HCG ဟော်မုန်းကို အချင်းကထုတ်ပေးတယ်ဆိုတော့ ကိုယ်ဝန်သက်ရင့်လာလေလေ ဟော်မုန်းပမာဏ များနေလေလေဖြစ်ရမှာကို ဘာကြောင့် ဆက်မတက်တော့ဘဲ ကျသွားတာမျိုးတွေဖြစ်ရတာလဲ။ ဒီအတွက် အဖြေရှိပါတယ်။ ကိုယ်ဝန်သက်ရင့်လာတဲ့အခါ အီစတိုဂျင်တွေ ပရိုဂျက်စတုန်း ဟော်မုန်းတွေကပဲ ထိန်းချုပ်တော့တာကြောင့် hCG ဟော်မုန်းရဲ့ အခန်းကဏ္ဍမှေးမှိန်သွားရတာဖြစ်ပါတယ်။
hCG တစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ကိုယ်ဝန် ဟုတ်လား မဟုတ်ဘူးလား ပြောလို့ရလား ။
HCG ဟော်မုန်းဟာ ၄၈နာရီတိုင်း ၂ ဆတက်တယ်ဆိုတဲ့ အကြောင်းကို အပေါ်မှာ ပြောထားခဲ့ပြီးပါပြီ။ သူ့ပမာဏကလည်း ၂၅၀၀၀ ကနေ ၁၀၀၀၀၀ လောက်ထိ ကွာခြားနေတာကြောင့် သူတစ်ခုတည်းကို ကြည့်ပြီး ကျန်းမာတဲ့ ကိုယ်ဝန် ဟုတ်မဟုတ်ပြောဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မှာ တစ်ခုခုဖြစ်နေတဲ့အခါ၊ သားအိမ်ပြင်ပမှာကိုယ်ဝန်တည်နေတဲ့ အခါမျိုးမှာ hCG တရှိန်ထိုး မဟုတ်ဘဲဖြည်းဖြည်းချင်းပဲ တက်နေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝန် အစောပိုင်းကာလမှာ သွေးဆင်းပေမယ့် hCG စစ်ကြည့်လို့ နှစ်ဆ နှုန်းနဲ့ တက်နေတယ်ဆိုရင် ဒီကိုယ်ဝန်ဟာ ကျန်းမာတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ။
အမြွှာကိုယ်ဝန်တွေမှာဆို hCG ပမာဏ အခြားကိုယ်ဝန်တွေထက် အများကြီးပိုတက်နေနိုင်ပါတယ်။ စပျစ်သီးကိုယ်ဝန်ဆိုရင်လည်း သာမန်ကိုယ်ဝန်ထက် အဆပေါင်းများစွာ တက်နေတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။