အမွှာလေးမွေးစေရန် အထောက်အကူပြုမည့် အချက်များ

    အမွှာလေးမွေးစေရန် အထောက်အကူပြုမည့် အချက်များ

    ချွတ်စွပ်တူသည့်အမွှာများသည် ကိုယ်ဝန်ဆောင် သုံးယောက်တွင် တစ်ယောက်မွေးနိုင်ပါသည်။ မမျိုးဥတစ်ဥတည်းမှ သဘာဝအတိုင်းဖြစ်တည်လာပြီး တခြားသောအချက်များ ဘာကြောင့်မှမဟုတ်ပါ။ သို့သော် ရုပ်မတူသည့်အမွှာ သို့မဟုတ် သုံးမွှာ တို့သည် မတူညီသော မမျိုးဥများမှဖြစ်တည်လာပြီး ဖြစ်လာရသည့်အကြောင်းရင်းများလည်း ရှိပါသည်။

    ထို့ကြောင့် သင့်မိသားစုရာဇဝင်၊ သင့်အစားအသောက်၊ သင်မွေးထားသည့်ကလေးအရေအတွက်၊ မိခင်အသက်၊ သင်နေထိုင်ရာနှင့် မျိုးပွားကုထုံးများပေါ်မူတည်ပြီး နှစ်မွှာ သို့ ထိုထက်များအောင် ပြုလုပ်ရန် ဖြစ်နိုင်ပါသည်။

    မိသားစုရာဇဝင်

    မိသားစုရာဇဝင်ဆိုသည်မှာ မိခင်ဖက်ကို ဆိုလိုသည်။ ဖခင်ဖက်မပါပါ။ သင့်အမျိုးသားဖက်မှ အမွှာရှိရှိ မရှိရှိ သင့်နှင့်မဆိုင်ပါ။ အဓိကသော့ချက်က အမျိုးသမီး၌သာရှိ၏။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးကသာ သားဥထုတ်သူမဟုတ်ပါလား။ ထို့ကြောင့် သင့်မျိုးရိုးတွင် အမွှာကိုယ်ဝန်ဆောင်ဖူးသူများရှိထားပါက သင့်မှာလဲ ကိုယ်ဝန်ဆောင်နိုင်ချေ ရှိပါသည်။

    အစားအသောက်

    အမျိုးမျိုးသောအစားအသောက်များသည် ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေနိုင်ပါသည်။ ဟော်မုန်းပြောင်းခြင်းသည် အမွှာရနိုင်ချေ ရှိမရှိကို တိုးစေ လျော့စေနိုင်ပါသည်။ သဘောအားဖြင့် သင်သည် အဆီနည်းသည်ကိုစားသောက်တတ်သူ အထူးသဖြင့် သားသတ်လွတ်သမားဆိုပါက တခြားသော ပြည့်ဝနို့နှင့် အသားငါးစားသူတို့ထက် ပိုပြီးအမွှာကိုယ်ဝန်ရနိုင်ချေ နည်းပါးပါသည်။

    သင်မွေးထားသောကလေးအရေအတွက်

    ဒီအချက်ကတော့ ကံနှင့်ဆိုင်ပါသည်။ အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ကို လွယ်လွယ်ကူကူဆောင်နိုင်ခဲ့ပါက သူမသည် သားဥကောင်းကောင်းကြွေသူဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့အမျိုးသမီးတွင် တခြားသူများထက် အမွှာရနိုင်ချေပိုများကြောင်း နားလည်ထားမည်။

    မိခင်၏အသက်အရွယ်

    နှစ်မွှာ သုံးမွှာ သဘာဝအတိုင်းမွေးနိုင်မည့် မိခင်လောင်း၏ အသက်အရွယ်မှာ ၃၀ နှင့် ၄၀ ကြားဖြစ်ပါသည်။ ထိုအရွယ်၌ သားဥရော အမျိုးသမီးစနစ်တစ်ခုလုံးကပါ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် လစဉ် သားဥတစ်လုံးထက်ပိုပြီး ကြွေနိုင်ချေ ပိုမြင့်ပါသည်။

    နေထိုင်ရာဒေသ

    သင်လာသည့်နေရာသည်လည်း အမွှာမွေးခြင်းအတွက် အချက်အလက်တစ်ခုဖြစ်ပါသည်။ တစ်ချို့သော မှတ်တမ်းများအရ ဥရောပအနောက်ပိုင်းများတွင် ကိုယ်ဝန် ၆၀ လျှင် တစ်မွှာနှုန်း တွေ့ရတတ်ပြီး အရှေ့တောင်အာရှတွင်တော့ ပိုရှားပါးသည်ကို တွေ့ရပါသည်။ နိုင်ဂျီးရီးယားရှိ ကိုယ်ဝန် ၂၀ မှ ၃၀ တိုင်းတွင် အမွှာတစ်ဦးနှုန်းရှိနေသည်ကို အံ့သြစွာတွေ့ရှိရ၏။ သို့သော် တခြားနိုင်ငံများတွင်နေသော နိုင်ဂျီးရီးယားသူများတွင်တော့ အမွှာကိုယ်ဝန်ဆောင်နိုင်ချေ နည်းသောကြောင့် လူမျိုးနှင့်ဆိုင်သည် မဟုတ်ပါ။ နိုင်ဂျီးရီးယားရှိ အစားအသောက်နှင့် ရာသီဥတုက အမွှာမွေးစေဖို့ မှော်ဆန်နေခြင်း ဖြစ်နိုင်ပါသည်။

    မျိုးပွားကုထုံးများ

    ကလေးတစ်ယောက်ထက်ပိုရရန် လုပ်ဆောင်ရာတွင် ဖြစ်နိုင်သည့်အရာတစ်ခုမှာ IVF လို မျိုးပွားကုထုံး အသုံးပြုတာမျိုးအတွက် အကူအညီယူခြင်း ဖြစ်ပါသည်။ ထိုဆေးများသည် သားဥကြွေပြီး ဥများထွက်လာစေရန် သင့်ခန္ဓါကိုယ်ကို တွန်းပေးနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာနဲ့ဆိုင်သော အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မလုပ်ဆောင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 25/05/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။