဒါပေမယ့် ၆ ပတ် […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားချိန် ကြုံရတတ်တဲ့ ကလေးရေမြွှာညစ်ရေ မွန်းခြင်း( meconium aspiration syndrome)

meconium aspiration syndrome ဆိုတာ မီးဖွားချိန် ကလေးက ရေမြွှာညစ် မွန်းသွားပြီး ထွက်လာတဲ့ကလေး အသက်ရှူလို့မရတဲ့ ပြဿနာကို ပြောတာဖြစ်ပါတယ်။ ရေမြွာညစ်ရေလို့ ပြောရခြင်း အကြောင်းအရင်းမှာ ရေမြွှာရေထဲ ကလေးရဲ့ မစင်တွေပါနေပြီး မီးဖွားချိန်ဒီရေကို ကလေးက ရှူမိကာ ရေမြွှာညစ်ရေတွေ အဆုတ်ထဲ ဝင်သွားရခြင်းဖြစ်ပါတယ်။ Meconium ဆိုတာ မီးဖွားပြီးပြီးချင်း နို့တောင်မတိုက်ရသေးတဲ့အချိန် ကလေးဆီက ထွက်လာတဲ့ မစင်ကိုပြောတာဖြစ်ပါတယ်။ မီးဖွားရခက်နေတာ မီးဖွားချိန် ကြာနေတဲ့ အခါမျိုးတွေမှာ မွေးလမ်းကြောင်းထဲ တစ်နေတာကြောင့် အောက်ဆီဂျင်နဲ့သွေးတွေ ကလေးဆီ မရောက်တော့အခါမျိုးတွေမှာ ဒီ Meconium တွေကလေးဆီက ထွက်လာပြီး ရေမြွှာရေနဲ့ရောသွားပါတော့တယ်။ ဒီလိုနဲ့ ဒီ ရေမြွှာညစ်ရေတွေကို ကလေးပြန်ရှူမိရာကနေ meconium aspiration syndrome လို့ခေါ်တဲ့ ရေမြွှာညစ်ရေ မွန်းတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ […]


မီးတွင်းကာလ နောက်ဆက်တွဲပြဿနာများ

မီးဖွားရခက်ပြီး မီးဖွားချိန်ကြာ တဲ့အခါ မိခင်နဲ့ကလေးမှာ ဘာတွေဖြစ်လာမလဲ။ ။

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန် ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲ ဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိုင်တော့တာတွေက မီးဖွားချိန်ကြာ တဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရော မိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ထင်ပါတယ်။ မီးဖွားချိန်ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ ။ ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန်ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။ ဗိုက်နာတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ် မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ

ကိုယ်ဝန်အတွက် စိုးရိမ်နေပါသလား။

ကိုယ်ဝန်အတွက် စိုးရိမ် မနေပါနဲ့။ ကိုယ်ဝန်ဆောင်မေမေတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့ ကိုယ်ဝန်ဆောင်မိခင်များ အဖွဲ့နဲ့ အခုပဲချိတ်ဆက်လိုက်ပါ။





ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း