စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။
ထွက်မှာ သေချာပြီလား။
စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။
ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ ဆို သေချာပေါက် လိင်မှုကိစ္စက ပါလာပါပြီ။ သာမန်အားဖြင့်တော့ တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း နေတယ် (၂ရက် ၃ရက်ခြားတစ်ခါလောက်)ဆိုရင် ၈၀ရာခိုင်နှုန်းက တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရပါတယ်။ ကျန်တာရဲ့ တစ်ဝက်က ဒုတိယနှစ်မှာ ကိုယ်ဝန်ရပါတယ်။
ဒါပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့
လူနေမှု ပုံစံ
ဒီအချက်တွေကိုတော့ အမျိုးသားရော၊ အမျိုးသမီးပါ လိုက်နာသင့်ပါတယ်။
အမျိုးသားက အဝလွန်နေတယ်ဆိုရင် သုက်ကောင်လေးတွေ ထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ BMI ၃၀အထက်ဆို အမျိုးသားတွေရဲ့ မျိုးပွားနှုန်းကို ထိခိုက်နိုင်ပါတယ်။
အမျိုးသမီးတွေကျတော့ အဝမလွန်မလွန်ဖို့ရော၊ ကိုယ်အလေးချိန် အလွန်အမင်း မကျစေဖို့ရော သတိထားရပါမယ်။ ပုံမှန်ကတော့ BMI ၂၀-၂၅ကြားမှာ ရှိနေရမှာပါ။ ၃၀အထက် ဒါမှမဟုတ် ၁၉အောက်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေ နည်းသွားပါပြီ။
သင့် BMIဘယ်လောက်လဲဆိုတာ တွက်ချက်ဖို့ ဒီနေရာကို နှိပ်ပါ။
ကိုယ်ဝန်မြန်မြန်ရနိုင် တဲ့ အစားအစာရယ်လို့ ခိုင်ခိုင်မာမာ မရှိပေမယ့် သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာကို စားပေးဖို့ လိုပါတယ်။ အသီးအရွက်၊ အသား၊ ငါး မျှတအောင် စားပါ။ ရေများများသောက်ပါ။ ဒါက လူကို ကျန်းမာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ လိုက်နာဖို့ လိုပါတယ်။
အမျိုးသားရော အမျိုးသမီးပါ တွဲပြီး လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။ စိတ်ခံစားမှု ကောင်းစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အလွန်အကျွံမလုပ်မိစေဖို့တော့ သတိထားပါ။ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေက ဆေးလိပ်ငွေ့တွေနဲ့ အဝေးဆုံးမှာ နေဖို့လိုပါတယ်။ ကိုယ်တိုင်လည်း မသောက်သင့်သလို သူများဆီက ထွက်လာတဲ့ အငွေ့ကိုပါ ရှောင်ရမှာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အနီးကပ်စောင့်ရှောက်ရမယ့် အမျိုးသားအနေနဲ့လည်း ဒီကာလမှာ ဆေးလိပ်ဖြတ်ထားဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးကတော့ လုံးဝအရက်မသောက်သင့်ပါဘူး။ မတော်တဆ ကိုယ်မသိဘဲ ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။ အမျိုးသားအနေလည်း မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့အတွက် အရက်အလွန်အကျွံ သောက်တာကို ရှောင်သင့်ပါတယ်။
တစ်နေ့ကို ၂၀၀ မီလီဂရမ်လောက် သောက်တာကတော့ ကိုယ်ဝန်မြန်မြန်ရနိုင် ခြေကို မထိခိုက်စေပါဘူး။ ၂၀၀ မီလီဂရမ်ဆိုတာ တစ်နေ့ကို ၁ခွက် ၂၃ခွက်ထက် မပိုပါဘူး။ ကော်ဖီအလွန်အကျွံ သောက်တတ်တဲ့အကျင့်ရှိရင် ကြိုးစားပြီး လျှော့ကြည့်ပါ။
ကိုယ်ဝန်မရသေးလို့ ကြိုးစားအားထုတ်တဲ့အချိန်က စုံတွဲအတိုင်း စိတ်ပင်ပန်းစရာ အကောင်းဆုံး အချိန်ပါ။ သားသမီးဆိုတာလည်း ရတနာမို့လို့ ထိုက်မှရတာပါ။ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းကိုသာ စောင့်မျှော်လိုက်ပါ။ စိတ်ဖိစီးတာက ကိုယ်ဝန်မြန်မြန်ရနိုင် ခြေကို ထိခိုက်စေပါတယ်။
အားဆေးသောက်ပါ။
ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးကတည်းက သင့်တော်တဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ထားပြီး ကျန်းမာရေး အကြံပေးချက်တွေကို တိတိကျကျ လိုက်နာပါ။ ကိုယ်ဝန်ဆောင် အားဆေးကြိုသောက်ထားပါ။ အထူးသဖြင့် ဖောလစ်အက်စစ်ကို ၄၀၀ မိုက်ခရိုဂရမ်လောက် ကြိုသောက်ထားပါ။ ကိုယ်ဝန်မြန်မြန်ရနိုင် တာမျိုး မဟုတ်ပေမယ့် ကလေးလေးကို မွေးရာပါ ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။
ရာသီစက်ဝန်း ရက်အရေအတွက်
(days) ရက်
ရာသီရက်စုစုပေါင်း
(days) ရက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။