backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။

ဖြည့်စွက်အာဆေး တိုင်း ကောင်းတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေ သောက်ပေးဖို့လိုတဲ့ ဖြည့်စွက်အားဆေးတွေ ရှိတယ်ဆိုပေမယ့် တချို့ မသောက်သင့်တဲ့ အားဆေးတွေလည်းရှိပါတယ်။ တော်ကြာ အားဆေးသောက်တိုင်း ကောင်းတယ်ဆိုပြီး ကိုယ်ဝန်ဆောင်ချိန်မှာ များမနေသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ သောက်မိရင် ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိဆိုသလိုမျိုး ကိုယ်ဝန်အတွက် အကျိုးမပေးတဲ့အပြင် ဆိုးကျိုးဖြစ်စေသလိုမျိုးတောင်ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒါ့ကြောင့် ဘယ်လို ဖြည့်စွက်အားဆေး တွေကို ကိုယ်ဝန်ဆောင်ကာလမှာ ရှောင်ဖို့လိုအပ်လဲ။

ကိုယ်ဝန်ဆောင်ကာလမှာ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေ 

( ၁ ) ဗီတာမင် A

ရင်သွေးလေးရဲ့ အမြင်အာရုံနဲ့ ခုခံအားစနစ် ဖွံ့ဖြိုးဖို့အတွက် ဗီတာမင် A လိုအပ်တယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ မိခင်ရော ကလေးကိုပါ ထိခိုက်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် Aဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်ခုဖြစ်တာကြောင့် သွေးတွင်းမှာ ပိုလျှံနေရင် အသည်းက သိမ်းထားပေးတတ်ပြီး အများကြီးစုလာတဲ့အခါ အသည်းကိုထိခိုက်တာ၊ အဆိပ်သင့်တာနဲ့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေရှိစေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဗီတာမင် A နဲ့တင်လုံလောက်တာကြောင့် ဗီတာမင်A သီးသန့် အားဆေး ထပ်သောက်စရာ မလိုပါဘူး။

( ၂ ) ဗီတာမင် E

မျိုးရိုးဗီဇနဲ့ ခုခံအားစနစ်အတွက် လိုအပ်တဲ့ ဗီတာမင် E ဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဖြစ်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တွေ မသောက်မိဖို့တော့လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗီတာမင် E ဟာ ရေမြွာရည်ကို စောပေါက်စေပြီး ဗိုက်နာစေလို့ လမစေ့ဘဲ ကလေးမွေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။

( ၃ ) Black Cohosh

Buttercup မျိုးနွယ်တစ်ခုဖြစ်တဲ့ ဒီ black cohosh အပင်လေးဟာ ဓမ္မတာ ပေါ်ချိန်ခံစားရတဲ့ဝေဒနာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ကိုယ်ခန္ဓာပူရှိန်းရှိန်းဖြစ်တာတွေကို သက်သာစေတဲ့ အပင်တစ်ခုပါ။ ဒါပေမယ့် နေ့မစေ့ဘဲ မီးဖွားခြင်းဖြစ်စေတဲ့အတွက်ကြောင့် ကိုယ်ဝန်သည်တွေ မသုံးသင့်တဲ့ အပင်တစ်ခုပါ။

( ၄ ) Goldenseal

သာမန် အချိန်မှာဆို ဝမ်းလျှောခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ berberine က ကလေးတွေရဲ့ အသားဝါခြင်း ပြဿနာကို ဆိုးဝါးစေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေတာကြောင့် ကိုယ်ဝန်သည်တွေ Goldensea ပါတဲ့ဖြည့်စွက်စာတွေ စားဖို့မသင့်တော်ပါ။

( ၅ ) Dong quai

Dong quai ဆိုတာ တရုတ်ရိုးရာ တိုင်းရင်းဆေး အမြစ်တစ်မျိုးဖြစ်ပြီး ဓမ္မတာကြောင့် ကိုက်ခဲတာကစလို့ သွေးတိုး ရောဂါတွေကိုပါ သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ ဒါ့ပေမယ့် Dong quai က သားအိမ်ကျုံ့နိုင်အားကို အားပေးတဲ့အတွက်ကြောင့် ကလေးပျက်ကျစေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်တွေ မသောက်သင့်တဲ့ ဖြည့်စွက်အားဆေး တွေက ဘာတွေလဲ။

( ၆ ) Yohimbe

အာဖရိကန် အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ပင်စည်ကနေ ထုတ်ထားတဲ့ Yohimbe တိုင်းရင်းဆေးဟာ ပန်းသေခြင်းနဲ့ အဝလွန်ခြင်းကို ကုသတဲ့ဆေးတစ်မျိုးပါ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတိုး၊ နှလုံးရောဂါနဲ့ အတက်ရောဂါတို့ကို ဖြစ်စေတာကြောင့် ကိုယ်ဝန်သည်တို့ ထိပ်ဆုံးက ရှောင်သင့်တဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။

( ၇ ) ကိုယ်ဝန်ဆောင်တွေ လုံးဝမသုံးသင့်တဲ့ တိုင်းရင်းဆေးတွေကတော့

  • Saw palmetto – ဆေးထန်းပင်
  • Tansy
  • Red clover
  • Angelica
  • Yarrow
  • Wormwood
  • Blue Cohosh
  • Pennyroyal
  • Ephedra
  • Mugwort တို့ပဲ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ဆိုရရင် ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုတာ ဆေးတွေကို တွေ့ကရာလျှောက်သောက်ဖို့ မသင့်တဲ့ ကာလတစ်ခုပါ။ ဖြည့်စွက်အားဆေးဆိုရင်တောင် မလိုဘဲ မသောက်သင့်ပါဘူး။ ဒါ့ကြောင့် ဘယ်လိုဆေးပဲ သောက်ချင်သောက်ချင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement