သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

    တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

    ကိုယ်ဝန်မရအောင် တားတဲ့ သန္ဓေတားနည်း တွေထဲမှာ သန္ဓေတား သောက်ဆေးက လူသုံး အများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေး သောက်ဆေးနဲ့ ပတ်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်း တစ်ခု ရှိပါတယ်။ ဒါက တားဆေးကို ရပ်ပြီးပြီးချင်း ကိုယ်ဝန် ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ။

    တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

    တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေက

    • ားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။
    • တားဆေး သောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့
    • ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။

    တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ။

    သောက်နေတဲ့ တားဆေးကဒ် အလယ်လောက် ရောက်တဲ့ အချိန်မှာ ဆက်မသောက်ပဲ ရပ်လိုက်ရင် ဒါမှမဟုတ် သောက်ဖို့ မေ့သွားရင် ကိုယ်ဝန် တန်းရနိုင်ခြေ ပိုများပါတယ်။ တားဆေးကဒ် ကုန်သွားတဲ့ အထိ သောက်ပြီးမှ တားဆေးကို ရပ်လိုက်ရင်တော့ နောက်ရာသီစက်ဝန်း ပြန်လာအောင် စောင့်ရဦးမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ရဖို့ အနည်းငယ်လောက် စောင့်ရတတ်ပါတယ်။

    တားဆေး သောက်တာ ဘယ်လောက်ကြာပြီလဲ။

    တားဆေးကို ခဏလေး သောက်ပြီး ရပ်လိုက်ရင် ကလေး တန်းရဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် တားဆေးကို တစ်နေ့တစ်လုံး မှန်မှန် ၁ နှစ်လောက် စွဲသောက်ပြီးမှ ကိုယ်ဝန်ယူဖို့အတွက် ဆေးရပ်လိုက်ရင် ဟော်မုန်းတွေ ရဲ့ အရှိန်တွေကျန်နေသေးတာကြောင့် ဆေးရပ်ရပ်ချင်း ကိုယ်ဝန်တန်းမရတတ်ပါဘူး။

    ဟော်မျိုး ဘယ်နှစ်မျိုးပါတဲ့ အားဆေးကို သောက်နေတာလဲ။

    တားဆေးမှာ ပေါင်းစပ်ဟော်မုန်း ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးတည်း ပါတဲ့ တားဆေး ဆိုပြီး အမျိုးအစား နှစ်ခုရှိပါတယ်။ ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့ ကိစ္စကလည်း ကိုယ်သောက်နေတာ ဘာတားဆေးလဲ ဆိုတဲ့အပေါ် အများကြီး မူတည်ပါတယ်။

    ပေါင်းစပ်ဟော်မုန်းပါဝင်တဲ့ တားဆေး

    ဒါက ( အီစတိုဂျင် + ပရိုဂျက်စတုန်း ) ဟော်မုန်း နှစ်ခု ပေါင်းစပ်ထားတဲ့ တားဆေး ဖြစ်ပါတယ်။ သူတို့ဟာ မမျိုးဥ အိမ်ကနေ မျိုးဥ ကြွေခြင်းကို တားဆီးပေးတဲ့အပြင် သားအိမ် အချွဲတွေကို ထူလိုက်စေခြင်းဖြင့် သုက်ကောင်လေးတွေ မမျိုးဥ ဆီ မရောက်အောင် တားဆီးပေးပါတယ်။

    ပေါင်းစပ်ဟော်မုန်း အများစုက ဟော်မုန်း ပါတာ ၃ တန်းထည့်ထားပြီး နောက်ဆုံး အတန်းလေးကတော့ ဟော်မုန်း မထည့်ထားတဲ့ ဆေးလုံး အတန်းလေးပါ။ ဒီလိုမျိုး ပေါင်းစပ် ဟော်မုန်းဆေးကဒ်ကို သောက်နေတဲ့သူတွေ ကျတော့ ဆေးကဒ် ကုန်သွားလို့ ရပ်လိုက်ပြီးနောက် ရာသီ တစ်ခါလောက်လာတာနဲ့ တစ်လအတွင်း ကိုယ်ဝန် တန်းရတတ်ပါတယ်။

    ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမှာကျ ဟော်မုန်း မပါတဲ့ဆေးလုံးတန်း မပါတဲ့အပြင် အီစတိုဂျင် ဟော်မုန်းလည်း မပါတဲ့အတွက် ဆေးရပ်ပြီးပြီးချင်း ကိုယ်ဝန် တန်းရဖို့က ပေါင်းစပ်ဟော်မုန်း တားဆေးတွေ ထက်စာရင် ပိုလွယ်ကူပါတယ်။

    ရေးသားသူ- Dr Thin [email protected]

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ မျိုးအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

    သားဥကြွေခြင်းကို တွက်ချက်ခြင်း

    ရာသီစက်ဝန်း ရက်အရေအတွက်

    (days) ရက်

    28

    ရာသီရက်စုစုပေါင်း

    (days) ရက်

    7

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Hello Sayarwon Panel မှ ရေးသားသည်။ 23/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: